ကိုယ်တော်သည် အဖိနှိပ်ခံရသောလူမျိုးကို ကယ်တင်တော်မူ၏။ ထောင်လွှားသောသူတို့ကိုကား နှိမ့်ချဖို့ စောင့်ကြည့်တော်မူ၏။
ဆာလံ 18:27 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကိုယ်တော်သည် အဖိနှိပ်ခံရသောလူမျိုးကို ကယ်တင်တော်မူ၏။ ထောင်လွှားသောမျက်နှာကိုကား နိမ့်ကျစေတော်မူ၏။ Common Language Bible ကိုယ်တော်သည်စိတ်နှလုံးနှိမ့်ချသူတို့အား ကယ်တော်မူပါ၏။ သို့ရာတွင်မာနထောင်လွှားသူတို့ကိုမူ နိမ့်ကျစေတော်မူပါ၏။ Garrad Bible ညှဉ်း ပန်း ခံ ရ သူ တို့ ကို ကယ် တော် မူ ပါ လိမ့် မည်။ မော် မောက် သူ တို့ မျက် စိ များ ကို ကား၊ နှိမ့် ချ တော် မူ ပါ လိမ့် မည်။ Judson Bible နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည်ကယ်တင်၍၊ ထောင်လွှားသော မျက်နှာကိုမူကား ရှုတ်ချတော်မူ၏။ |
ကိုယ်တော်သည် အဖိနှိပ်ခံရသောလူမျိုးကို ကယ်တင်တော်မူ၏။ ထောင်လွှားသောသူတို့ကိုကား နှိမ့်ချဖို့ စောင့်ကြည့်တော်မူ၏။
ဆိုးယုတ်သောသူသည် ဘဝင်မြင့်၍ ကိုယ်တော်ကိုမရှာတတ်။ “ဘုရားသခင်မရှိ”ဟု အစဉ်တွေးတောတတ်၏။
မိမိ၏အိမ်နီးချင်းကို ကွယ်ရာတွင် မတရားစွပ်စွဲပြောဆိုသောသူကို အကျွန်ုပ်ဖယ်ရှားသုတ်သင်ပါမည်။ ဘဝင်မြင့်သောမျက်နှာနှင့် မော်ကြွားသောစိတ်နှလုံးရှိသူကို အကျွန်ုပ်သည်းခံမည်မဟုတ်ပါ။
အို ထာဝရဘုရား၊ ထတော်မူပါ။ သူ့ကိုထိပ်တိုက်ရင်ဆိုင်၍ ညွတ်တွားစေတော်မူပါ။ ကိုယ်တော်၏ဓားဖြင့် ဆိုးယုတ်သောသူ၏လက်မှ အကျွန်ုပ်၏အသက်ကို ကယ်တင်တော်မူပါ။
ဖြောင့်မတ်သောသူသည် ဒုက္ခများစွာခံရသော်လည်း ထိုဒုက္ခအားလုံးထဲမှ သူ့ကို ထာဝရဘုရားကယ်နုတ်တော်မူ၏။
အဖိနှိပ်ခံရသောဤသူ ခေါ်သောအခါ ထာဝရဘုရားသည် နားထောင်၍ သူ၏ဆင်းရဲဒုက္ခအပေါင်းတို့မှ သူ့ကိုကယ်တင်တော်မူ၏။
အကျွန်ုပ်မူကား အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူဖြစ်ပါ၏။ ဘုရားရှင်သည် အကျွန်ုပ်အတွက်စဉ်းစားပေးတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကိုကူညီမစသောအရှင်၊ အကျွန်ုပ်ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ အကျွန်ုပ်၏ဘုရားသခင်၊ နှောင့်နှေးတော်မမူပါနှင့်။
သို့သော် နွမ်းပါးသောသူတို့သည် အစဉ်မေ့လျော့ခြင်းခံရမည်မဟုတ်။ အဖိနှိပ်ခံရသောသူတို့၏မျှော်လင့်ခြင်းသည်လည်း ထာဝစဉ်ပျက်စီးသွားမည်မဟုတ်။
မိမိ၏အညစ်အကြေးကို မဆေးကြောဘဲ ကိုယ့်ကိုယ်ကိုယ်စင်ကြယ်သည်ဟု ထင်မြင်သောသူများရှိ၏။
ဘုရားရှင်သည် ဇိအုန်တောင်နှင့်ဂျေရုဆလင်မြို့၌ ပြုရမည့်အမှုရှိသမျှကို ပြုပြီးသောအခါ စိတ်နှလုံးခက်ထန်သော၊ မျက်နှာထောင်လွှားသော အဆီးရီးယားဘုရင်ကို အပြစ်ဒဏ်ပေးမည်။
သူတို့၏မျက်နှာထားသည် သူတို့ကို သက်သေခံနေ၏။ သူတို့သည် မိမိတို့အပြစ်ကိုထိမ်ဝှက်မထားဘဲ သောဒုံမြို့ကဲ့သို့ ပြောကြားကြ၏။ မကောင်းမှုကို ကိုယ့်အပေါ်ကိုယ် ကျရောက်စေကြသောကြောင့် သူတို့၏စိတ်ဝိညာဉ်သည် အမင်္ဂလာရှိ၏။
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
ထာဝရဘုရားက “အလုံးစုံကို ငါ့လက်ဖြင့်ဖန်ဆင်း၍ အလုံးစုံသည် ဖြစ်တည်လေပြီ။ စိတ်နှိမ့်ချသောသူ၊ နောင်တရသောသူ၊ ငါ့နှုတ်ထွက်စကားကြောင့် စိုးရိမ်ထိတ်လန့်သောသူကို ငါကြည့်ရှုမည်။
ငါ့လူမျိုးတော်သည် အသိပညာမဲ့သောကြောင့် ပျက်စီးရလေပြီ။ သင်သည် အသိပညာကို ငြင်းပယ်သောကြောင့် သင့်ကို ယဇ်ပုရောဟိတ်အဖြစ်မှ ငါစွန့်ပယ်မည်။ သင်သည် ဘုရားသခင်၏ပညတ်တရားတော်ကို မေ့လျော့သောကြောင့် သင့်သားသမီးတို့ကို ငါမေ့လျော့မည်။
သင်တို့အား ငါဆိုသည်ကား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် မိမိအိမ်သို့ပြန်သွားသောသူမှာ ဤအခွန်ကောက်ခံသူဖြစ်၍ ထိုဖာရိရှဲမဟုတ်။ အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား သင်တို့သည် ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်ကိုသိကြ၏။ ကိုယ်တော်သည် ကြွယ်ဝသော်လည်း သူ၏ဆင်းရဲခြင်းအားဖြင့် သင်တို့ကြွယ်ဝကြမည့်အကြောင်း သင်တို့အတွက် ဆင်းရဲခြင်းကိုခံတော်မူ၏။
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝသောသူအဖြစ်လည်းကောင်း၊ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသောနိုင်ငံတော်ကို အမွေဆက်ခံသူအဖြစ်လည်းကောင်း ရွေးကောက်တော်မူသည်မဟုတ်လော။