အကျွန်ုပ်ကယ်တင်ခြင်းခံရရန် အကျွန်ုပ်ကိုဖေးမတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အစဉ်မပြတ် အရေးတယူပြုပါမည်။
ဆာလံ 145:14 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် လဲကျသောသူရှိသမျှတို့ကို ထောက်မ၍ ကိုင်းညွတ်နိမ့်ကျနေသောသူအပေါင်းတို့ကို ထူမတော်မူ၏။ Common Language Bible ကိုယ်တော်သည်ဒုက္ခရောက်သူအပေါင်းကို ကူမတော်မူ၏။ လဲကျနေသူအပေါင်းကိုကူမတော်မူ၏။ Garrad Bible ထာ ဝ ရ ဘု ရား သည် ပြို လဲ သူ ရှိ သ မျှ တို့ ကို ထောက် မ၍၊ ငုံ့ လျှိုး ရ သူ အ ပေါင်း တို့ ကို ထူ ပင့် တော် မူ၏။ Judson Bible နှိမ့်ချသောသူအပေါင်းတို့ကို ကြွပင့်တော်မူ၏။ |
အကျွန်ုပ်ကယ်တင်ခြင်းခံရရန် အကျွန်ုပ်ကိုဖေးမတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အစဉ်မပြတ် အရေးတယူပြုပါမည်။
ထာဝရဘုရားသည် မျက်မမြင်တို့ကို မြင်စေတော်မူ၏။ ထာဝရဘုရားသည် ကိုင်းညွတ်နိမ့်ကျနေသောသူတို့ကို ထူမတော်မူ၏။ ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ချစ်တော်မူ၏။
ထာဝရဘုရားသည် သူ့ကို မိမိလက်တော်ဖြင့် ထောက်မတော်မူသောကြောင့် သူသည်လဲကျလျှင်လည်း ပြန်မထနိုင်တော့သည့်အဖြစ်သို့ ရောက်လိမ့်မည်မဟုတ်။
အကျွန်ုပ်သည် ခေါင်းကိုငုံ့လျက်၊ လုံးလုံးငိုက်စိုက်ချလျက်၊ တစ်နေ့လုံးဝမ်းနည်းပူဆွေးလျက် သွားလာရပါ၏။
အို ငါ၏စိတ်ဝိညာဉ်၊ သင်သည် အဘယ်ကြောင့်ညှိုးငယ်သနည်း။ ငါ့အထဲ၌ အဘယ်ကြောင့်မငြိမ်မသက်ဖြစ်သနည်း။ ဘုရားသခင်ကို မျှော်လင့်ကိုးစားလော့။ ငါသည် ကိုယ်တော်၏ကယ်တင်ခြင်းကို ထပ်၍ချီးမွမ်းမည်။
“ငါ့ခြေချော်ပြီ”ဟု အကျွန်ုပ်ဆိုသောအခါ အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အကျွန်ုပ်ကိုဖေးမတော်မူ၏။