အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 44:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​အား ရန်ဖက်ပြု​သော​သူ​တို့​ကို ကိုယ်တော်​အားဖြင့် တွန်းလှန်​ကြ​ပါ​၏​။ အကျွန်ုပ်​တို့​တစ်ဖက်​၌​ထကြွ​သော​သူ​တို့​ကို ကိုယ်တော်​၏​နာမ​တော်​အားဖြင့် နင်းချေ​ကြ​ပါ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ တန်​ခိုး​တော်​အား​ဖြင့်​ရန်​သူ​များ​ကို အ​နိုင်​ရ​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

အ ကျွန်ုပ် တို့ သည်၊ ကိုယ် တော် ကြောင့် ရန် သူ တို့ ကို တွန်း လှဲ၍၊ နာ မ တော် ကြောင့် ရန် ဘက် တို့ ကို နှိပ် နင်း ရ ကြ ပါ မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ကိုယ်​တော်​အား​ဖြင့် အ​ကျွန်ုပ်​တို့​သည် ရန်​သူ​များ​ကို တွန်း​ချ​ကြ​ပါ​စေ​သော။ ရန်​ဘက်​ပြု​သော​သူ​တို့​ကို နာ​မ​တော်​အား​ဖြင့် နင်း​ရ​သော​အ​ခွင့် ရှိ​ကြ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။



ဆာ​လံ 44:5
14 ပူးပေါင်းရင်းမြစ်များ  

ခေနာနာ​၏​သား​ဇေဒကိ​သည် သံ​ဦးချို​များ​ကို​ပြုလုပ်​ပြီး အာဟပ်​မင်းကြီး​အား “ ‘​မင်းကြီး​သည် ဤ​သံ​ဦးချို​များ​ဖြင့် ဆီးရီးယား​လူမျိုး​တို့ ပျက်စီး​ကုန်​သည့်​တိုင်အောင် ဝှေ့ယမ်း​တိုက်ခိုက်​ရ​လိမ့်မည်’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​၏​။


ငါ​တို့​သည် ဘုရားသခင်​အားဖြင့် ရဲရင့်​စွာ​ပြု​ကြ​မည်​။ ကိုယ်တော်​သည် ငါ​တို့​အား​ရန်ဖက်ပြု​သော​သူ​များ​ကို နင်းချေ​တော်မူ​လိမ့်မည်​။


အို ထာဝရဘုရား​၊ နံနက်အချိန်​၌ အကျွန်ုပ်​၏​အသံ​ကို ကိုယ်တော်​ကြား​တော်မူ​ပါ​၏​။ နံနက်အချိန်​၌ အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​တွင် တိုးလျှိုး​အသနားခံ​၍ စောင့်​လျက်​နေ​ပါ​မည်​။


ငါ​တို့​သည် ဘုရားသခင်​အားဖြင့် ရဲရင့်​စွာ​ပြု​ကြ​မည်​။ ကိုယ်တော်​သည် ငါ​တို့​အား​ရန်ဖက်ပြု​သော​သူ​များ​ကို နင်းချေ​တော်မူ​လိမ့်မည်​။


သင်​သည် ခြင်္သေ့​နှင့်​မြွေဟောက်​အပေါ်​နင်းသွား​၍ ခြင်္သေ့ပျို​နှင့်​မြွေနဂါး​ကို နင်းချေ​လိမ့်မည်​။


အကြောင်းမူကား ထာဝရဘုရား​သည် ငါ​တို့​၏ တရားသူကြီး​၊ ပညတ်တရား​ရှင်​၊ ရှင်ဘုရင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ငါ​တို့​ကို ကယ်တင်​တော်မူ​မည်​။


ထို​သိုးထီး​သည် အနောက်ဘက်​၊ မြောက်ဘက်​၊ တောင်ဘက်​တို့​သို့ လိုက်ဝှေ့​နေ​သောကြောင့် မည်သည့်​တိရစ္ဆာန်​မျှ မ​ခံနိုင်​။ မည်သူ​မျှ တိရစ္ဆာန်​တို့​ကို သူ့​လက်​မှ​မ​ကယ်နုတ်​နိုင်​။ ထို​သိုးထီး​သည် မိမိ​အလို​အတိုင်း​ပြု​လျက်​၊ မာန်ထောင်​လျက်​ရှိ​သည်​ကို ငါ​မြင်​ရ​၏​။


သူ​တို့​သည် လမ်း​ပေါ်မှ​ရွှံ့​ကို​နင်း​သကဲ့သို့ စစ်ပွဲ​တွင် ရန်သူ​ကို​နင်းချေ​သော​စစ်သူရဲ​များ ဖြစ်​ကြ​လိမ့်မည်​။ ထာဝရဘုရား​သည် သူ​တို့​နှင့်အတူ​ပါရှိ​သောကြောင့် စစ်တိုက်​ရာ​တွင် မြင်းစီးသူရဲ​တို့​ကို အရှက်ကွဲ​စေ​လိမ့်မည်​။


ငြိမ်သက်​ခြင်း​၏​အရှင်​ဘုရားသခင်​သည် မကြာမီ​အတွင်း စာတန်​ကို သင်​တို့​၏​ခြေ​အောက်၌ ကြေမွ​စေ​တော်မူ​လိမ့်မည်။ ငါ​တို့​သခင်​ယေရှု​၏​ကျေးဇူး​တော်​သည် သင်​တို့​နှင့်အတူ​ရှိ​ပါစေသော။


သူ​၏​နွား​သားဦး​သည် သူ​၏​ဂုဏ်ကျက်သရေ​ဖြစ်​၏​။ သူ​၏​ဦးချို​သည် နွားရိုင်း​ဦးချို​ကဲ့သို့​ဖြစ်​၏​။ သူ​သည် ထို​ဦးချို​ဖြင့် လူမျိုးတကာ​တို့​ကို မြေကြီး​စွန်း​တိုင်အောင် တစ်ချက်တည်း​ဝှေ့​ပစ်​မည်​။ ထို​ဦးချို​များ​သည် သောင်းပေါင်း​များစွာ​သော​ဧဖရိမ်​အမျိုး​၊ ထောင်ပေါင်း​များစွာ​သော​မနာရှေ​အမျိုး ဖြစ်​၏​။


ငါ့​ကို​ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​သော​အရှင်​အားဖြင့် ခပ်သိမ်း​သော​အမှု​တို့​ကို ငါ​တတ်စွမ်း​နိုင်​၏။