ထိုအချိန်၌ မြေကြီးသည် ဘုရားသခင်ရှေ့တော်၌ ယိုယွင်းပျက်စီးလျက်ရှိ၏။ မြေကြီးသည် ရက်စက်ကြမ်းကြုတ်မှုနှင့် ပြည့်နှက်လျက်ရှိ၏။
ဆာလံ 17:4 - မြန်မာ့စံမီသမ္မာကျမ်း လူတို့၏လုပ်ဆောင်မှုများနှင့်ပတ်သက်၍မူကား ကြမ်းကြုတ်သောလမ်းများကို ကိုယ်တော်၏နှုတ်တော်ထွက်စကားအားဖြင့် အကျွန်ုပ်ရှောင်ကြဉ်ခဲ့ပါ၏။ Garrad Bible လူ တို့ ဘာ ဝ အ ပြု အ ကျင့် များ ကို၊ ထောက် လျှင်၊ နှုတ် တော် ထွက် ဗျာ ဒိတ် တော် အား ဖြင့်၊ ကြမ်း ကြုတ် သူ တို့ နည်း လမ်း မှ၊ အ ကျွန်ုပ် လွှဲ ရှောင် လျက် နေ ခဲ့ ပါ ပြီ။ Judson Bible လူပြုတတ်သော အမှုများမှာ၊ ဖျက်ဆီးတတ်သောသူ၏လမ်းတို့ကို နှုတ်ကပတ်တော်အားဖြင့် အကျွန်ုပ်ရှောင်ပါပြီ။ |
ထိုအချိန်၌ မြေကြီးသည် ဘုရားသခင်ရှေ့တော်၌ ယိုယွင်းပျက်စီးလျက်ရှိ၏။ မြေကြီးသည် ရက်စက်ကြမ်းကြုတ်မှုနှင့် ပြည့်နှက်လျက်ရှိ၏။
မြေကြီးပေါ်တွင် လူ၏မကောင်းမှုများပြား၍ လူ့စိတ်နှလုံး၏တွေးတောကြံစည်မှုရှိသမျှတို့သည် အစဉ်အမြဲဆိုးညစ်ခြင်းသက်သက်သာဖြစ်ကြောင်းကို ထာဝရဘုရားမြင်တော်မူ၏။
ထိုသို့ဆိုလျှင် ရေသောက်သကဲ့သို့ မကောင်းမှုကိုပြု၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောသူ၊ အကျင့်ပျက်ပြားသောသူတို့မူကား အဘယ်သို့ဆိုဖွယ်ရာရှိမည်နည်း။
ငါသည် အခြားသောသူတို့ပြုတတ်သကဲ့သို့ ကိုယ့်အပြစ်ကို ဖုံးကွယ်ဖူးသလော။ ကိုယ့်ဒုစရိုက်ကို စိတ်ထဲ၌ဝှက်ထားဖူးသလော။
ယေရှုကလည်း“အချင်းစာတန်၊ ထွက်သွားလော့။ ‘သင်၏ဘုရားသခင်ထာဝရဘုရားကိုရှိခိုး၍ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း“ ‘လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်။ ဘုရားသခင်၏နှုတ်တော်ထွက်စကားရှိသမျှအားဖြင့် အသက်ရှင်၏’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
ယေရှုကလည်း“ ‘သင်၏ဘုရားသခင်ထာဝရဘုရားကို အကဲမစမ်းရ’ဟူ၍လည်း ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏။
အကြောင်းမူကား သင်တို့သည် သွေးသားဇာတိ၌ရှိသောသူများဖြစ်ကြသေး၏။ သင်တို့ကြား၌ မနာလိုခြင်းနှင့်ပဋိပက္ခဖြစ်ခြင်းရှိကြသည်မှာ သင်တို့သည် သွေးသားဇာတိ၌ရှိသူများဖြစ်ကြပြီး သာမန်လူသားအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောကြောင့်မဟုတ်လော။
ကယ်တင်ခြင်းသံခမောက်နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်တည်းဟူသော ဝိညာဉ်တော်ဓားကိုလည်း ယူကြလော့။
ကိုယ်တော်သည် မိမိဖန်ဆင်းတော်မူသောအရာတို့တွင် ငါတို့ကို အသီးဦးသဖွယ်ဖြစ်စေရန် အလိုတော်ရှိသည့်အတိုင်း သမ္မာတရား၏နှုတ်ကပတ်တော်အားဖြင့် ငါတို့ကိုဖြစ်ပွားစေတော်မူ၏။
သမ္မာသတိရှိလျက် နိုးကြားစွာစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသောမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။
ညီအစ်ကိုများသည် သိုးသငယ်တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံသောနှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊ သူ့ကိုအောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရသည့်တိုင်အောင် မိမိတို့အသက်ကိုနှမြောခြင်းမရှိကြ။
သူတို့၏ဘုရင်ကား အတိုင်းမသိနက်ရှိုင်းရာအရပ်၏စေတမန်ဖြစ်၏။ ထိုသူ၏အမည်မှာ ဟေဗြဲဘာသာစကားအားဖြင့် အဗဒ္ဒုန်ဟူ၍ဖြစ်ပြီး ဂရိဘာသာစကားအားဖြင့် အပေါလျုန်ဟူ၍ဖြစ်၏။
ထာဝရဘုရား ဘိသိက်ပေးထားသောသူကို ကိုယ်ထိလက်ရောက်ပြုမိသည့်အပြစ်မှ ထာဝရဘုရားသည် ငါနှင့်ဝေးစေပါစေသော။ ယခု သူ့ခေါင်းရင်းရှိ လှံနှင့် သူ့ရေဘူးကို ယူပြီး ငါတို့ သွားကြစို့”ဟု ဆို၏။
သို့သော် ဒါဝိဒ်က အဘိရှဲအား “သူ့ကို မသတ်နှင့်။ ထာဝရဘုရား ဘိသိက်ပေးထားသောသူကို ကိုယ်ထိလက်ရောက်ပြုသောသူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်လော”ဟု ဆို၏။