အကျွန်ုပ်တို့သည် မိမိတို့ဘုရားသခင်၏နာမတော်ကို မေ့လျော့ခဲ့လျှင်လည်းကောင်း၊ အခြားသောဘုရားထံသို့ အကျွန်ုပ်တို့၏လက်ကို ဆန့်ခဲ့လျှင်လည်းကောင်း
ဆာလံ 44:17 - မြန်မာ့စံမီသမ္မာကျမ်း ဤအရာအားလုံး အကျွန်ုပ်တို့အပေါ်ကျရောက်ခဲ့သော်လည်း အကျွန်ုပ်တို့သည် ကိုယ်တော်ကိုမမေ့လျော့ခဲ့ပါ။ ကိုယ်တော်၏ပဋိညာဉ်တော်ကိုလည်း မဖောက်ဖျက်ခဲ့ပါ။ Common Language Bible ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ပြုတော် မူသော ပဋိညာဉ်တော်ကိုမချိုးဖောက်ခဲ့ကြပါ။ ကိုယ်တော်ရှင်အားလည်းမမေ့လျော့ခဲ့ကြပါ။ သို့ပါလျက်ဤဆင်းရဲဒုက္ခများကိုကျွန်တော် မျိုးတို့ ခံကြရပါ၏။ Garrad Bible ထို မျှ လောက် ဒု က္ခ ရောက် သော် လည်း၊ အ ကျွန်ုပ် တို့ သည် ကိုယ် တော် ကို မ မေ့။ ပ ဋိ ညာဉ် တော် ကို မ ဖျက် ကြ ပါ။ Judson Bible ထိုမျှလောက်ခံရသော်လည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မမေ့မလျော့။ သစ္စာတော်ကို မဖျက်ကြပါ။ |
အကျွန်ုပ်တို့သည် မိမိတို့ဘုရားသခင်၏နာမတော်ကို မေ့လျော့ခဲ့လျှင်လည်းကောင်း၊ အခြားသောဘုရားထံသို့ အကျွန်ုပ်တို့၏လက်ကို ဆန့်ခဲ့လျှင်လည်းကောင်း
မိမိတို့ဘိုးဘေးများကဲ့သို့ ဖောက်ပြန်၍ သစ္စာမဲ့သောသူများဖြစ်ကြ၏။ လိမ်ကောက်သောလေးကဲ့သို့ အသုံးမကျသောသူများလည်းဖြစ်ကြ၏။
ထိုအခါ သူတို့သည် ဘုရားသခင်ကို ယုံကြည်အားထား၍ ဘုရားသခင်၏ လုပ်ဆောင်တော်မူချက်တို့ကိုမမေ့လျော့ဘဲ ကိုယ်တော်၏ပညတ်တော်တို့ကို လိုက်နာကျင့်သုံးကြလိမ့်မည်။
ဆိုးယုတ်သောသူတို့နှင့် ဘုရားသခင်ကိုမေ့လျော့သောလူမျိုးအပေါင်းတို့သည် မရဏာနိုင်ငံသို့လှည့်သွားကြရလိမ့်မည်။
သင်သည် သင့်ကိုကယ်တင်တော်မူသောဘုရားသခင်ကို မေ့လျော့၍ သင်၏မှီခိုရာကျောက်ဆောင်ကို မအောက်မေ့။ ထို့ကြောင့် နှစ်သက်ဖွယ်သောအပင်တို့ကိုစိုက်ပျိုးလိမ့်မည်။ တစ်ပါးအမျိုးသား၏စပျစ်ကိုင်းကို စိုက်လိမ့်မည်။
အပျိုကညာသည် မိမိအဆင်တန်ဆာကိုလည်းကောင်း၊ သတို့သမီးသည် မိမိမင်္ဂလာဆောင်ဝတ်စုံကိုလည်းကောင်း မေ့လျော့နိုင်မည်လော။ သို့သော် ငါ၏လူတို့သည် ကာလကြာမြင့်စွာ ငါ့ကိုမေ့လျော့ကြပြီ။
ထာဝရဘုရားက “ထိုပဋိညာဉ်သည် သူတို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှ လက်ဆွဲ၍ထုတ်ဆောင်လာခဲ့စဉ်က ဖွဲ့ခဲ့သောပဋိညာဉ်ကဲ့သို့မဟုတ်။ ငါသည် သူတို့၏ခင်ပွန်းဖြစ်သော်လည်း ငါ၏ပဋိညာဉ်ကို သူတို့ချိုးဖောက်ခဲ့ပြီ”ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘သင်ထားခဲ့သောကတိသစ္စာကို သင်မထီလေးစားလုပ်၍ ပဋိညာဉ်ကို ချိုးဖောက်သောကြောင့် သင်၏လုပ်ရပ်နှင့်အညီ သင့်ကိုဒဏ်ခတ်မည်’ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘သင်တို့ကို ကြိမ်လုံးအောက်မှ ဖြတ်သွားစေမည်၊ ပဋိညာဉ်ကြိုးဖြင့် ချည်နှောင်မည်။
ပညတ္တိကျမ်းတွင် မောရှေရေးထားသည့် ဘေးဆိုးအလုံးစုံတို့သည် အကျွန်ုပ်တို့အပေါ် သင့်ရောက်ပါ၏။ ထိုသို့ဖြစ်သည့်တိုင် အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၏မျက်နှာတော်ကို မရှာ၊ အပြစ်လမ်းမှ ပြန်မလှည့်၊ သမ္မာတရားကို အလေးမထားခဲ့ကြပါ။
ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်တော်မူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည့်အကြောင်း သင်တို့ကိုယ်သင်တို့ သတိပြုလော့။
သင်သည် မာနထောင်လွှား၍ ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ သင့်ကိုထုတ်ဆောင်တော်မူခဲ့သောအရှင်၊