ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် သင်၏စိတ်နှလုံးဆန္ဒများကို သင့်အားဖြည့်ဆည်းပေးတော်မူလိမ့်မည်။
ဆာလံ 21:2 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် သူ၏စိတ်နှလုံးအလိုဆန္ဒကို ဖြည့်ဆည်းပေး၍ သူ့နှုတ်တောင်းဆိုသောအရာကို ငြင်းပယ်တော်မမူပါ။(စေလာ) Common Language Bible ကိုယ်တော်ရှင်သည်သူလိုလားတောင့်တသည့် အရာကိုပေးတော်မူပြီ။ သူ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော် မူပြီ။ Garrad Bible ကိုယ် တော် သည်၊ သူ့ နှုတ် ထွက် လျှောက် ချက် ကို မ ပယ် ဘဲ၊ သ ဘော မြတ် ရာ ကို သ နား တော် မူ လျက်၊ Judson Bible သူ၏နှုတ်နှင့် ဆုတောင်းသည်ကို ငြင်းပယ်တော်မမူ။ သူ၏စိတ်အလိုရှိသည်အတိုင်း ပေးသနားတော်မူပြီ။ |
ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် သင်၏စိတ်နှလုံးဆန္ဒများကို သင့်အားဖြည့်ဆည်းပေးတော်မူလိမ့်မည်။
အကျွန်ုပ်၏မျက်စိသည် အကျွန်ုပ်ရန်သူတို့၏အဖြစ်ကိုမြင်ရပါ၏။ အကျွန်ုပ်၏နားသည်လည်း အကျွန်ုပ်ကိုဆန့်ကျင်လျက်ထကြွသည့် ဆိုးညစ်သောအမှုကိုပြုသောသူတို့၏အဖြစ်ကို ကြားရပါ၏။
ထို့ကြောင့် ကိုယ်တော်သည် မိမိအားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သောသူတို့ကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် အစဉ်အမြဲအသက်ရှင်လျက်ရှိတော်မူ၏။
ထို့နောက် ဟန္နက “အကျွန်ုပ်၏စိတ်နှလုံးသည် ထာဝရဘုရား၌ ရွှင်လန်း၏။ ထာဝရဘုရားသည် အကျွန်ုပ်၏ဦးချိုကို ချီးမြှောက်တော်မူပါ၏။ ထာဝရဘုရားသည် အကျွန်ုပ်ကို ကယ်တင်တော်မူသည်ဖြစ်၍ အကျွန်ုပ်သည် ဝမ်းမြောက်လျက် ရန်သူတို့ကို အားရစွာချေပပြောဆိုနိုင်ပါပြီ။