ကိုယ်တော်သည် ငါ့လေးကြိုးကို လျော့ရဲစေ၍ ငါ့ကို ဒုက္ခရောက်စေ၏။ သူတို့သည်လည်း ငါ့ရှေ့တွင် ဇက်ကြိုးကို ဖြတ်တောက်ပစ်ကြ၏။
ဆာလံ 35:21 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အကျွန်ုပ်ကိုကြည့်လျက် မိမိတို့ပါးစပ်ကိုကျယ်စွာဖွင့်ကာ “ဟားဟား၊ ငါတို့မျက်စိနှင့် မြင်ခဲ့ရပြီ”ဟု ဆိုကြပါ၏။ Common Language Bible သူတို့က``ဟားဟားသင်ပြုသောအမှုကို ငါတို့မြင်ကြ၏'' ဟုအော်ဟစ်၍ကျွန်တော် မျိုးအား စွပ်စွဲပြောဆိုကြပါ၏။ Garrad Bible အ ကျွန်ုပ် တစ် ဘက် ၌ ပါး စပ် ဟ လျက်၊ ဟေ့ ဟေ့။ ကိုယ့် မျက် စိ ဖြင့် မြင် ခဲ့ ပြီ ဟု ဆို ကြ ပါ ၏။ Judson Bible အကျွန်ုပ်ကိုပါးစပ်ဟ၍ အေ့ဟေ၊ အေ့ဟေ၊ ငါတို့သည် ကိုယ်မျက်စိနှင့်မြင်ရပြီဟု ဆိုကြပါ၏။ |
ကိုယ်တော်သည် ငါ့လေးကြိုးကို လျော့ရဲစေ၍ ငါ့ကို ဒုက္ခရောက်စေ၏။ သူတို့သည်လည်း ငါ့ရှေ့တွင် ဇက်ကြိုးကို ဖြတ်တောက်ပစ်ကြ၏။
၎င်းတို့သည် ကိုက်ဖဲ့ဟိန်းဟောက်နေသော ခြင်္သေ့ကဲ့သို့ မိမိတို့ပါးစပ်ကို အကျွန်ုပ်ဘက်သို့ဟထားကြပါ၏။
အကျွန်ုပ်သည် ရေကဲ့သို့သွန်ချခြင်းခံရ၍ အကျွန်ုပ်၏အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကုန်ပါ၏။ အကျွန်ုပ်၏နှလုံးသည် ဖယောင်းကဲ့သို့ဖြစ်၍ အကျွန်ုပ်ရင်ထဲ၌ အရည်ပျော်သွားပါ၏။
အကျွန်ုပ်ကို “ဟားဟား”ဟု ရယ်မောပြောဆိုသောသူတို့သည် မိမိတို့ခံရသောအရှက်ကွဲခြင်းကြောင့် တုန်လှုပ်ချောက်ချားကြပါစေသော။
ကိုယ်တော်ကိုရှာသောသူအပေါင်းတို့သည် ကိုယ်တော်၌ရွှင်မြူးလျက်ဝမ်းမြောက်ကြပါစေသော။ ကိုယ်တော်၏ကယ်တင်ခြင်းကိုမြတ်နိုးသောသူတို့က “ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏”ဟု အစဉ်မြွက်ဆိုကြပါစေသော။
အမှန်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်ကို ဆင်းရဲဒုက္ခအပေါင်းတို့မှကယ်နုတ်တော်မူပြီဖြစ်၍ အကျွန်ုပ်၏မျက်စိသည် အကျွန်ုပ်၏ရန်သူတို့ကို အပေါ်စီးမှကြည့်မြင်နိုင်ပါပြီ။
အကျွန်ုပ်ကို “ဟား ဟား”ဟု ရယ်မောပြောဆိုသောသူတို့သည် မိမိတို့ခံရသောအရှက်ကွဲခြင်းကြောင့် နောက်ပြန်ဆုတ်ကြရပါစေသော။
အရှေ့ဘက်မှ ဆီးရီးယားလူမျိုး၊ အနောက်ဘက်မှ ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးကို အငမ်းမရဝါးမျိုကြလိမ့်မည်။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
သင်၏ရန်သူအပေါင်းတို့သည် နှုတ်ကိုဖွင့်၍ သင့်ကိုကဲ့ရဲ့လျက် “ဤမြို့ကို ငါတို့ဝါးမျိုကြပြီ။ စင်စစ် ဤနေ့သည် ငါတို့စောင့်မျှော်သောနေ့ဖြစ်၏။ ငါတို့ကြုံရပြီ။ ငါတို့မြင်ရပြီ”ဟု အားရကျေနပ်စွာဆိုကြပြီ။
အမ္မုန်အမျိုးသားတို့အား ဘုရားရှင်ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြလော့။ ဘုရားရှင်ထာဝရဘုရားက ‘သန့်ရှင်းရာဌာန ညစ်ညူးသွားခဲ့စဉ်က၊ အစ္စရေးပြည်ကြီး ဆိတ်သုဉ်းသွားခဲ့စဉ်က၊ ယုဒအမျိုး ဖမ်းခေါ်သွားခြင်းခံရစဉ်က သင်တို့ဟားတိုက်ခဲ့ကြသောကြောင့်