အချို့တို့သည် စစ်ရထားများအတွက်၊ အချို့တို့သည် မြင်းများအတွက် ဂုဏ်ယူဝင့်ကြွားကြ၏။ ငါတို့မူကား ငါတို့၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အတွက် ဂုဏ်ယူဝင့်ကြွားကြ၏။
ဆာလံ 44:6 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား အကျွန်ုပ်သည် အကျွန်ုပ်၏လေးကိုမကိုးစားပါ။ အကျွန်ုပ်၏ဓားသည်လည်း အကျွန်ုပ်ကိုမကယ်တင်နိုင်ပါ။ Common Language Bible ကျွန်တော်မျိုးသည်မိမိ၏လေးကိုအားမကိုးပါ။ ကျွန်တော်မျိုး၏ဋ္ဌားသည်လည်းကျွန်တော်မျိုးကို မကယ်နိုင်ပါ။ Garrad Bible ကိုယ့် လေး ကို အား ကိုး မည် မ ဟုတ်။ ကိုယ် ဓား ဖြင့် အောင် မြင် ခွင့် မ ရ ပါ။ Judson Bible ကိုယ်၌ပါသောလေးကို အကျွန်ုပ်သည် မကိုးစား။ ကိုယ်ဓားသည် အကျွန်ုပ်ကို မကယ်ရပါ။ |
အချို့တို့သည် စစ်ရထားများအတွက်၊ အချို့တို့သည် မြင်းများအတွက် ဂုဏ်ယူဝင့်ကြွားကြ၏။ ငါတို့မူကား ငါတို့၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အတွက် ဂုဏ်ယူဝင့်ကြွားကြ၏။
မောရှေသည် သူ၏လက်ကိုမြှောက်သောအခါ အစ္စရေးလူမျိုးတို့နိုင်၍ သူ၏လက်ကိုချသောအခါ အာမလက်လူမျိုးတို့နိုင်လေ၏။
ယုဒအမျိုးအနွယ်ကိုမူကား ငါသနားစုံမက်မည်။ သူတို့ကို လေး၊ ဓား၊ စစ်မက်၊ မြင်း၊ မြင်းစီးသူရဲတို့ဖြင့် ကယ်တင်မည်မဟုတ်။ သူတို့၏ဘုရားသခင်ထာဝရဘုရားကိုယ်တိုင် သူတို့ကိုကယ်တင်မည်”ဟု မိန့်တော်မူ၏။
ထို့ပြင် ထာဝရဘုရားသည် ဓား၊ လှံအားဖြင့် ကယ်တင်သည်မဟုတ်ကြောင်းကို ဤလူထုကြီး သိရလိမ့်မည်။ စစ်မှုသည် ထာဝရဘုရား၏အရေးဖြစ်၍ ကိုယ်တော်သည် သင်တို့ကို ငါတို့လက်သို့ အပ်နှံတော်မူမည်”ဟု ဆို၏။