သခင်အိမ်သို့ပြန်ရောက်သည့်တိုင်အောင် ယောသပ်၏အဝတ်ကို မိမိအနားတွင် သိမ်းထားလေ၏။
ဆာလံ 37:32 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူကို စောင့်ကြည့်၍ သူ့ကိုသတ်ရန်ရှာကြံတတ်၏။ Common Language Bible သူယုတ်မာသည်သူတော်ကောင်းအားချောင်းမြောင်း၍ သတ်ရန်ကြိုးစားတတ်၏။ Garrad Bible လူ ဆိုး သည် ဖြောင့် မတ် သူ့ ကို ချောင်း မြောင်း၍၊ အ သက် အ န္တ ရာယ် ရှာ ကြံ သော် လည်း၊ Judson Bible မတရားသောသူသည် ဖြောင့်မတ်သောသူကို ချောင်းမြောင်း၍ သတ်ခြင်းငှာ ရှာကြံတတ်၏။ |
သခင်အိမ်သို့ပြန်ရောက်သည့်တိုင်အောင် ယောသပ်၏အဝတ်ကို မိမိအနားတွင် သိမ်းထားလေ၏။
ထိုအခါ ရှင်ဘုရင်က “သူရှိမည့်နေရာကို သွား၍စုံစမ်းပါ။ သူ့ကို လူလွှတ်ပြီးဖမ်းမည်”ဟု မိန့်ဆို၏။ “ဒေါသန်မြို့၌ရှိသည်”ဟု ရှင်ဘုရင် သတင်းရလျှင်
ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူအပေါ် မကောင်းကြံစည်ကာ သူ့ကိုကြည့်လျက် အံကြိတ်တတ်၏။
သူတို့သည် ထိုအပြစ်ဒုစရိုက်နှင့်ပင် လွတ်မြောက်ကြမည်လော။ အို ဘုရားသခင်၊ အမျက်တော်အားဖြင့် လူမျိုးတို့ကို နိမ့်ကျစေတော်မူပါ။
အချင်းဆိုးယုတ်သောသူ၊ ဖြောင့်မတ်သောသူ၏အိမ်ကို မချောင်းမြောင်းနှင့်။ သူအနားယူရာအရပ်ကို မဖျက်ဆီးနှင့်။
ငါသည် သတ်ရန်ခေါ်ဆောင်သွားသည့် နူးညံ့သောသိုးသငယ်ကဲ့သို့ဖြစ်၏။ “သူ၏အပင်ကို အသီးနှင့်တကွ ဖျက်ဆီးကြကုန်စို့။ သူ၏အမည်ကို နောက်ထပ်အမှတ်မရစေရန် လူ့လောကမှ သူ့ကိုဖယ်ရှားကြကုန်စို့”ဟု ဆိုလျက် ငါ့ကို လျှို့ဝှက်ကြံစည်နေကြသည်ကို ငါမသိခဲ့ပေ။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုသတ်မည့်သူတို့၏အကြံဉာဏ်အားလုံးကို ကိုယ်တော်သိတော်မူပါ၏။ သူတို့၏ဒုစရိုက်ကို ဖြေလွှတ်တော်မမူပါနှင့်။ သူတို့၏အပြစ်ကို ရှေ့တော်မှပယ်ဖျက်တော်မမူပါနှင့်။ ကိုယ်တော်ရှေ့တော်၌ သူတို့လဲကျကြပါစေ။ အမျက်တော်သင့်ရာကာလ၌ သူတို့ကိုစီရင်တော်မူပါ။
အကြောင်းမူကား လူအများတို့က “ပတ်ပတ်လည်၌ ကြောက်လန့်စရာရှိ၏။ သတင်းပို့ကြစို့။ ငါတို့သတင်းပို့ကြစို့”ဟူ၍ တီးတိုးပြောသံကိုသာ ငါကြားရ၏။ အကျွန်ုပ်၏မိတ်ဆွေရင်းချာအပေါင်းတို့လည်း အကျွန်ုပ်ပြိုလဲသည်ကို စောင့်ကြည့်၍ “သူ့ကို လှည့်စား၍ ရကောင်းရနိုင်လိမ့်မည်။ သူ့ကို အနိုင်ယူမည်။ လက်တုံ့ပြန်မည်”ဟု ဆိုကြ၏။
နောက်ဆုံးတွင် သူတို့က “ဒံယေလကို သူ့ဘုရားသခင်၏ပညတ်တရားနှင့်ပတ်သက်သောစွပ်စွဲချက်မှတစ်ပါး အခြားစွပ်စွဲချက်ကို ရှာတွေ့နိုင်မည်မဟုတ်”ဟု ပြောဆိုကြ၏။
နှုတ်တော်ထွက်စကားတစ်စုံတစ်ခုဖြင့် ကိုယ်တော်ကိုအပြစ်ရှာနိုင်ရန် ချောင်းမြောင်းနေကြ၏။
တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် အစားအစာသုံးဆောင်ရန် ဖာရိရှဲအကြီးအကဲတစ်ဦး၏အိမ်သို့ဝင်တော်မူလျှင် သူတို့သည် ကိုယ်တော်ကိုစောင့်ကြည့်နေကြ၏။
ထို့ကြောင့် သူတို့သည် ကိုယ်တော်ကိုစောင့်ကြည့်လျက် နှုတ်တော်ထွက်စကားတွင် အပြစ်ရှာ၍ ကိုယ်တော်ကို ဘုရင်ခံ၏အုပ်ချုပ်မှုအာဏာအောက်သို့ အပ်နှံနိုင်ရန် ဖြောင့်မတ်သူအဖြစ် ဟန်ဆောင်သောသူလျှိုများကို စေလွှတ်ကြ၏။
ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့သည် ကိုယ်တော်ကို စွပ်စွဲစရာအကြောင်း တွေ့ရှိနိုင်ရန်အတွက် ကိုယ်တော်သည် ဥပုသ်နေ့၌ အနာရောဂါငြိမ်းစေမည်၊ မငြိမ်းစေမည်ကို စောင့်ကြည့်နေကြ၏။
သူတို့၏လျှို့ဝှက်ကြံစည်မှုကို ရှောလုသိသွားလေ၏။ သူတို့သည် သူ့ကိုသတ်ရန် နေ့ရောညပါ မြို့တံခါးများကို စောင့်ကြပ်ထားကြ၏။
ထိုအခါ ရှောလုမင်းကြီးသည် ဒါဝိဒ်ကို လှံနှင့် နံရံထုတ်ချင်းပေါက်အောင် ထိုးလိုက်လေ၏။ သို့သော် ရှောလုမင်းကြီးကို ဒါဝိဒ်ရှောင်တိမ်းလိုက်နိုင်သဖြင့် လှံသည် နံရံထဲ စိုက်ဝင်သွား၏။ ထိုညတွင်ပင် ဒါဝိဒ် ထွက်ပြေးလွတ်မြောက်သွား၏။
ဒါဝိဒ်သည် တောကန္တာရထဲရှိ ဥမင်လိုဏ်ခေါင်းများနှင့် ဇိဖတောကန္တာရရှိတောင်ပေါ်ဒေသတို့တွင် ပုန်းရှောင်နေထိုင်၏။ ရှောလုမင်းကြီးသည် နေ့စဉ်နှင့်အမျှ ဒါဝိဒ်ကို ရှာဖွေသော်လည်း ဘုရားသခင်သည် ဒါဝိဒ်ကို ရှောလုမင်းကြီးလက်သို့ အပ်တော်မမူ။