သင်တို့သည် ကြာရှည်စွာသိုထားသောသီးနှံအဟောင်းကို စားရလိမ့်မည်။ သီးနှံအသစ်ပေါ်သောအခါ အဟောင်းကိုထုတ်ပစ်ရလိမ့်မည်။
ဆာလံ 144:13 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့၏ကျီများသည် လယ်ယာထွက်ကုန် အမျိုးမျိုးတို့ဖြင့် ပြည့်ကြပါစေသော။ အကျွန်ုပ်တို့၏သိုးများသည် အကျွန်ုပ်တို့၏ ကွင်းပြင်များထဲတွင် ထောင်သောင်းမက ပွားများကြပါစေသော။ Common Language Bible ကျွန်တော်မျိုးတို့၏ကျီများသည်အသီးအနှံ အမျိုးမျိုးဖြင့်ပြည့်လျက်ရှိပါစေသော။ ကွင်းပြင်များရှိသိုးများသည်ထောင်ပေါင်း များစွာသောသိုးငယ်တို့ကိုမွေးဖွားကြ ပါစေသော။ Garrad Bible စား နပ် ရိ က္ခာ အ မျိုး မျိုး နှင့် ပြည့် စုံ လျက်၊ သိုး များ သည်၊ ကွင်း ပြင် များ၌ အ ထောင် အ သောင်း မွေး ဖွား လျက်၊ Judson Bible အကျွန်ုပ်တို့၏ဘဏ္ဍာတိုက်တို့သည် အစားအသောက် အသုံးအဆောင်များနှင့် ပြည့်စုံခြင်း၊ သိုးတို့သည် ပြင်အရပ်တို့၌ အထောင်အသောင်းမွေးဖွားခြင်း၊ |
သင်တို့သည် ကြာရှည်စွာသိုထားသောသီးနှံအဟောင်းကို စားရလိမ့်မည်။ သီးနှံအသစ်ပေါ်သောအခါ အဟောင်းကိုထုတ်ပစ်ရလိမ့်မည်။
သင်တို့သည် စပျစ်သီးဆွတ်ခူးချိန်အထိ တလင်းနယ်ရလိမ့်မည်။ စိုက်ပျိုးချိန်အထိ စပျစ်သီးဆွတ်ခူးရလိမ့်မည်။ အစားအစာကို ဝစွာစားရ၍ သင်တို့၏ပြည်၌ ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။
ငါ့အိမ်တော်၌စားစရာရှိနေစေရန် ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ ယူဆောင်လာကြလော့။ ငါသည် ကောင်းကင်တံခါးတို့ကိုဖွင့်၍ နေရာလပ်မကျန်သည့်တိုင်အောင် ကောင်းချီးမင်္ဂလာသွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို ဤနည်းဖြင့် ငါ့ကို စမ်းသပ်ကြလော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
သင့်သားသမီး၊ သင့်မြေ၏အသီးအနှံ၊ သင့်တိရစ္ဆာန်၏သားပေါက်များဖြစ်သည့် သင့်နွားသားပေါက်များ၊ သင့်သိုးဆိတ်သားပေါက်များသည် ကောင်းချီးခံစားရမည်။
ထာဝရဘုရားသည် သင်၏ကျီ၌လည်းကောင်း၊ သင်လုပ်ဆောင်လေရာရာ၌လည်းကောင်း ကောင်းချီးမင်္ဂလာ သက်ရောက်စေတော်မူမည်။ သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်ကောင်းချီးခံစားရမည်။
လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်ဘဲ ထာဝရဘုရား၏နှုတ်တော်ထွက်စကားရှိသမျှအားဖြင့် အသက်ရှင်သည်ကို သင်သိမြင်မည့်အကြောင်း ကိုယ်တော်သည် သင့်ကိုနှိမ့်ချလျက် ငတ်မွတ်စေပြီး သင်မသိ၊ သင်၏ဘိုးဘေးတို့လည်းမသိသော မန္နမုန့်ဖြင့် သင့်အားကျွေးမွေးတော်မူခဲ့၏။