အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 20:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ထာဝရဘုရား​သည် သင့်​ကို​ထူး​တော်မူ​ပါစေသော​။ ယာကုပ်​၏​ဘုရားသခင်​နာမ​တော်​သည် သင့်​ကို​လုံခြုံ​စွာ​စောင့်ရှောက်​ပါစေသော​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဒုက္ခ​ရောက်​စဉ်​အ​ခါ​အ​ရှင်​မင်း​ကြီး​၏ ပတ္ထ​နာ​ကို ထာ​ဝ​ရ​ဘု​ရား​သည်​နား​ညောင်း​တော်​မူ ပါ​စေ​သော။ ယာ​ကုပ်​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​သည် အ​ရှင်​မင်း​ကြီး​အား ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။

Garrad Bible

ဒု က္ခ ရောက် သော နေ့ ရက်၌၊ ထာ ဝ ရ ဘု ရား သည် ဘု ရင် မင်း အား ထူး တော် မူ ပါ စေ သော၊ ယာ ကုပ်၏ ဘု ရား သ ခင့် နာ မ တော် သည်၊ ကိုယ် တော် ကို ချီး မြှင့် ပါ စေ သော။

အခန်းကိုကြည့်ပါ။

Judson Bible

ဘေး​အ​န္တ​ရာယ်​ရောက်​သော​ကာ​လ၌၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​စ​ကား​ကို​နား​ထောင်၍၊ ယာ​ကုပ်၏ ဘု​ရား​သ​ခင်​နာ​မ​တော်​သည် ချီး​မြှောက်​တော်​မူ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။



ဆာ​လံ 20:1
21 ပူးပေါင်းရင်းမြစ်များ  

ယုဒ​သည် ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​၊ အစ္စရေး​သည် ကိုယ်တော်​အုပ်စိုး​သော နိုင်ငံ​တော်​ဖြစ်လာ​၏​။


အကျွန်ုပ်​သည် ဆင်းရဲဒုက္ခ​ထဲ​၌ ကျင်လည်​ရ​သော်လည်း ကိုယ်တော်​သည် အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ရန်သူ​တို့​၏​အမျက်ဒေါသ​အပေါ်​၌ မိမိ​၏​လက်​တော်​ကို​ဆန့်​၍ ကိုယ်တော်​၏​လက်ယာ​လက်​တော်​ဖြင့် အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​မည်​။


ထာဝရဘုရား​သည် ငါ​၏​ကျောက်​၊ ငါ​၏​ရဲတိုက်​၊ ငါ့​ကို​ကယ်တင်​တော်မူ​သော​အရှင်​၊ ငါ​၏​ဘုရား​၊ ငါ​ခိုလှုံ​ရာ​ကျောက်ဆောင်​၊ ငါ​၏​ဒိုင်းလွှား​၊ ငါ​၏​ကယ်တင်​ခြင်း​ဦးချို​နှင့် ငါ​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။


ဆင်းရဲ​သော​သူ​ကို ဂရုပြု​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။ ဒုက္ခ​ရောက်​သော​နေ့​၌ ထာဝရဘုရား​သည် သူ့​ကို​လွတ်မြောက်​စေ​တော်မူ​မည်​။


ဘုရားသခင်​သည် ငါ​တို့​၏​ခိုလှုံ​ရာ​နှင့် အစွမ်းသတ္တိ​ဖြစ်​တော်မူ​၏​။ ဆင်းရဲဒုက္ခ​ရောက်​သောအခါ အမှန်တကယ်​တွေ့​ရ​သည့် ကူညီမစ​သော​အရှင်​ဖြစ်​တော်မူ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​၏​။ ယာကုပ်​၏​ဘုရားသခင်​သည် ငါ​တို့​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။(​စေလာ)


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​၏​။ ယာကုပ်​၏​ဘုရားသခင်​သည် ငါ​တို့​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။(​စေလာ)


“​ယဇ်ပူဇော်​ခြင်း​အားဖြင့် ငါ​နှင့်​ပဋိညာဉ်​ဖွဲ့​ကြ​သည့် ငါ​၏​သန့်ရှင်း​သူ​တို့​ကို ငါ့​ထံသို့​စုဝေး​စေ​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။


ရန်သူ့​လက်​မှ​လွတ်​ရန် အကျွန်ုပ်​တို့​ကို​ကူညီမစ​တော်မူ​ပါ​။ အကြောင်းမူကား လူ​ပေး​သော​ကယ်တင်​ခြင်း​သည် အချည်းနှီး​ဖြစ်​ပါ​၏​။


ထိုသို့ဖြင့် ထာဝရဘုရား​ဟူသော​နာမ​တော်​ရှိ​သည့် ကိုယ်တော်​တစ်ပါးတည်း​သာလျှင် ကမ္ဘာမြေ​တစ်ခွင်လုံး​၌ အမြင့်ဆုံး​သော​အရှင်​ဖြစ်ကြောင်း​ကို သူ​တို့​သိ​ကြ​ပါစေသော​။


ကိုယ်တော်​၏​နာမ​တော်​ကို​သိ​သော​သူ​တို့​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ကြ​ပါ​လိမ့်မည်​။ အကြောင်းမူကား အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကိုယ်တော်​ကို​ရှာ​သော​သူ​တို့​အား စွန့်ပစ်​တော်​မ​မူ​ပါ​။


ထာဝရဘုရား​၏​နာမ​တော်​သည် ခိုင်ခံ့​သော​ရဲတိုက်​ဖြစ်​၏​။ ဖြောင့်မတ်​သော​သူ​သည် ထို​ရဲတိုက်​သို့​ပြေးဝင်​၍ လုံခြုံ​စွာ​နေ​ရ​၏​။


သင်​တို့​တွင် မည်သူ​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့​သနည်း​။ မည်သူ​သည် ကိုယ်တော့်​အစေအပါး​၏​စကား​ကို နားထောင်​သနည်း​။ မည်သူ​သည် အလင်း​မ​ရှိ​ဘဲ အမှောင်ထု​ထဲ၌ သွားလာ​သနည်း​။ သူ​သည် ထာဝရဘုရား​၏​နာမ​တော်​၌ ယုံကြည်ကိုးစား​ပါစေ​။ ဘုရားသခင်​၌ ကိုးစား​ပါစေ​။


အမင်္ဂလာ​နေ့​ကြီး​ပါ​တကား​။ ဤ​နေ့​နှင့်​တူ​သော​နေ့​မ​ရှိ​။ ယာကုပ်​အမျိုး​တို့ ဒုက္ခ​ရောက်​သော​နေ့​ဖြစ်​၏​။ သို့သော် သူ​တို့​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ခရစ်တော်​သည် လူသား​အဖြစ်​၌​ရှိ​စဉ် သေ​ခြင်း​မှ​ကယ်တင်​နိုင်​သော​အရှင်​ထံ ကျယ်လောင်​သော​အော်ဟစ်​သံ​နှင့်​မျက်ရည်​တို့​ဖြင့် တောင်းလျှောက်​၍ အသနားခံ​သဖြင့် ထို​ကြည်ညို​မှု​ကြောင့် ဘုရားသခင်​သည် နားညောင်း​တော်မူ​၏။