အဗရှလုံသည် ယဇ်ပူဇော်စဉ်တွင် ဒါဝိဒ်မင်းကြီး၏အကြံပေးဖြစ်သူ ဂိလောမြို့သား အဟိသောဖေလထံသို့ လူလွှတ်၍ သူ့နေရင်းမြို့ဖြစ်သောဂိလောမြို့မှ ခေါ်လာစေ၏။ အဗရှလုံထံ၌ လူအင်အားတိုးပွားလာပြီး လျှို့ဝှက်ကြံစည်မှုသည်လည်း အားကြီးလာလေ၏။
ဆာလံ 41:10 - မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် အို ထာဝရဘုရား၊ အကျွန်ုပ်သည် သူတို့ကိုတုံ့ပြန်နိုင်ရန် ကိုယ်တော်သည် အကျွန်ုပ်ကိုသနားတော်မူ၍ အကျွန်ုပ်ကိုပြန်ထစေတော်မူပါ။ Common Language Bible အို ထာဝရဘုရား၊ ရန်သူတို့ကိုကလဲ့စားချေနိုင်ရန် ကျွန်တော်မျိုးအားသနားတော်မူ၍ ပြန်လည်ကျန်းမာစေတော်မူပါ။ Garrad Bible ကိုယ် တော် မူ ကား၊ အို ထာ ဝ ရ ဘု ရား၊ သူ တို့ ကို လက် စား ချေ နိုင် ရန်၊ အ ကျွန်ုပ် အ ပေါ်၌ က ရု ဏာ သက် လျက် ထူ မ တော် မူ ပါ။ Judson Bible အိုထာဝရဘုရား၊ သူတို့အပြစ်ကို အကျွန်ုပ်ဆပ်ပေးနိုင်မည်အကြောင်း၊ အကျွန်ုပ်ကို သနား၍ ထမြောက်စေတော်မူပါ။ |
အဗရှလုံသည် ယဇ်ပူဇော်စဉ်တွင် ဒါဝိဒ်မင်းကြီး၏အကြံပေးဖြစ်သူ ဂိလောမြို့သား အဟိသောဖေလထံသို့ လူလွှတ်၍ သူ့နေရင်းမြို့ဖြစ်သောဂိလောမြို့မှ ခေါ်လာစေ၏။ အဗရှလုံထံ၌ လူအင်အားတိုးပွားလာပြီး လျှို့ဝှက်ကြံစည်မှုသည်လည်း အားကြီးလာလေ၏။
ငါနှင့်ရင်းနှီးကျွမ်းဝင်သောမိတ်ဆွေအားလုံးတို့သည် ငါ့ကို စက်ဆုပ်ရွံရှာကြ၏။ ငါချစ်သောသူတို့သည် ငါ့ကိုကျောခိုင်းသွားကြ၏။
သို့သော် အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုဝန်းရံထားသောဒိုင်းလွှား၊ အကျွန်ုပ်၏ဘုန်းအသရေနှင့် အကျွန်ုပ်၏ဦးခေါင်းကို ချီးမြှောက်သောအရှင်ဖြစ်တော်မူ၏။
သို့သော် ထိုသူမှာ ငါကဲ့သို့သောလူသားတစ်ဦးဖြစ်ပြီး ငါ့အပေါင်းအဖော်၊ ငါ့အသိမိတ်ဆွေဖြစ်သော သင်ပင်ဖြစ်ပါသည်တကား။
ငါတို့သည် အချင်းချင်း ရင်းနှီးစွာဆွေးနွေးတိုင်ပင်ကြပြီး ဘုရားသခင်၏အိမ်တော်သို့ လူအစုအဝေးနှင့်အတူ သွားခဲ့ကြ၏။
အို ဘုရားသခင်၊ အကျွန်ုပ်ကိုသနားတော်မူပါ။ အကျွန်ုပ်ကိုသနားတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကိုခိုလှုံပါ၏။ ပျက်စီးခြင်းဘေးများကျော်လွန်သွားသည်အထိ ကိုယ်တော်၏အတောင်တော်အရိပ်အောက်၌ အကျွန်ုပ်ခိုလှုံပါမည်။
အကြောင်းမူကား လူအများတို့က “ပတ်ပတ်လည်၌ ကြောက်လန့်စရာရှိ၏။ သတင်းပို့ကြစို့။ ငါတို့သတင်းပို့ကြစို့”ဟူ၍ တီးတိုးပြောသံကိုသာ ငါကြားရ၏။ အကျွန်ုပ်၏မိတ်ဆွေရင်းချာအပေါင်းတို့လည်း အကျွန်ုပ်ပြိုလဲသည်ကို စောင့်ကြည့်၍ “သူ့ကို လှည့်စား၍ ရကောင်းရနိုင်လိမ့်မည်။ သူ့ကို အနိုင်ယူမည်။ လက်တုံ့ပြန်မည်”ဟု ဆိုကြ၏။
သင်၏မဟာမိတ်အပေါင်းတို့သည် သင့်ကိုနယ်စပ်တိုင်အောင်နှင်ထုတ်လိမ့်မည်။ သင်နှင့်ရင်းနှီးကျွမ်းဝင်သူတို့သည်လည်း သင့်ကိုလှည့်စားအနိုင်ယူလိမ့်မည်။ သင်၏မုန့်ကို စားသောသူတို့သည် သင့်ကို ထောင်ဖမ်းလိမ့်မည်။ သို့သော် ထိုအဖြစ်အပျက်တို့ကို သင်နားလည်နိုင်မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထိုမှတစ်ပါး ငါအုပ်ချုပ်ရန်အလိုမရှိကြသော ငါ၏ရန်သူများကို ဤနေရာသို့ခေါ်ဆောင်ခဲ့၍ ငါ၏ရှေ့မှောက်တွင် သူတို့ကိုကွပ်မျက်ကြလော့’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။