ပြက်ရယ်ပြုတတ်သောသူကို နှင်ထုတ်လော့။ သို့ပြုလျှင် အငြင်းပွားမှုသည် ထွက်သွား၍ ခိုက်ရန်ဖြစ်ခြင်းနှင့်အရှက်ကွဲခြင်းသည်လည်း အဆုံးသတ်သွားလိမ့်မည်။
ဆာလံ 15:3 - မြန်မာ့စံမီသမ္မာကျမ်း မိမိနှုတ်ဖြင့်အတင်းပြောဆိုခြင်းမပြုသောသူ၊ မိမိ၏အိမ်နီးချင်းအပေါ်မကောင်းမှုကိုမပြုသောသူ၊ မိမိဝန်းကျင်၌ရှိသောသူကို ကဲ့ရဲ့ပြစ်တင်ခြင်းမပြုသောသူ၊ Common Language Bible သူတစ်ပါး၏အသရေကိုမဖျက်တတ်သူ ဖြစ်ပါ၏။ ထိုသူသည်မိမိ၏မိတ်ဆွေများကိုမပြစ်မှားတတ်။ အိမ်နီးချင်းတို့၏အကြောင်းကိုလည်းမကောင်း သတင်း မလွှင့်တတ်။ Garrad Bible လျှာ ဖြင့် ကုန်း ချော ခြင်း၊ သူ တစ် ပါး၌ ဆိုး သွမ်း ခြင်း၊ အိမ် နီး ချင်း အား ကဲ့ ရဲ့ ခြင်း မ ပြု သူ၊ Judson Bible သူတစ်ပါး၏အသရေကို ပျက်စေခြင်းငှာပြောဆိုခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အကျိုးကိုပြစ်မှားခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်း ကဲ့ရဲ့ခြင်းကိုရှောင်ထသော၊ |
ပြက်ရယ်ပြုတတ်သောသူကို နှင်ထုတ်လော့။ သို့ပြုလျှင် အငြင်းပွားမှုသည် ထွက်သွား၍ ခိုက်ရန်ဖြစ်ခြင်းနှင့်အရှက်ကွဲခြင်းသည်လည်း အဆုံးသတ်သွားလိမ့်မည်။
မိုးကောင်းကင်၏အမြင့်နှင့်မြေကြီး၏အနက်ကို စူးစမ်း၍မရသကဲ့သို့ ရှင်ဘုရင်တို့၏စိတ်နှလုံးကို စူးစမ်း၍မရနိုင်။
ထိုသို့ပြုသောသူ၊ ထိုအရာကိုဆုပ်ကိုင်ထားသောလူသား၊ ဥပုသ်နေ့ကိုမညစ်ညူးစေဘဲ စောင့်ထိန်းသောသူ၊ မည်သည့်မကောင်းမှုကိုမျှမပြုမိစေရန် မိမိလက်ကိုချုပ်တည်းသောသူသည် မင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
သင်၏လူမျိုးတို့တွင် လှည့်လည်၍ သူတစ်ပါးအသရေပျက်အောင် မပြောရ။ သင်၏အိမ်နီးချင်းကို အသက်အန္တရာယ်ဖြစ်အောင် မပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။
သို့ဖြစ်၍ သင်တို့သည် သူတစ်ပါးအားသင်တို့အပေါ်ပြုစေလိုသမျှအတိုင်း သူတစ်ပါးအပေါ်ပြုကြလော့။ ဤသည်ကား ပညတ်တရားကျမ်းနှင့်ပရောဖက်ကျမ်းများ၏အချုပ်ဖြစ်၏။
ပုတ်ခတ်ပြောဆိုသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ မိုက်ရိုင်းသောသူ၊ မာနထောင်လွှားသောသူ၊ ကြွားဝါသောသူ၊ မကောင်းသောအမှုများကို တီထွင်ကြံစည်သောသူ၊ မိဘစကားကိုနားမထောင်သောသူ၊
မည်သူ့ကိုမျှ အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်။ လူအပေါင်းတို့ရှေ့၌ တင့်တယ်လျောက်ပတ်သောအမှုကို ပြုမူကျင့်ကြံကြလော့။
ချစ်ခြင်းမေတ္တာသည် ကိုယ့်ဝန်းကျင်၌ရှိသောသူအပေါ် မကောင်းသောအမှုကိုမပြုတတ်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည် ပညတ်တရား၏ပြည့်စုံရာဖြစ်၏။
မည်သူ့ကိုမျှ စော်ကားပြောဆိုခြင်း၊ ရန်တွေ့ခြင်းမပြုဘဲ ညင်သာသောသဘောရှိလျက် လူအပေါင်းတို့အပေါ် နူးညံ့သိမ်မွေ့ခြင်းကိုပြသရန်လည်းကောင်း သူတို့အား သတိပေးနှိုးဆော်လော့။
ညီအစ်ကိုတို့၊ အချင်းချင်းပုတ်ခတ်ပြောဆိုခြင်းမပြုကြနှင့်။ ညီအစ်ကိုကိုပုတ်ခတ်ပြောဆိုသောသူ၊ သို့မဟုတ် မိမိညီအစ်ကိုကိုစီရင်သောသူသည် ပညတ်တရားကိုပုတ်ခတ်ပြောဆို၍ ပညတ်တရားကိုစီရင်သူဖြစ်၏။ သင်သည် ထိုသို့ ပညတ်တရားကိုစီရင်လျှင် ပညတ်တရားကိုလိုက်နာကျင့်သုံးသောသူမဟုတ်ဘဲ တရားစီရင်သောသူဖြစ်၏။
ချစ်ရသောသူ၊ မကောင်းသောအမှုကိုအတုမယူဘဲ ကောင်းသောအမှုကိုအတုယူလော့။ ကောင်းသောအမှုကိုပြုသောသူသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ မကောင်းသောအမှုကိုပြုသောသူမူကား ဘုရားသခင်ကို မသိမမြင်ဖူးချေ။
အကျွန်ုပ်၏ဖခင်၊ ယခု အကျွန်ုပ်လက်ထဲမှ အရှင်မင်းကြီး၏ဝတ်လုံစကို သေသေချာချာကြည့်ပါ။ အရှင်မင်းကြီး၏ဝတ်လုံစွန်းကိုသာ ဖြတ်ခဲ့ပါ၏။ အရှင်မင်းကြီးကို မသတ်ခဲ့ပါ။ ထို့ကြောင့် အရှင်မင်းကြီးကို အကျွန်ုပ် မကောင်းမကြံ၊ မပုန်ကန်ကြောင်းကို သိမှတ်တော်မူပါ။ အကျွန်ုပ်သည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သို့သော် အရှင်မင်းကြီးသည် အကျွန်ုပ်ကို လိုက်လံသတ်ဖြတ်နေပါ၏။