ငါမပြိုင်နိုင်လောက်အောင် ခွန်အားကြီးမားသော ငါ့ရန်သူ၏လက်မှလည်းကောင်း၊ ငါ့ကိုမုန်းသောသူတို့၏လက်မှလည်းကောင်း ငါ့ကိုကယ်နုတ်တော်မူ၏။
ဆာလံ 38:19 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏ရန်သူတို့သည် သန်မာအားကြီးကြပါ၏။ အကြောင်းမဲ့ အကျွန်ုပ်ကို မုန်းတီးသောသူတို့သည်လည်း များစွာရှိပါ၏။ Common Language Bible ကျွန်တော်မျိုး၏ရန်သူတို့သည်ကျန်းမာ သန်စွမ်းကြပါ၏။ အကြောင်းမဲ့ကျွန်တော်မျိုးအားမုန်းသူတို့သည် များပြားကြပါ၏။ Garrad Bible ရန် သူ တို့ ကား၊ သန် မာ ပေါ့ ပါး လျက်၊ မ တ ရား သ ဖြင့် မုန်း ထား သူ တို့ တိုး ပွား များ ပြား ကြ ပါ၏။ Judson Bible အကျွန်ုပ်၏ရန်သူတို့ကား၊ ကျန်းမာလျက်၊ ခွန်အားကြီးလျက်ရှိ ကြပါ၏။ အကျွန်ုပ်ကို မဟုတ်မှန်ဘဲ မုန်းသောသူတို့ကား၊ များပြားကြပါ၏။ |
ငါမပြိုင်နိုင်လောက်အောင် ခွန်အားကြီးမားသော ငါ့ရန်သူ၏လက်မှလည်းကောင်း၊ ငါ့ကိုမုန်းသောသူတို့၏လက်မှလည်းကောင်း ငါ့ကိုကယ်နုတ်တော်မူ၏။
အကျွန်ုပ်၏ရန်သူတို့သည် မည်မျှများပြားကြသည်ကိုလည်းကောင်း၊ အကျွန်ုပ်ကို မည်မျှရက်စက်ကြမ်းကြုတ်သော မုန်းတီးမှုဖြင့် မုန်းတီးကြသည်ကိုလည်းကောင်း ကြည့်ရှုတော်မူပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့သည် များပြားလှပါ၏။ များစွာသောသူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက်ထကြွကြပါ၏။
အကျွန်ုပ်သည် အကျွန်ုပ်၏အပြစ်ကို ကိုယ်တော်ထံဝန်ချပါ၏။ အကျွန်ုပ်၏ဒုစရိုက်ကိုလည်း ဖုံးအုပ်မထားပါ။ “အကျွန်ုပ်ကျူးလွန်သောအပြစ်များကို ထာဝရဘုရားထံဖော်ပြဝန်ခံမည်”ဟု အကျွန်ုပ်ပြောဆိုခဲ့ပါ၏။ ထိုအခါ ကိုယ်တော်သည် အကျွန်ုပ်၏အပြစ်ဒုစရိုက်ကို ခွင့်လွှတ်တော်မူ၏။(စေလာ)
လှည့်ဖြားတတ်သောအကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ဝမ်းမြောက်ရသောအခွင့်မရကြပါစေနှင့်။ အကျွန်ုပ်ကို အကြောင်းမဲ့မုန်းသောသူတို့သည်လည်း မျက်စိမှိတ်ပြရသောအခွင့်မရကြပါစေနှင့်။
အကျွန်ုပ်ကို အကြောင်းမဲ့မုန်းသောသူတို့သည် အကျွန်ုပ်၏ဦးခေါင်းပေါ်ရှိဆံပင်များထက် ပို၍များပြားကြပါ၏။ အကျွန်ုပ်ကိုဖယ်ရှားသုတ်သင်လိုသည့် လှည့်ဖြားတတ်သော အကျွန်ုပ်၏ရန်သူတို့သည် အားကြီးကြပါ၏။ အကျွန်ုပ်မလုယူခဲ့သည့်အရာကို အကျွန်ုပ်ပြန်ပေးရပါမည်လော။
လူအပေါင်းတို့သည်လည်း ငါ့နာမကြောင့် သင်တို့ကိုမုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင်တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။