ငါသည် ထာဝရဘုရားထံသို့ ငါ့အသံကိုလွှင့်၍ အော်ဟစ်၏။ ထာဝရဘုရားထံသို့ ငါ့အသံကိုလွှင့်၍ အသနားခံတောင်းလျှောက်၏။
ကူမတော်မူရန်ငါသည်ထာဝရဘုရားအား ဟစ်ခေါ်ပါ၏။ ကိုယ်တော်၏ထံတော်တွင်အသနားခံပါ၏။
ငါ သည် ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ခေါ် သံ၊ ဘု ရား သ ခင့် ထံ အ သ နား တော် ခံ သံ လွှင့် လျက်၊
ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်၏။ ငါ့အသံကို ထာဝရဘုရားထံသို့ လွှင့်၍ ဆုတောင်းပတ္ထနာပြု၏။
ယာဗက်က အစ္စရေးလူမျိုး၏ဘုရားသခင်ထံ “အကျွန်ုပ်ကို ကောင်းချီးပေးတော်မူပါ။ အကျွန်ုပ်နယ်မြေကို ကျယ်ဝန်းစေတော်မူပါ။ အကျွန်ုပ်နှင့်အတူ ပါရှိတော်မူပြီး ထိခိုက်ဒဏ်ရာရမည့်ဘေးအန္တရာယ်မှ ကွယ်ကာတော်မူပါ”ဟု အော်ဟစ်ဆုတောင်းသောအခါ သူဆုတောင်းသည့်အတိုင်း ဘုရားသခင်ပေးသနားတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါ၏။ အကျွန်ုပ်ထံသို့ အလျင်အမြန်ကြွလာတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကိုခေါ်သောအခါ အကျွန်ုပ်၏အသံကိုစူးစိုက်နားထောင်တော်မူပါ။
အကျွန်ုပ်သည် ကိုယ်တော့်ထံ အကူအညီ အော်ဟစ်တောင်းခံသောအခါ၌လည်းကောင်း၊ ကိုယ်တော်၏သန့်ရှင်းသောဗျာဒိတ်ဌာနဘက်သို့ အကျွန်ုပ်လက်ကိုမြှောက်သောအခါ၌လည်းကောင်း၊ အကျွန်ုပ်အသနားခံသောအသံကို နားညောင်းတော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါ၏။ အကျွန်ုပ်၏ဘုရားရှင်ထံ အသနားခံတောင်းလျှောက်ပါ၏။
ကျူးလွန်သောအပြစ်ခွင့်လွှတ်ခြင်းခံရသောသူ၊ အပြစ်ဖုံးအုပ်ခြင်းခံရသောသူသည် မင်္ဂလာရှိ၏။
အို ဘုရားသခင်၊ ကိုယ်တော်၏နာမတော်အားဖြင့် အကျွန်ုပ်ကိုကယ်တင်တော်မူပါ။ ကိုယ်တော်၏အစွမ်းတန်ခိုးတော်အားဖြင့် အကျွန်ုပ်ကိုစစ်ကြောစီရင်တော်မူပါ။
အို ဘုရားသခင်၊ အကျွန်ုပ်ကိုသနားတော်မူပါ။ အကျွန်ုပ်ကိုသနားတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကိုခိုလှုံပါ၏။ ပျက်စီးခြင်းဘေးများကျော်လွန်သွားသည်အထိ ကိုယ်တော်၏အတောင်တော်အရိပ်အောက်၌ အကျွန်ုပ်ခိုလှုံပါမည်။
ဤလောကသည် ထိုသူတို့နှင့်မထိုက်တန်ချေ။ သူတို့သည် တောကန္တာရများ၊ တောင်တန်းများ၊ လိုဏ်ဂူများနှင့် မြေတွင်းများတွင် လှည့်လည်နေထိုင်ကြရ၏။
လမ်းဘေးရှိ သိုးခြံများရှိရာသို့ရောက်သောအခါ ရှောလုမင်းကြီးသည် အပေါ့အပါးသွားလိုသောကြောင့် ထိုနေရာရှိ လိုဏ်ဂူတစ်ခုသို့ ဝင်သွား၏။ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည် ထိုလိုဏ်ဂူအတွင်းပိုင်းထဲတွင် ရှိနေကြ၏။
ထိုအခါ ဒါဝိဒ်အား သူ၏နောက်လိုက်တို့က “ယနေ့သည် ထာဝရဘုရားက သင့်အား ‘ကြည့်ရှုလော့။ သင့်ရန်သူကို သင့်လက်သို့ ငါအပ်မည်။ သင်အလိုရှိသည့်အတိုင်း သူ့ကိုပြုနိုင်မည်’ဟု မိန့်တော်မူသောနေ့ပင်တည်း”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည်ထ၍ ရှောလုမင်းကြီး၏ဝတ်လုံစွန်းကို တိတ်တဆိတ် ဖြတ်ယူထားလေ၏။