ကိုယ်တော်သည် မြင်း၏ခွန်အားကို အလိုရှိတော်မမူ။ လူ၏ခြေတို့ကို နှစ်သက်တော်မမူ။
ဆာလံ 33:17 - မြန်မာ့စံမီသမ္မာကျမ်း မြင်းသည် အောင်ပွဲအတွက် အချည်းနှီးသောမျှော်လင့်ချက်ဖြစ်၏။ ၎င်း၏ကြီးမားသောခွန်အားကလည်း မကယ်ယူနိုင်။ Common Language Bible စစ်မြင်းတို့သည်အောင်ပွဲရမှုအတွက်အသုံးမဝင်။ သူတို့၏ကြီးမားသောခွန်အားကမကယ်နိုင်။ Garrad Bible အောင် မြင် ခွင့် ရ စေ ရန်၊ မြင်း တပ် အ ကျိုး မဲ့ ၍၊ အင် အား ကြီး သော် လည်း၊ ဘေး မှ မ လွှတ် နိုင် ချေ။ Judson Bible မြင်းသော်လည်း ဘေးလွတ်ခြင်းအမှုကို မတတ်နိုင်။ ကြီးစွာသော ခွန်အားဗလဖြင့် မကယ်မယူနိုင်။ |
ကိုယ်တော်သည် မြင်း၏ခွန်အားကို အလိုရှိတော်မမူ။ လူ၏ခြေတို့ကို နှစ်သက်တော်မမူ။
အချို့တို့သည် စစ်ရထားများအတွက်၊ အချို့တို့သည် မြင်းများအတွက် ဂုဏ်ယူဝင့်ကြွားကြ၏။ ငါတို့မူကား ငါတို့၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အတွက် ဂုဏ်ယူဝင့်ကြွားကြ၏။
စစ်တိုက်ရမည့်နေ့အတွက် မြင်းကိုပြင်ဆင်ထားသော်လည်း အောင်ပွဲသည် ထာဝရဘုရားနှင့်ဆိုင်၏။
တစ်ဖန် နေအောက်တွင် ငါပြန်၍တွေ့မြင်သည်ကား ပြိုင်ပွဲသည် လျင်မြန်သောသူတို့အတွက်သာမဟုတ်။ စစ်ပွဲသည် ခွန်အားကြီးသောသူတို့အတွက်သာမဟုတ်။ အစားအစာသည် ပညာရှိသောသူတို့အတွက်သာမဟုတ်။ ဓနဥစ္စာသည် အသိဉာဏ်ရှိသောသူတို့အတွက်သာမဟုတ်။ မျက်နှာရခြင်းသည်လည်း တတ်သိနားလည်သောသူတို့အတွက်သာမဟုတ်။ အကြောင်းမူကား အချိန်ကာလနှင့်အကြောင်းတိုက်ဆိုင်မှုသည် ထိုသူအားလုံးတို့၌ ရောက်လာတတ်၏။
သင်တို့က “ငါတို့သည် ထိုသို့မနေ၊ မြင်းစီး၍ထွက်ပြေးမည်”ဟု ဆိုသောကြောင့် သင်တို့ထွက်ပြေးရလိမ့်မည်။ “ငါတို့သည် အပြေးမြန်သောမြင်းကိုစီးသွားမည်”ဟု ဆိုသောကြောင့် သင်တို့ကိုလိုက်သောသူတို့သည် အလျင်အမြန်လိုက်လိမ့်မည်။
အစ္စရေးလူမျိုး၏သန့်ရှင်းသောဘုရားကို မမျှော်ကြည့်၊ ထာဝရဘုရားကို မရှာဘဲ အီဂျစ်ပြည်၏မြင်းများ၊ များစွာသောစစ်ရထား၊ အလွန်အားကြီးသောမြင်းစီးသူရဲတို့ကို ကိုးစားမှီဝဲပြီး အီဂျစ်ပြည်သို့သွား၍ အကူအညီတောင်းသူတို့သည် အမင်္ဂလာရှိကြ၏။
အဆီးရီယားပြည်သည် အကျွန်ုပ်တို့ကို မကယ်တင်နိုင်ပါ။ အကျွန်ုပ်တို့သည် မြင်းမစီးတော့ပါ။ ကိုယ့်လက်ဖြင့်လုပ်သောအရာတို့ကို ‘အကျွန်ုပ်တို့၏ဘုရား’ဟု မဆိုတော့ပါ။ အကြောင်းမူကား ကိုယ်တော်သည် ဖတဆိုးတို့ကို သနားစုံမက်တော်မူပါ၏”ဟု လျှောက်ဆိုလော့။
သင်သည် ရန်သူတို့ကို စစ်သွားတိုက်သောအခါ သင့်ထက်များပြားသော မြင်းများ၊ စစ်ရထားများ၊ စစ်သည်များကို တွေ့လျှင် သူတို့ကို မကြောက်နှင့်။ သင့်ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သော သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏။
ထာဝရဘုရားသည် သိသရမှစ၍ စစ်ရထား၊ စစ်သည်ရှိသမျှတို့ကို ဗာရက်၏ဓားသွားဖြင့် မရှုမလှရှုံးနိမ့်စေတော်မူသောကြောင့် သိသရသည် သူ၏စစ်ရထားပေါ်မှဆင်းပြီး ခြေကျင်ဖြင့် ထွက်ပြေးလေ၏။