ထာဝရဘုရားသည် မကောင်းမှုပြုသောသူတို့နှင့် ပတ်သက်သည့်အောက်မေ့စရာကို ကမ္ဘာမြေကြီးပေါ်မှဖယ်ရှားရန် သူတို့ထံမှ မျက်နှာလွှဲတော်မူ၏။
ဆာလံ 18:7 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်သည် အမျက်ထွက်တော်မူသောကြောင့် မြေကြီးသည် ယိမ်းထိုးလှုပ်ခါ၏။ တောင်များ၏အခြေအမြစ်တို့သည်လည်း ယိမ်းထိုးခါယမ်းကြ၏။ Common Language Bible ထိုအခါထာဝရဘုရား၏အမျက်တော် ကြောင့် ကမ္ဘာပေါ်တွင်သိမ့်သိမ့်တုန်အောင် မြေငလျင်လှုပ်လေ၏။ တောင်တို့သည်လည်းအောက်ခြေမှတုန်လှုပ် ကြကုန်၏။ Garrad Bible ထို အ ခါ၊ အ မျက် တော် ကြောင့် မြေ ကြီး ညွှတ် လျက် တုန် လှုပ် ခြင်း၊ တောင် များ ၏ အ ခြေ အ မြစ် လှုပ် ရှား ၍ ရွေ့ ခါ ခြင်း များ ဖြစ် ၏။ Judson Bible ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ တောင်အမြစ်တို့သည် တရွေ့ရွေ့လှုပ်ရှားကြ၏။ |
ထာဝရဘုရားသည် မကောင်းမှုပြုသောသူတို့နှင့် ပတ်သက်သည့်အောက်မေ့စရာကို ကမ္ဘာမြေကြီးပေါ်မှဖယ်ရှားရန် သူတို့ထံမှ မျက်နှာလွှဲတော်မူ၏။
ထာဝရဘုရားသည် စိတ်နှလုံးကျိုးပဲ့သောသူတို့နှင့် နီးတော်မူ၍ စိတ်ကြေမွသောသူတို့ကို ကယ်တင်တော်မူ၏။
အကျွန်ုပ်ထွက်ခွာသွား၍ ပျောက်ကွယ်မသွားမီ အကျွန်ုပ်ရွှင်လန်းခြင်းရှိစေရန် အကျွန်ုပ်ထံမှ အကြည့်လွှဲတော်မူပါ။”
ကိုယ်တော်သည် ကြောက်မက်ဖွယ်သေတွင်းနှင့် ရွှံ့နွံထဲမှ အကျွန်ုပ်ကိုထုတ်ဆောင်တော်မူပြီးလျှင် အကျွန်ုပ်၏ခြေကို ကျောက်ပေါ်၌ရပ်စေ၍ အကျွန်ုပ်၏ခြေလှမ်းများကို မြဲမြံစေတော်မူ၏။
ထို့ကြောင့် မြေကြီးသည် ပြောင်းလဲသွား၍ တောင်များသည် သမုဒ္ဒရာ၏အလယ်ဗဟိုသို့ ရွေ့သွားကြလျှင်ပင်လည်းကောင်း၊
ငါသည် တောင်ကြီးတို့ကိုကြည့်လိုက်သော် ၎င်းတို့သည် တုန်ခါလျက်၊ တောင်ငယ်ရှိသမျှလည်း လှုပ်ယမ်းလျက်နေ၏။
တောင်များသည် ကိုယ်တော်ကိုမြင်လျှင် တုန်လှုပ်ကြပါ၏။ မိုးသက်မုန်တိုင်းလည်း တိုက်ခတ်ပါ၏။ နက်ရှိုင်းရာအရပ်သည် ဟုန်းသံပေး၍ မိမိလက်များကိုလည်း အထက်သို့မြှောက်ပါ၏။
ရပ်တော်မူလျှင် မြေကြီးလှုပ်၍ ကြည့်တော်မူလျှင် တိုင်းနိုင်ငံတို့ တုန်လှုပ်ကြလေ၏။ ရှေးတောင်ကြီးများလည်း ကွဲလွင့်၍ ရှေးတောင်ကုန်းများလည်း နိမ့်ဝင်ကုန်၏။ နည်းလမ်းတော်တို့မူကား ထာဝရတည်၏။
ထိုနေ့ရက်တွင် ကိုယ်တော်သည် ဂျေရုဆလင်မြို့အရှေ့ဘက်ရှိ သံလွင်တောင်ပေါ်၌ ခြေချတော်မူလျှင် သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် နှစ်ခြမ်းကွဲ၍ ကျယ်ပြန့်သောချိုင့်ဝှမ်းလွင်ပြင်ကြီး ပေါ်လာလိမ့်မည်။ ထိုတောင်၏တစ်ဝက်သည် မြောက်ဘက်သို့လည်းကောင်း၊ ကျန်တစ်ဝက်သည် တောင်ဘက်သို့လည်းကောင်း ရွေ့သွားလိမ့်မည်။
ထိုစဉ် အလွန်ပြင်းထန်သော ငလျင်လှုပ်လေ၏။ အကြောင်းမူကား ထာဝရဘုရား၏ကောင်းကင်တမန်သည် ကောင်းကင်မှဆင်းလာ၍ ကျောက်တုံးကိုလှိမ့်ဖယ်ကာ ၎င်းအပေါ်၌ ထိုင်လေ၏။
ထိုသို့ သူတို့ဆုတောင်းပြီးသောအခါ သူတို့စုဝေးနေကြသောနေရာသည် တုန်လှုပ်၍ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဘုရားသခင်၏နှုတ်ကပတ်တရားကို ရဲရင့်စွာဟောပြောကြ၏။
ငါသည် ပရောဖက်ပြုဟောပြောနိုင်သောအခွင့်ကိုရရှိ၍ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာအလုံးစုံတို့ကို နားလည်သိရှိကာ တောင်များကိုရွှေ့နိုင်သည့် ယုံကြည်ခြင်းအပြည့်အဝရှိသော်လည်း မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။
ငါ့အမျက်မီးသည် စွဲ၍ မရဏာနိုင်ငံအောက်ဆုံးထိတိုင်အောင် တောက်လောင်လိမ့်မည်။ မြေကြီးနှင့် မြေကြီးအသီးအနှံတို့ကို ဝါးမျို၍ တောင်များ၏အခြေအမြစ်တို့ကို လောင်ကျွမ်းလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် စိရတောင်ပေါ်မှ ကြွတော်မူသောအခါ၊ ဧဒုံပြည်မှ ချီတော်မူသောအခါ မြေကြီးတုန်ခါပါ၏၊ ကောင်းကင်မှ မိုးရွာသွန်းပါ၏၊ တိမ်တိုက်မှလည်း မိုးရွာသွန်းပါ၏။