သူတို့သည် လာ၍ မွေးဖွားလာမည့်လူမျိုးအား ကိုယ်တော်၏ဖြောင့်မတ်ခြင်းအကြောင်းကို ပြောကြားကြလိမ့်မည်။ အကြောင်းမူကား ထိုအမှုကိုကိုယ်တော်ပြုတော်မူပြီ။
ဆာလံ 44:1 - မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားသခင်၊ အကျွန်ုပ်တို့၏ဘိုးဘေးတို့က သူတို့လက်ထက် ရှေးကာလ၌ ကိုယ်တော်ပြုတော်မူသောအမှုကို အကျွန်ုပ်တို့အားပြောပြကြ၍ အကျွန်ုပ်တို့၏နားဖြင့် ကြားရကြပါ၏။ Common Language Bible အို ဘုရားသခင်၊ ရှေးကာလကဘိုးဘေးတို့လက်ထက်၌ ကိုယ်တော်ပြုတော်မူခဲ့သောအမှုအရာများ အကြောင်းကိုသူတို့ပြောပြသဖြင့် ကျွန်တော်မျိုးတို့ကိုယ်တိုင်ကြားကြရပါပြီ။ Garrad Bible အို ဘု ရား သ ခင်၊ ရှေး ကာ လ တွင်၊ ဘိုး ဘေး တို့ လက် ထက်၊ မည် သည့် အ မှု ကို ပြု တော် မူ ကြောင်း ကြား ပြော ကြ သည့် ပြင်၊ အ ကျွန်ုပ် တို့ သည် ကိုယ့် သော တ ဖြင့် ကြား ကြ ရ ပါ ပြီ။ Judson Bible အိုဘုရားသခင်၊ ရှေးလွန်လေပြီးသောကာလတွင်၊ ဘိုးဘေးတို့လက်ထက်၌ ပြုတော်မူသောအမှုကို သူတို့ပြော၍၊ အကျွန်ုပ်တို့သည် ကိုယ်တိုင်ကြားရကြပါပြီ။ |
သူတို့သည် လာ၍ မွေးဖွားလာမည့်လူမျိုးအား ကိုယ်တော်၏ဖြောင့်မတ်ခြင်းအကြောင်းကို ပြောကြားကြလိမ့်မည်။ အကြောင်းမူကား ထိုအမှုကိုကိုယ်တော်ပြုတော်မူပြီ။
သမင်ဒရယ်သည် ရေစီးသောချောင်းတို့ကိုတောင့်တသကဲ့သို့ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကိုတောင့်တပါ၏ဘုရား။
အို ဘုရားသခင်၊ ကိုယ်တော်၏ဘုန်းလက်ရုံးတော်အကြောင်းကို ဤမျိုးဆက်အားလည်းကောင်း၊ ကိုယ်တော်၏အစွမ်းတန်ခိုးတော်အကြောင်းကို နောင်လာနောက်သားအပေါင်းတို့အားလည်းကောင်း မပြောကြားမီတိုင်အောင် အကျွန်ုပ်သည် အိုမင်း၍ ဆံပင်ဖြူလျက်ရှိလျှင်ပင် အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။
ယနေ့ ကိုယ်တော်၏ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းသကဲ့သို့ အသက်ရှင်သောသူသာလျှင် ပြုနိုင်ပါ၏။ ဖခင်သည် သားသမီးတို့အား ကိုယ်တော်၏သစ္စာတော်ကို သိစေပါ၏။
ထိုအဖြစ်အပျက်ကို သင်တို့သားသမီးတို့အား ပြောကြားလော့။ သင်တို့သားသမီးတို့သည် သူတို့၏သားသမီးတို့အား ဆက်လက်ပြောကြားစေ။ သူတို့၏သားသမီးတို့သည်လည်း နောက်မျိုးဆက်ကို ဆက်လက်ပြောကြားကြစေ။
နောင်ကာလ၌ သင်တို့၏သားသမီးများက ‘အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့အားမိန့်မှာထားသည့် သက်သေခံချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက် တို့ကား မည်သို့နည်း’ဟု မေးမြန်းသောအခါ
ဂိဒေါင်ကလည်း “အို အကျွန်ုပ်၏အရှင်သခင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်ဆိုလျှင် အဘယ်ကြောင့် ဤအမှုကို အကျွန်ုပ်တို့ ကြုံရသနည်း။ ‘ထာဝရဘုရားသည် ငါတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သည်’ဟု ဘိုးဘေးတို့က အကျွန်ုပ်တို့အား ပြောပြခဲ့သောအံ့ဖွယ်အမှုတို့ကား အဘယ်မှာနည်း။ ယခုမူကား ထာဝရဘုရားသည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ မိဒျန်လူမျိုးတို့လက်သို့ အပ်တော်မူပြီတကား”ဟု ဆို၏။