အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 31:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အို ထာဝရဘုရား​၊ ကိုယ်တော်​ကို အကျွန်ုပ်​ခိုလှုံ​ပါ​၏​။ အကျွန်ုပ်​သည် မည်သည့်​အခါ​မျှ အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့် အကျွန်ုပ်​ကို ကယ်တင်​တော်မူ​ပါ​။

အခန်းကိုကြည့်ပါ။

Common Language Bible

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​ခို​လှုံ​ရန် ချဉ်း​ကပ်​ပါ​၏။ ကျွန်​တော်​မျိုး​အား​အ​ဘယ်​အ​ခါ​၌​မျှ အ​ရေး​နိမ့်​စေ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​သည်​တ​ရား​မျှ​တ​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ပန်​ကြား​လျှောက်​ထား​ပါ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော်၌ အ ကျွန်ုပ် ခို လှုံ ပါ၏။ မည် သည့် ကာ လ မျှ အ ရှက် မ ကွဲ စေ ဘဲ၊ ဖြောင့် မတ် တော် မူ သည့် အ တိုင်း ကယ် လွှတ် တော် မူ ပါ။

အခန်းကိုကြည့်ပါ။

Judson Bible

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​အ​ကျွန်ုပ်​ခို​လှုံ​ပါ၏။ ရှက်​ကြောက်​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​ပါ​စေ​သော။ တ​ရား​တော်​နှင့်​အ​ညီ အ​ကျွန်ုပ်​ကို​ကယ်​နုတ်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။



ဆာ​လံ 31:1
11 ပူးပေါင်းရင်းမြစ်များ  

အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို​နားညောင်း​၍ အကျွန်ုပ်​၏​အသနားခံ​ခြင်း​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။ ကိုယ်တော်​၏​သစ္စာ​တော်​အားဖြင့်​လည်းကောင်း​၊ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့်​လည်းကောင်း အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။


အကျွန်ုပ်​၏​ဘုရားသခင်​၊ ကိုယ်တော်​ကို အကျွန်ုပ်​ယုံကြည်ကိုးစား​ပါ​၏​။ အကျွန်ုပ်​သည် အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။ အကျွန်ုပ်​၏​ရန်သူ​တို့​သည် အကျွန်ုပ်​အပေါ် အောင်ပွဲ​မ​ခံ​ကြ​ရ​ပါစေ​နှင့်​။


အို ဘုရားသခင်​၊ အကျွန်ုပ်​၌ အပြစ်​မ​ရှိ​ကြောင်း​စီရင်​တော်မူ​ပါ​။ ဘုရားတရားမဲ့​သော​လူမျိုး​ကို​ဆန့်ကျင်​လျက် အကျွန်ုပ်​၏​အမှုကိစ္စ​ကို ရင်ဆိုင်ဖြေရှင်း​ပေး​တော်မူ​ပါ​။ လိမ်လည်လှည့်ဖြား​၍ မတရားမှု​ပြု​သော​သူ​၏​လက်​မှ အကျွန်ုပ်​ကို​လွတ်မြောက်​စေ​တော်မူ​ပါ​။


ရှင်ဘုရင်​တို့​သည် သင့်​ကို ကြည့်ရှု​စောင့်ရှောက်​သူ​၊ မိဖုရား​တို့​သည် သင်​၏​နို့ထိန်း ဖြစ်​ကြ​လိမ့်မည်​။ သူ​တို့​သည် မြေ​ပေါ်​မျက်နှာ​အပ်​၍ သင့်​ရှေ့​၌​ပျပ်ဝပ်​ကာ သင်​၏​ခြေ​မှ မြေမှုန့်​ကို လျက်​ကြ​လိမ့်မည်​။ ထိုအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​သိ​ရ​လိမ့်မည်​။ ငါ့​ကို​စောင့်မျှော်​သော​သူ​တို့​သည် အရှက်​မ​ကွဲ​ရ​ကြ​”​ဟု မိန့်​တော်မူ​၏​။


အို ဘုရားရှင်​၊ ကိုယ်တော်​သည် ဖြောင့်မှန်​စွာ​ပြု​တော်မူ​သည့်​အတိုင်း ကိုယ်တော်​၏​အမျက်​ဒေါသ​ကို ကိုယ်တော်​၏​သန့်ရှင်း​သော​တောင်​တည်းဟူသော ဂျေရုဆလင်​မြို့​မှ ပြန်လည်​ရုပ်သိမ်း​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​တို့​၏​အပြစ်​၊ ဘိုးဘေး​တို့​၏​ဒုစရိုက်​များ​ကြောင့် ဂျေရုဆလင်​မြို့​နှင့် လူမျိုး​တော်​တို့​သည် ဝန်းကျင်​ရှိ​လူ​အပေါင်း​တို့​အတွက် ကဲ့ရဲ့စရာ ဖြစ်​ရ​ပါ​ပြီ​။


အဘယ်ကြောင့်​ဆိုသော် ကျမ်းစာ​က “ထို​ကျောက်​ကို​ယုံကြည်​သမျှ​သော​သူ​သည် အရှက်ရ​လိမ့်မည်​မ​ဟုတ်”​ဟု ဆို​ထား​၏။


ထို​မျှော်လင့်​ခြင်း​သည်​လည်း ငါ​တို့​ကို​အရှက်ရ​စေ​မည်​မ​ဟုတ်။ အကြောင်းမူကား ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​ကို​ပေး​တော်မူ​သော​သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ငါ​တို့​၏​စိတ်နှလုံး​ထဲ၌ သွန်းလောင်း​ခြင်း​ခံရ​ပြီ​ဖြစ်​၏။