အကြောင်းမူကား ကိုယ်တော်သည် နွမ်းပါးသောသူ၏စိတ်ဝိညာဉ်ကို အပြစ်စီရင်သောသူတို့ထံမှကယ်တင်ရန် ထိုသူ၏လက်ယာဘက်၌ ရပ်နေတော်မူ၏။
ဆာလံ 37:33 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထာဝရဘုရားသည် သူ့ကို ထိုဆိုးယုတ်သောသူ၏လက်ထဲ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်။ သူသည် တရားစီရင်ခြင်းခံရသောအခါ၌လည်း အပြစ်ရှိသည်ဟုစီရင်ခြင်းခံရမည်မဟုတ်။ Common Language Bible သို့ရာတွင်ထာဝရဘုရားသည် သူတော်ကောင်းအားရန်သူ၏လက်တွင်စွန့်ပစ်၍ ထားတော်မူလိမ့်မည်မဟုတ်။ သူသည်တရားရုံးသို့ရောက်၍အစစ်ခံရသော် သူ့အား အပြစ်ဒဏ်သင့်စေတော်မူလိမ့်မည်မဟုတ်။ Garrad Bible သူ့ လက် တွင် အပ် နှင်း ခြင်း၊ ဆုံး ဖြတ် ချိန် တွင် ပြစ် ဒဏ် စီ ရင် ခြင်း ကို၊ ထာ ဝ ရ ဘု ရား ပြု တော် မူ မည် မ ဟုတ်။ Judson Bible သို့သော်လည်း၊ ထာဝရဘုရားသည် ထိုသူ၏လက်၌ ဖြောင့်မတ်သောသူကို စွန့်ပစ်တော်မူမည် မဟုတ်။ အစစ်ခံရသောအခါ အပြစ်စီရင်တော်မူမည် မဟုတ်။ |
အကြောင်းမူကား ကိုယ်တော်သည် နွမ်းပါးသောသူ၏စိတ်ဝိညာဉ်ကို အပြစ်စီရင်သောသူတို့ထံမှကယ်တင်ရန် ထိုသူ၏လက်ယာဘက်၌ ရပ်နေတော်မူ၏။
ထို့ကြောင့် ယခုအခါ ခရစ်တော်ယေရှု၌ရှိသောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းမခံရ။
သို့သော် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကို ငါ့အားအပြည့်အဝဆောင်ရွက်စေ၍ လူမျိုးခြားအပေါင်းတို့သည် ထိုနှုတ်ကပတ်တော်ကိုကြားသိမည့်အကြောင်း သခင်ဘုရားသည် ငါ့ဘက်၌ရပ်တည်လျက် ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူ၏။ ဤသို့ဖြင့် ငါသည် ခြင်္သေ့ခံတွင်းမှ ကယ်နုတ်ခြင်းခံရ၏။
သို့ဖြစ်၍ ထာဝရဘုရားသည် ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့ရက်၌ အပြစ်ဒဏ်ခံစေရန်ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။