အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါ၏။ အကျွန်ုပ်ထံသို့ အလျင်အမြန်ကြွလာတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကိုခေါ်သောအခါ အကျွန်ုပ်၏အသံကိုစူးစိုက်နားထောင်တော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်ပါ၏။ ယခုပင်ကျွန်တော်မျိုးအားကူမတော်မူပါ။ ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်သော အခါ နားထောင်တော်မူပါ။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော့် ထံ အ ကျွန်ုပ် ဟစ် ခေါ် လျက်၊ အ လျင် အ မြန် ကြွ တော် မူ ပါ။ ဟစ် ခေါ် သော အ ခါ၊ နား ညောင်း တော် မူ ပါ။
အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ အလျင်အမြန် ကြွလာတော်မူပါ။ ကိုယ်တော်ကို အော်ဟစ်သောအခါ၊ အကျွန်ုပ်၏စကားသံကို နားထောင်တော်မူပါ။
အကျွန်ုပ်ကျူးလွန်မိသောအပြစ်ကို အဘယ်ကြောင့်ခွင့်လွှတ်တော်မမူပါသနည်း။ အကျွန်ုပ်၏ဒုစရိုက်ကို အဘယ်ကြောင့် ဖယ်ရှားတော်မမူပါသနည်း။ ယခု မြေမှုန့်၌ အကျွန်ုပ်အိပ်ရပါတော့မည်။ ကိုယ်တော်သည် အကျွန်ုပ်ကိုကြိုးစားရှာသော်လည်း တွေ့ရတော့မည်မဟုတ်ပါ”ဟု ညည်းဆိုလေ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကိုနားညောင်း၍ အကျွန်ုပ်၏အသနားခံခြင်းကို စူးစိုက်နားထောင်တော်မူပါ။ ကိုယ်တော်၏သစ္စာတော်အားဖြင့်လည်းကောင်း၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့်လည်းကောင်း အကျွန်ုပ်ကိုထူးတော်မူပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်ကို အလျင်အမြန်ထူးတော်မူပါ။ အကျွန်ုပ်၏ဝိညာဉ်သည် အားအင်ကုန်ခန်းပါပြီ။ အကျွန်ုပ်သည် သေတွင်းထဲသို့ ဆင်းသွားသောသူတို့ကဲ့သို့ မဖြစ်ရပါမည့်အကြောင်း အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မမူပါနှင့်။
သို့သော် အို ထာဝရဘုရား၊ ဝေးဝေးနေတော်မမူပါနှင့်။ အို အကျွန်ုပ်၏ခွန်အား၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။
အကျွန်ုပ်သည် ကိုယ်တော့်ထံ အကူအညီ အော်ဟစ်တောင်းခံသောအခါ၌လည်းကောင်း၊ ကိုယ်တော်၏သန့်ရှင်းသောဗျာဒိတ်ဌာနဘက်သို့ အကျွန်ုပ်လက်ကိုမြှောက်သောအခါ၌လည်းကောင်း၊ အကျွန်ုပ်အသနားခံသောအသံကို နားညောင်းတော်မူပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုကယ်နုတ်ရန် အလိုရှိတော်မူပါ။ အို ထာဝရဘုရား၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။
အကျွန်ုပ်အသက်ကို ရန်ရှာသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။ အကျွန်ုပ်ကို ဒုက္ခရောက်စေလိုသောသူတို့သည် နောက်သို့ပြန်ဆုတ်၍ အသရေပျက်ကြရပါစေသော။
အကျွန်ုပ်မူကား အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူဖြစ်ပါ၏။ အို ဘုရားသခင်၊ အကျွန်ုပ်ထံသို့ အလျင်အမြန်ကြွလာတော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကိုကူညီမစသောအရှင်၊ အကျွန်ုပ်ကိုကယ်တင်သောအရှင်ဖြစ်ပါ၏။ အို ထာဝရဘုရား၊ နှောင့်နှေးတော်မမူပါနှင့်။
အို ဘုရားသခင်၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။