ဆာလံ 26:9 - မြန်မာ့စံမီသမ္မာကျမ်း အပြစ်သားတို့နှင့်အတူ အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလည်းကောင်း၊ လူ့အသက်သတ်သောသူတို့နှင့်အတူ အကျွန်ုပ်၏အသက်ကိုလည်းကောင်း ရုပ်သိမ်းတော်မမူပါနှင့်။ Common Language Bible ကျွန်တော်မျိုးအားအပြစ်ကူးသူများနှင့်တကွ ဖျက်ဆီးပစ်တော်မမူပါနှင့်။ သူသတ်သမားတို့၏ကံကြမ္မာကို ခံစေတော်မမူပါနှင့်။ Garrad Bible အ ပြစ် သား တို့ နှင့် အ တူ အ ကျွန်ုပ် ကိုယ် ကို လည်း ကောင်း၊ လူ သတ် တို့ နှင့် အ တူ အ ကျွန်ုပ် အ သက် ကို လည်း ကောင်း၊ ရုပ် သိမ်း တော် မ မူ ပါ နှင့်။ Judson Bible ပြစ်မှားသောသူတို့နှင့်အတူ အကျွန်ုပ်၏ဝိညာဉ်ကိုလည်းကောင်း၊ လူအသက်ကိုသတ်သော သူတို့နှင့်အတူ အကျွန်ုပ်အသက်ကိုလည်းကောင်း ချုပ်ထားတော်မမူပါနှင့်။ |
ဒါဝိဒ်မင်းကြီးလက်ထက်တွင် ငတ်မွတ်ခေါင်းပါးခြင်းဘေး သုံးနှစ်ဆက်တိုက်ဖြစ်၏။ ထို့ကြောင့် ဒါဝိဒ်မင်းကြီးက ထာဝရဘုရားထံမေးလျှောက်လျှင် ထာဝရဘုရားက “ရှောလုသည် ဂိဗောင်မြို့သားတို့ကို သတ်၍ အမျိုးအနွယ်ထဲတွင် သွေးစွန်းစေသောအပြစ်ကြောင့် ဤသို့ဖြစ်ရပြီ”ဟု မိန့်တော်မူ၏။
အို ဘုရားသခင်၊ ဆိုးယုတ်သောသူတို့ကို ကိုယ်တော် ကွပ်မျက်တော်မူလျှင် ကောင်းပေလိမ့်မည်။ သွေးဆာသောသူတို့၊ ငါ့ထံမှထွက်သွားကြလော့။
အို ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင်၊ လူသတ်ခြင်းအပြစ်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ရွှင်လန်းစွာသီချင်းဆိုပါမည်။
သို့သော် အို ဘုရားသခင်၊ ကိုယ်တော်သည် ထိုသူတို့ကို ပုပ်ပျက်ရာတွင်းထဲသို့ဆင်းသွားစေတော်မူ၏။ သွေးဆာသောသူနှင့် လိမ်လည်လှည့်ဖြားသော သူတို့သည် မိမိတို့နေ့ရက်ကာလ၏ထက်ဝက်မျှပင် အသက်ရှင်ရမည်မဟုတ်။ အကျွန်ုပ်မူကား ကိုယ်တော်ကိုယုံကြည်ကိုးစားပါမည်။
ထိုအခါ သင်တို့သည် ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကို ဆောင်သောသူနှင့် မဆောင်သောသူကို ပြန်၍ ပိုင်းခြားသိမြင်ကြလိမ့်မည်။
သူ့ကို ပြင်းစွာပြစ်ဒဏ်ပေးကာ သူတော်ကောင်းယောင်ဆောင်သောသူတို့နှင့်အတူ နေရာချထားလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်။
ထိုအခါ လူမျိုးအပေါင်းတို့ကို ရှေ့တော်၌ စုဝေးစေကြလိမ့်မည်။ ထို့နောက် သိုးထိန်းသည် သိုးတို့ကို ဆိတ်တို့နှင့် သီးခြားခွဲထားသကဲ့သို့ ကိုယ်တော်သည် သူတို့ကို တစ်ဦးနှင့်တစ်ဦး သီးခြားခွဲထားကာ
ထိုအခါ သူတို့သည်လည်း ‘သခင်ဘုရား၊ အကျွန်ုပ်တို့သည် မည်သည့်အခါတွင် ကိုယ်တော်ဆာလောင်တော်မူသည်ကိုလည်းကောင်း၊ ရေငတ်တော်မူသည်ကိုလည်းကောင်း၊ သူစိမ်းဧည့်သည်ဖြစ်တော်မူသည်ကိုလည်းကောင်း၊ အဝတ်မပါအချည်းစည်းဖြစ်တော်မူသည်ကိုလည်းကောင်း၊ နာမကျန်းဖြစ်တော်မူသည်ကိုလည်းကောင်း၊ ထောင်ကျတော်မူသည်ကိုလည်းကောင်း မြင်၍ ကိုယ်တော်ကိုမလုပ်ကျွေးမပြုစုဘဲနေကြသနည်း’ဟု ပြန်လျှောက်ကြလိမ့်မည်။
ထိုအခါ ဤသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့ သွားကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့မူကား ထာဝရအသက်ရှင်ရာသို့ သွားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
တစ်စုံတစ်ယောက်သည် ထ၍ သခင့်ကိုလိုက်ပြီး သခင့်အသက်ကို ရန်ရှာမည်ဆိုလျှင် သခင်၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်သခင်၏အသက်ကို အသက်အိတ်ထဲ၌လုံခြုံစွာ ထုပ်ထားတော်မူပါစေသော။ သခင့်ရန်သူတို့၏အသက်ကိုကား လောက်လွှဲထဲမှလောက်စာလုံးကို လွှဲပစ်သကဲ့သို့ လွှဲပစ်တော်မူပါစေသော။