ဆင်းရဲဒုက္ခခြောက်မျိုးထဲမှ သင့်ကို ကယ်နုတ်တော်မူမည်။ ခုနစ်မျိုးသောဘေးအန္တရာယ်သည်လည်း သင့်ကို ထိခိုက်နိုင်မည်မဟုတ်။
ဆာလံ 34:20 - မြန်မာ့စံမီသမ္မာကျမ်း သူ၏အရိုးရှိသမျှတို့ကိုစောင့်ရှောက်တော်မူ၍ ထိုအရိုးတစ်ချောင်းမျှချိုးဖဲ့ခြင်းမခံရ။ Common Language Bible ထာဝရဘုရားသည်သူ၏အသက်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူ၏။ သူ၏အရိုးတစ်ချောင်းမျှပင်လျှင်မကျိုး မပဲ့ရ။ Garrad Bible သူ့ အ ရိုး ရှိ သ မျှ ကို စောင့် ရှောက် တော် မူ ၍၊ တစ် ချောင်း မျှ မ ကျိုး မ ပဲ့ ရ။ Judson Bible သူ၏အရိုးရှိသမျှတို့ကို စောင့်ရှောက်တော်မူသည်ဖြစ်၍၊ တစ်ချောင်းမျှ မကျိုးမပဲ့ရ။ |
ဆင်းရဲဒုက္ခခြောက်မျိုးထဲမှ သင့်ကို ကယ်နုတ်တော်မူမည်။ ခုနစ်မျိုးသောဘေးအန္တရာယ်သည်လည်း သင့်ကို ထိခိုက်နိုင်မည်မဟုတ်။
အကျွန်ုပ်၏အရိုးရှိသမျှတို့က “အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်နှင့်တူပါသနည်း။ ကိုယ်တော်သည် အဖိနှိပ်ခံရသောသူကို သူ့ထက်အားကြီးသောသူ၏လက်မှ ကယ်နုတ်တော်မူ၏။ အကယ်စင်စစ် အဖိနှိပ်ခံရသောသူနှင့် နွမ်းပါးသောသူကို လုယူတတ်သောသူ၏လက်မှ ကယ်နုတ်တော်မူ၏”ဟု လျှောက်ကြလိမ့်မည်။
ဖြောင့်မတ်သောသူကိုကယ်တင်ခြင်းအကြောင်းသည် ထာဝရဘုရားထံတော်မှလာ၏။ ဆင်းရဲဒုက္ခရောက်သောအချိန်တွင် ကိုယ်တော်သည် သူတို့၏မှီခိုရာဖြစ်တော်မူ၏။
ထာဝရဘုရားသည် သူတို့ကိုကူညီမစ၍ ကယ်တင်တော်မူ၏။ သူတို့သည် ကိုယ်တော်၌ခိုလှုံကြသောကြောင့် ကိုယ်တော်သည် သူတို့ကို ဆိုးယုတ်သောသူတို့၏လက်မှ လွတ်မြောက်စေတော်မူ၏။ ကယ်တင်တော်မူ၏။
သင်၏ခြေကိုကျောက်နှင့်မထိမခိုက်စေရန် သူတို့သည် သင့်ကိုလက်ဖြင့်ချီပင့်ကြလိမ့်မည်။
မကောင်းမှုပြုသောသူသည် မိမိနှုတ်ကျူးလွန်သောအပြစ်အားဖြင့် ထောင်ချောက်မိတတ်၏။ ဖြောင့်မတ်သောသူမူကား ဆင်းရဲဒုက္ခထဲမှ လွတ်မြောက်တတ်၏။
ဤသို့ဖြစ်ပျက်ခဲ့သည်မှာ “သူ၏အရိုးတစ်ချောင်းမျှ ချိုးဖဲ့ခြင်းမခံရ”ဟူသောကျမ်းချက်ကို ပြည့်စုံစေရန်ဖြစ်၏။
ယနေ့ အရှင်မင်းကြီးအသက်ကို အကျွန်ုပ် တန်ဖိုးထားသကဲ့သို့ ထာဝရဘုရားသည် အကျွန်ုပ်၏အသက်ကို တန်ဖိုးထားတော်မူပါစေသော။ အကျွန်ုပ်ကိုလည်း ဆင်းရဲဒုက္ခအပေါင်းမှ ကယ်နုတ်တော်မူပါစေသော”ဟု ပြန်အော်ပြောလေ၏။