ကိုယ်တော်အုပ်စိုးသောအရပ်ရှိသမျှတို့မှ ကိုယ်တော်ပြုလုပ်ဖန်ဆင်းသောအရာရှိသမျှတို့၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။ အို ငါ၏စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။
ဆာလံ 150:6 - မြန်မာ့စံမီသမ္မာကျမ်း သက်ရှိသတ္တဝါအပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြပါစေ။ ဟာလေလုယ။ Common Language Bible သက်ရှိသတ္တဝါအပေါင်းတို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ ထာဝရဘုရားအားထောမနာပြုကြလော့။ ဒါဝိဒ်မင်းကြီးနှင့်ရှင်အာသပ်အစရှိသော ပရောဖက်များတို့ရေးထားသောဆာလံကျမ်း ပြီး၏။ Garrad Bible ထွက် သက် ဝင် သက် ရှိ သ မျှ သ တ္တ ဝါ တို့ သည်၊ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း ကြ စေ။ ဟာ လေ လု ယ။ Judson Bible အသက်ရှိသောသူအပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြစေ။ ဟာလေလုယ။ ဒါဝိဒ်မင်းကြီးနှင့် ရှင်အာသပ်အစရှိသောပရောဖက်များတို့သည် စီရင်ရေးထားသောဆာလံကျမ်းပြီး၏။ |
ကိုယ်တော်အုပ်စိုးသောအရပ်ရှိသမျှတို့မှ ကိုယ်တော်ပြုလုပ်ဖန်ဆင်းသောအရာရှိသမျှတို့၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။ အို ငါ၏စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။
အို ထာဝရဘုရား၊ ကိုယ်တော်ပြုလုပ်ဖန်ဆင်းသောအရာရှိသမျှတို့သည် ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းကြပါလိမ့်မည်။ ကိုယ်တော်၏သန့်ရှင်းသူအပေါင်းတို့သည်လည်း ကိုယ်တော်ကို ကောင်းချီးထောမနာပြုကြပါလိမ့်မည်။
ငါ၏နှုတ်သည် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကိုမြွက်ဆိုမည်။ သတ္တဝါအပေါင်းတို့သည် ကိုယ်တော်၏ သန့်ရှင်းသောနာမတော်ကို ကာလအစဉ်အဆက် ကောင်းချီးထောမနာပြုကြပါစေ။
ကိုယ်တော်၏နာမတော်တစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရ၍ ကိုယ်တော်၏ဘုန်းကျက်သရေသည် မြေကြီးနှင့် ကောင်းကင်အထက်၌ရှိတော်မူသောကြောင့် သူတို့သည် ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြပါစေ။
ဖတဆိုးတို့၏ဖခင်၊ မုဆိုးမတို့အတွက်တရားစီရင်ပေးသောအရှင်မှာ မိမိ၏သန့်ရှင်းသောကိန်းဝပ်ရာအရပ်၌ ရှိတော်မူသော ဘုရားသခင်ပေတည်း။
ထို့ပြင် ကောင်းကင်နှင့်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်နှင့်ပင်လယ်ထဲ၌လည်းကောင်း ရှိကြသော သတ္တဝါအပေါင်းတို့နှင့် ခပ်သိမ်းသောအရာတို့က “ကောင်းချီးမင်္ဂလာ၊ ဂုဏ်သရေ၊ ဘုန်းအသရေနှင့် တန်ခိုးအရှိန်အဝါတို့သည် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်နှင့် သိုးသငယ်တော်၌ ကမ္ဘာအဆက်ဆက်ရှိပါစေသော”ဟု ကြွေးကြော်ကြသည်ကို ငါကြားရ၏။