ငါ၏မိဘတို့သည် ငါ့ကိုစွန့်ပစ်ကြလျှင်လည်း ထာဝရဘုရားသည် ငါ့ကိုခေါ်ထားတော်မူလိမ့်မည်။
ငါ၏မိဘတို့သည်ငါ့အားစွန့်ပစ်စေကာမူ ထာဝရဘုရားသည်ငါ့ကိုကြည့်ရှု စောင့်ရှောက်တော်မူမည်။
ငါ့ ကို မိ ဘ တို့ စွန့် ထား ခဲ့ သော် လည်း၊ ထာ ဝ ရ ဘု ရား သိမ်း ပိုက် တော် မူ လိမ့် မည်။
ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူမည်။
ထို့နောက် ဒါဝိဒ်မင်းကြီးက အဘိရှဲအပါအဝင် မင်းမှုထမ်းအပေါင်းတို့အား “ကြည့်ပါ။ ငါ့သွေးသားရင်းဖြစ်သော ငါ့သားပင်လျှင် ငါ့ကို သတ်ဖို့ရှာကြံ၏။ ဤဗင်္ယာမိန်အမျိုးကား ထိုထက်မက ပြုခွင့်ရှိ၏။ ထာဝရဘုရားသည် သူ့ကို အခွင့်ပေးထားပြီဖြစ်၍ သူကျိန်ဆဲပါစေ။ သူ့ကို မဆီးတားကြနှင့်။
အကျွန်ုပ်သည် အကျွန်ုပ်၏ညီအစ်ကိုများအတွက် သူစိမ်းဖြစ်သွား၍ အကျွန်ုပ်မိခင်၏သားများအတွက် တစ်ပါးအမျိုးသားဖြစ်သွားပါပြီ။
ကိုယ်တော်သည် သိုးထိန်းကဲ့သို့ သိုးစုကို ထိန်းကျောင်းတော်မူမည်။ သိုးသငယ်တို့ကို လက်ရုံးတော်ဖြင့်စုစည်း၍ ရင်ခွင်၌ပွေ့ပိုက်တော်မူမည်။ သားငယ်ရှိသောသိုးမတို့ကိုလည်း ညင်ညင်သာသာပို့ဆောင်တော်မူမည်။
မိခင်သည် မိမိနို့စို့ကလေးကို မေ့လျော့နိုင်မည်လော။ မိမိဝမ်းနှင့်လွယ်သောသားသမီးကို မသနားဘဲနေမည်လော။ ထိုသို့မေ့လျော့နိုင်ခဲ့လျှင်ပင် ငါသည် သင့်ကိုမေ့လျော့မည်မဟုတ်။
လူတစ်ဦး၏ရန်သူတို့မှာလည်း သူ၏အိမ်သူအိမ်သားများဖြစ်ကြလိမ့်မည်။
ကြည့်ရှုလော့။ သင်တို့သည် တစ်ကွဲတစ်ပြားစီဖြစ်လျက် မိမိတို့အိမ်သို့ အသီးသီးပြန်သွားကြကာ ငါ့ကို တစ်ကိုယ်တည်းပစ်ထားမည့်အချိန်ရောက်လာမည်ဖြစ်ရာ ယခုပင်ရောက်လာလေပြီ။ သို့ရာတွင် ခမည်းတော်သည် ငါနှင့်အတူရှိတော်မူသောကြောင့် ငါသည် တစ်ကိုယ်တည်းမဟုတ်။
ဂျူးလူမျိုးတို့သည် သူ့ကို အပြင်သို့နှင်ထုတ်လိုက်ကြောင်း ယေရှုကြားတော်မူ၍ သူ့ကိုတွေ့ရှိလျှင်“သင်သည် လူ့သားကိုယုံကြည်သလော”ဟု မေးတော်မူ၏။
ငါ၏အမှုအတွက် ပထမအကြိမ်ချေပပြောဆိုရာတွင် မည်သူမျှ ငါ့ဘက်၌မနေဘဲ အားလုံးသည် ငါ့ကိုစွန့်ပစ်ကြ၏။ ဤအမှုအရာကြောင့် သူတို့၏အပြစ်ကို မှတ်တော်မမူပါစေနှင့်။