ဘုရားသခင်ထတော်မူလျှင် ငါမည်သို့ပြုရမည်နည်း။ စစ်ဆေးတော်မူလျှင် ငါမည်သို့လျှောက်ရမည်နည်း။
ဆာလံ 44:21 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် ထိုအမှုကို မစစ်ကြောဘဲနေတော်မူမည်လော။ အကြောင်းမူကား ကိုယ်တော်သည် စိတ်နှလုံး၏လျှို့ဝှက်ချက်များကို သိတော်မူ၏။ Common Language Bible ဧကန်မုချကိုယ်တော်ရှင်သိတော်မူမည်သာ ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် လူတို့၏လျှို့ဝှက်သောအကြံအစည်များကို သိတော်မူသောကြောင့်ဖြစ်ပါ၏။ Garrad Bible စိတ်၌ ဝှက် ထား ရာ များ ကို သိ မြင် သော ဘု ရား သ ခင် သည်၊ စီ စစ်၍ မ ထုတ် ဘဲ နေ တော် မူ မည် လော။ Judson Bible နှလုံး၌ဝှက်ထားသောအရာများကို ဘုရားသခင်သိတော်မူသည်ဖြစ်၍၊ ထိုအမှုကို မစစ်ဘဲနေတော်မူမည်လော။ |
ဘုရားသခင်ထတော်မူလျှင် ငါမည်သို့ပြုရမည်နည်း။ စစ်ဆေးတော်မူလျှင် ငါမည်သို့လျှောက်ရမည်နည်း။
ကိုယ်တော်သည် ငါလျှောက်သောလမ်းကို မြင်တော်မူသည်ဖြစ်၍ ငါ၏ခြေလှမ်းတိုင်းကို ရေတွက်တော်မူသည်မဟုတ်လော။
အကြောင်းမူကား ဘုရားသခင်သည် ကောင်းသောအမှုဖြစ်စေ၊ မကောင်းသောအမှုဖြစ်စေ၊ ဝှက်ထားသောအမှုအားလုံးအပါအဝင် ခပ်သိမ်းသောအမှုတို့ကို တရားသဖြင့်စီရင်တော်မူလိမ့်မည်။
ငါထာဝရဘုရားသည် လူအသီးသီးတို့အား မိမိတို့ပြုမူကျင့်ကြံသည့်အတိုင်း၊ မိမိတို့လုပ်ဆောင်မှုအသီးအပွင့်အတိုင်း ပေးဆပ်ရန် လူတို့၏စိတ်နှလုံးကို စစ်ကြောတတ်၏။ အတွင်းသဘောကို စစ်ဆေးတတ်၏။
“ငါမမြင်နိုင်အောင် ကွယ်ရာ၌ ပုန်းနိုင်သောသူ တစ်စုံတစ်ယောက်ရှိသလော”ဟု ထာဝရဘုရားမေးတော်မူ၏။ “ငါသည် ကောင်းကင်၊ မြေကြီးအနှံ့ ရှိသည်မဟုတ်လော”ဟု ထာဝရဘုရားမေးတော်မူ၏။
ဤအမှုအရာများသည် ငါဟောပြောသည့်ကောင်းမြတ်သောသတင်းအရ လူတို့၏လျှို့ဝှက်သောအကျင့်အကြံတို့ကို ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်စစ်ဆေးစီရင်တော်မူသောနေ့၌ ဖြစ်လိမ့်မည်။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
သူ၏သားသမီးတို့ကိုလည်း သေဘေးဖြင့် ငါအဆုံးစီရင်မည်။ ထိုအခါ ငါသည် စိတ်နှလုံးနှင့် အတွင်းသဘောကို စူးစမ်းသောသူဖြစ်ကြောင်း အသင်းတော်အားလုံးသိရကြလိမ့်မည်။ သင်တို့အသီးသီးကိုလည်း မိမိတို့ပြုသောအမှုများနှင့်အညီ အကျိုးအပြစ်ကို ငါပေးမည်။