ကိုယ်တော်၏အမျက်တော်ကြောင့် အကျွန်ုပ်၏ကိုယ်ခန္ဓာ၌ အနာတရကင်းသောနေရာမရှိပါ။ အကျွန်ုပ်၏အပြစ်များကြောင့် အကျွန်ုပ်၏အရိုးတို့သည် သန်စွမ်းခြင်းမရှိပါ။
ကိုယ်တော်၏အမျက်တော်ကြောင့်ကျွန်တော်မျိုးသည် ဝေဒနာခံလျက်နေရပါ၏။ မိမိ၏အပြစ်များကြောင့်တစ်ကိုယ်လုံး ရောဂါစွဲလျက်နေပါ၏။
အ မျက် တော် ကြောင့် အ ကျွန်ုပ် အ သား၌ စုံ လင် ခြင်း၊ ကိုယ့် အ ပြစ် ကြောင့် အ ရိုး များ၌ သက် သာ ခြင်း မ ရှိ ပါ။
အမျက်တော်ထွက်သောကြောင့်၊ အကျွန်ုပ်အသားသည် ကျန်းမာခြင်းမရှိပါ။ ဒုစရိုက်အပြစ်ကြောင့် အရိုးများထဲမှာ သက်သာခြင်း မရှိပါ။
နံ့သာပေါင်းမီးရှို့ပူဇော်ရန်လင်ပန်းကို ကိုင်ထားသောဩဇိမင်းကြီးသည် အမျက်ထွက်လေ၏။ ထိုသို့ ယဇ်ပုရောဟိတ်တို့ကို အမျက်ထွက်နေစဉ် ထာဝရဘုရား၏အိမ်တော်အတွင်း နံ့သာပေါင်းယဇ်ပလ္လင်အနီး ယဇ်ပုရောဟိတ်တို့ရှေ့တွင်ပင် သူ့နဖူး၌ အနာကြီးရောဂါ ရုတ်တရက်ပေါ်လာလေ၏။
အကယ်စင်စစ် အနန္တတန်ခိုးရှင်ထံမှ မြားတို့သည် ငါ့ကိုယ်၌စိုက်ဝင်လျက်ရှိ၏။ ငါ့စိတ်ဝိညာဉ်သည် ထိုမြားတို့၏အဆိပ်ရည်ကို သောက်သုံးနေရ၏။ ဘုရားသခင်ထံမှ ကြောက်မက်ဖွယ်ရာတို့သည် ငါ့ရှေ့၌ တန်းစီလျက်ရှိ၏။
အကြောင်းမူကား အကျွန်ုပ်၏နေ့ရက်များသည် မီးခိုးကဲ့သို့ကုန်လွန်သွားကြပြီး အကျွန်ုပ်၏အရိုးများသည် မီးကျီးခဲများကဲ့သို့ တောက်လောင်ကြပါ၏။
အကျွန်ုပ်၏ညည်းတွားခြင်းအသံကြောင့် အကျွန်ုပ်သည် အရိုးပေါ်အရေတင်ဖြစ်နေပါ၏။
အကြောင်းမူကား ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်အပေါ်၌ နေ့ညမပြတ်လေးလံလျက်ရှိပါ၏။ အကျွန်ုပ်၏စိုပြည်လန်းဆန်းမှုသည် နွေကာလ၏အပူရှိန်၌ကဲ့သို့ ကုန်ခန်းပါပြီ။(စေလာ)
အကျွန်ုပ်အား ရွှင်မြူးခြင်းနှင့်ဝမ်းမြောက်ခြင်းကို ကြားစေတော်မူပါ။ ကိုယ်တော်ကြေမွစေသောအရိုးတို့ကိုလည်း ရွှင်လန်းစေတော်မူပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် အားအင်ချည့်နဲ့နေသည်ဖြစ်၍ အကျွန်ုပ်ကိုသနားတော်မူပါ။ အို ထာဝရဘုရား၊ အကျွန်ုပ်အရိုးတို့သည် ထိတ်လန့်လျက်ရှိကြသည်ဖြစ်၍ အကျွန်ုပ်ကိုကျန်းမာစေတော်မူပါ။