အို ဘုရားသခင်၊ အကျွန်ုပ်၏စိတ်နှလုံးသည် တည်ကြည်ပါ၏။ အကျွန်ုပ်သည် သီချင်းဆို၍ အကျွန်ုပ်၏စိတ်ဝိညာဉ်ဖြင့် သီဆိုချီးမွမ်းပါမည်။
ဆာလံ 18:49 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အို ထာဝရဘုရား၊ အကျွန်ုပ်သည် လူမျိုးတကာတို့အလယ်၌ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကိုသီဆိုချီးမွမ်းပါမည်။ Common Language Bible သို့ဖြစ်၍ကျွန်တော်မျိုးသည်လူမျိုးတကာတို့၏ ရှေ့တွင်ကိုယ်တော်ရှင်အားထောမနာပြုပါမည်။ ကိုယ်တော်အားထောမနာပြုသော သီချင်းကိုဆိုပါမည်။ Garrad Bible သို့ ဖြစ်၍၊ အို ထာ ဝ ရ ဘု ရား၊ ကျေး ဇူး တော် ကို လူ မျိုး ခြား တို့ ဘောင် တွင်၊ အ ကျွန်ုပ် ချီး မွမ်း ပါ မည်။ နာ မ တော့် ဂုဏ် ကို သီ ချင်း ဖွဲ့ ဆို ပါ မည်။ Judson Bible ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တစ်ပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကိုချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်းဆိုပါမည်။ |
အို ဘုရားသခင်၊ အကျွန်ုပ်၏စိတ်နှလုံးသည် တည်ကြည်ပါ၏။ အကျွန်ုပ်သည် သီချင်းဆို၍ အကျွန်ုပ်၏စိတ်ဝိညာဉ်ဖြင့် သီဆိုချီးမွမ်းပါမည်။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် လူမျိုးတကာတို့အလယ်တွင် ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းပါမည်။ လူတို့အလယ်တွင် ကိုယ်တော်ကို သီဆိုချီးမွမ်းပါမည်။
အို ထာဝရဘုရား၊ ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်အပေါင်းတို့သည် ကိုယ်တော်၏နှုတ်တော်ထွက်စကားတို့ကို ကြားရသည်ဖြစ်၍ ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းကြပါလိမ့်မည်။
အစ္စရေးအတွက် ကယ်တင်ခြင်းသည် ဇိအုန်မှပေါ်ထွန်းပါစေသော။ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောမိမိလူမျိုးတော်ကို ထာဝရဘုရားပြန်လာစေတော်မူသောအခါ ယာကုပ်သည်ရွှင်လန်းပါစေ။ အစ္စရေးသည်ဝမ်းမြောက်ပါစေ။
သို့ဖြစ်၍ အကျွန်ုပ်၏ဝိညာဉ်သည် တိတ်ဆိတ်စွာမနေဘဲ ကိုယ်တော်ကိုသီဆိုချီးမွမ်းပါမည်။ အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ကျေးဇူးတော်ကို အစဉ်အမြဲချီးမွမ်းပါမည်။
အို ဘုရားရှင်၊ အကျွန်ုပ်သည် လူမျိုးတကာတို့အလယ်တွင် ကိုယ်တော်ကိုချီးမွမ်းပါမည်။ လူတို့အလယ်တွင် ကိုယ်တော်ကို သီဆိုချီးမွမ်းပါမည်။
ထို့နောက် သူတို့သည် ချီးမွမ်းသီချင်းသီဆိုပြီးမှ သံလွင်တောင်သို့ထွက်သွားကြ၏။
လူမျိုးခြားတို့သည်လည်း ကရုဏာတော်ကြောင့် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြရန်ဖြစ်၏။ ဤသည်ကား ကျမ်းစာ၌ “ထို့ကြောင့် အကျွန်ုပ်သည် လူမျိုးခြားတို့အထဲတွင် ကိုယ်တော်ကိုထောမနာပြု၍ ကိုယ်တော်၏နာမတော်ကို ချီးမွမ်းသီဆိုပါမည်”ဟု ရေးထားသည့်အတိုင်းဖြစ်၏။
ခပ်သိမ်းသောအရာတို့အား အသက်ကိုပေးတော်မူသော ဘုရားသခင်၏ရှေ့တော်၌လည်းကောင်း၊ ပုန္တိပိလတ်ရှေ့တွင် သက်သေခံသောအခါ ကောင်းသောဝန်ခံချက်ကိုပေးတော်မူသော ခရစ်တော်ယေရှု၏ရှေ့တော်၌လည်းကောင်း သင့်အား ငါညွှန်ကြားသည်ကား