ဘုန်းအသရေတော်အကြောင်းကို လူမျိုးခြားတို့အားလည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို လူမျိုးအပေါင်းတို့အားလည်းကောင်း ပြောကြားကြလော့။
ဆာလံ 26:7 - မြန်မာ့စံမီသမ္မာကျမ်း ကျေးဇူးတော်ချီးမွမ်းခြင်းအသံကိုလွှင့်၍ ကိုယ်တော်၏အံ့ဖွယ်သောအမှုရှိသမျှတို့ကို ပြောကြားပါမည်။ Common Language Bible ကျွန်တော်မျိုးသည်ကျေးဇူးတော်ချီးမွမ်းရာ သီချင်းကိုဆို၍ ကိုယ်တော်ရှင်ပြုတော်မူသောအံ့သြဖွယ် အမှုအရာအပေါင်းတို့ကိုပြောကြားပါ၏။ Garrad Bible သို့ မှ၊ ကျေး ဇူး တော် ချီး မွမ်း သံ ကို လွှင့် လျက်၊ အံ့ ဖွယ် ရာ အ မှု တော် ရှိ သ မျှ ကို ကြား ပြော ခွင့် ရ ပါ လိမ့် မည်။ Judson Bible အံ့ဩဖွယ်သော အမှုတော်အလုံးစုံတို့ကို ကြားပြောခြင်းငှာ၊ အကျွန်ုပ်သည် ကိုယ်လက်ကို အပြစ်ကင်းခြင်းနှင့်ဆေး၍၊ ယဇ်ပလ္လင်တော်ကို ဝန်းရံလျက်နေပါသည်၊ ထာဝရဘုရား။ |
ဘုန်းအသရေတော်အကြောင်းကို လူမျိုးခြားတို့အားလည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို လူမျိုးအပေါင်းတို့အားလည်းကောင်း ပြောကြားကြလော့။
ကိုယ်တော့်ထံသို့ သီချင်းဆိုကြလော့။ ကိုယ်တော်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်၏အံ့ဖွယ်သောအမှုရှိသမျှတို့ကို ဆင်ခြင်အောက်မေ့ကြလော့။
ဖြောင့်မတ်ခြင်းတံခါးတို့ကို ငါ့အတွက်ဖွင့်ပေးကြလော့။ ငါသည် ထိုတံခါးတို့မှဝင်၍ ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းမည်။
ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ငါတို့အား အလင်းကိုလည်း ပေးတော်မူ၏။ ပွဲတော်ပူဇော်သက္ကာကို ယဇ်ပလ္လင်၏ဦးချို၌ ကြိုးနှင့်ချည်ထားကြလော့။
ကိုယ်တော်၏ဥပဒေသလမ်းကို အကျွန်ုပ်အား နားလည်စေတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ဆင်ခြင်အောက်မေ့ပါမည်။
သန့်ရှင်းရာဌာနတော်ဘက်သို့ သင်တို့၏လက်ကိုမြှောက်၍ ထာဝရဘုရားကိုကောင်းချီးထောမနာပြုကြလော့။
အကျွန်ုပ်သည် ကိုယ်တော်၏ ဘုန်းကျက်သရေနှင့်ဆိုင်သည့် ဘုန်းအသရေခန့်ညားထည်ဝါမှုကိုလည်းကောင်း၊ ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း ဆင်ခြင်အောက်မေ့ပါမည်။
အံ့ဖွယ်သောအမှုတို့ကို တစ်ပါးတည်းသာပြုတော်မူသော အစ္စရေးလူမျိုးတို့၏ဘုရားသခင်တည်းဟူသော ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။
အကျွန်ုပ်သည် ထာဝရဘုရား၏ကျေးဇူးတော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းပါမည်။ ကိုယ်တော်၏အံ့ဖွယ်သောအမှုရှိသမျှတို့ကို ပြောကြားပါမည်။
ထိုအခါ အကျွန်ုပ်သည် ဇိအုန်သမီး၏တံခါးဝတို့၌ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို ပြောကြား၍ ကိုယ်တော်၏ကယ်တင်ခြင်း၌ ရွှင်လန်းနိုင်ပါမည်။
အို အမြင့်ဆုံးသောအရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းပါမည်။ ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းပါမည်။
ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ကိုယ်တော်၏ရှေ့တော်သို့ဝင်၍ တေးသီချင်းများဖြင့် ကိုယ်တော့်ထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြကုန်စို့။
သူငယ်နို့ပြတ်ပြီးမှ ဟန္နသည် နွားထီးသုံးကောင်၊ မုန့်ညက်တစ်ဧဖာ၊ စပျစ်ဝိုင်တစ်ဘူးကို ယူပြီးလျှင် သူငယ်ကို ထာဝရဘုရား၏အိမ်တော်ရှိရာ ရှိလောမြို့သို့ ခေါ်ဆောင်သွား၏။ သူငယ်ကား အလွန်နုနယ်သေး၏။
ဤသားကိုရဖို့ ဆုတောင်းခဲ့ရာ ထာဝရဘုရားသည် အကျွန်ုပ်တောင်းလျှောက်သောဆုကို ပေးသနားတော်မူပါပြီ။