ကိုယ်တော်သည် ငါ့ကို ဂရုစိုက်နားထောင်တော်မူသောကြောင့် ငါသည် အသက်ရှင်နေသရွေ့ ကိုယ်တော်ကိုခေါ်မည်။
ဆာလံ 40:1 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ထာဝရဘုရားကို စေ့စေ့စောင့်မျှော်လျက်နေ၏။ ကိုယ်တော်သည် ငါ့ဘက်သို့လှည့်၍ ငါ၏အော်ဟစ်သံကို ကြားတော်မူ၏။ Common Language Bible ငါသည်ဘုရားသခင်ကူမတော်မူမည်ကို သည်းခံစောင့်မျှော်လျက်နေသောအခါ ကိုယ်တော်သည်နားစွင့်တော်မူ၍ငါ၏ ဟစ်အော်သံကိုကြားတော်မူ၏။ Garrad Bible ထာ ဝ ရ ဘု ရား ကို ငါ စောင့် နေ မျှော် လင့် ရာ ကိုယ် တော် သည် ငါ့ ဘက် သို့ ငဲ့၍၊ အော် ဟစ် သံ ကို ကြား လျက်၊ Judson Bible ငါသည် ထာဝရဘုရားကို စေ့စေ့မျှော်လင့်သည်ကာလ၊ ငါ့ကို မျက်နှာပြု၍ ငါအော်ဟစ်သောအသံကို ကြားတော်မူ၏။ |
ကိုယ်တော်သည် ငါ့ကို ဂရုစိုက်နားထောင်တော်မူသောကြောင့် ငါသည် အသက်ရှင်နေသရွေ့ ကိုယ်တော်ကိုခေါ်မည်။
အို ဘုရားရှင်၊ အကျွန်ုပ်၏အသံကို နားထောင်တော်မူပါ။ အကျွန်ုပ်အသနားခံသောအသံကို နားစွင့်တော်မူပါ။
ထာဝရဘုရား၏မျက်စိတော်သည် ဖြောင့်မတ်သောသူတို့ကိုကြည့်ရှု၍ ကိုယ်တော်၏နားတော်သည် သူတို့၏အော်ဟစ်သံကိုနားထောင်တော်မူ၏။
ထာဝရဘုရားရှေ့တော်၌ တိတ်ဆိတ်စွာနေ၍ ကိုယ်တော်ကိုငံ့လင့်လော့။ မိမိပြုသောအမှု၌ အောင်မြင်သောသူကြောင့်လည်းကောင်း၊ ကောက်ကျစ်သောအကြံအစည်များကို ကြံစည်သောသူကြောင့်လည်းကောင်း စိတ်အနှောင့်အယှက်မဖြစ်နှင့်။
အို ဘုရားသခင်၊ နားတော်ကို လှည့်၍ ကြားတော်မူပါ။ မျက်စိတော်ကို ဖွင့်၍ ပျက်စီးသွားသောအကျွန်ုပ်တို့နေရာ၊ နာမတော်ဖြင့်ခေါ်ဝေါ်သမုတ်တော်မူသောမြို့တော်ကို ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ့်ဖြောင့်မတ်ခြင်းကြောင့်မဟုတ်ဘဲ ကြီးမားသောကရုဏာတော်ကိုသာ မျှော်ကိုးလျက် ရှေ့တော်၌ အသနားတော်ခံပါ၏။