အကျွန်ုပ်၏ခြေလှမ်းများသည် ကိုယ်တော်၏လမ်းတော်၌ရှိပါ၏။ အကျွန်ုပ်သည် ခြေချော်ခြင်းမရှိပါ။
ဆာလံ 140:4 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ဆိုးယုတ်သောသူ၏လက်မှ အကျွန်ုပ်ကိုစောင့်ရှောက်တော်မူပါ။ အကျွန်ုပ်ကိုခြေထိုးရန်ကြံစည်သည့် ရက်စက်ကြမ်းကြုတ်သောသူ၏ရန်မှ အကျွန်ုပ်ကိုကာကွယ်တော်မူပါ။ Common Language Bible အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားသူယုတ်မာတို့၏ဘေးမှ ကွယ်ကာစောင့်ထိန်းတော်မူပါ။ ကျွန်တော်မျိုးပြိုလဲပျက်စီးစေရန်ကြံစည်သူ အကြမ်းဖက်သမားတို့၏ဘေးမှလုံခြုံစွာ ထားတော်မူပါ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို တွန်း ချ ရန် ကြံ စည် ကြ သော လူ ဆိုး လူ ကြမ်း တို့ လက် မှ၊ ကွယ် ကာ စောင့် ထိန်း တော် မူ ပါ။ Judson Bible အိုထာဝရဘုရား၊ မတရားသောသူ၏လက်မှ အကျွန်ုပ်ကို ကွယ်ကာစောင့်မတော်မူပါ။ ကြမ်းတမ်းသော သူ၏လက်မှ ကွယ်ကာစောင့်မတော်မူပါ။ သူတို့သည် အကျွန်ုပ်ကိုလှဲခြင်းငှာ ကြံစည်ကြပါ၏။ |
အကျွန်ုပ်၏ခြေလှမ်းများသည် ကိုယ်တော်၏လမ်းတော်၌ရှိပါ၏။ အကျွန်ုပ်သည် ခြေချော်ခြင်းမရှိပါ။
မာန်မာနရှိသောခြေသည် အကျွန်ုပ်အပေါ်မရောက်လာပါစေနှင့်။ ဆိုးယုတ်သောသူတို့၏လက်သည်လည်း အကျွန်ုပ်ကိုနှင်ထုတ်ခွင့်မရပါစေနှင့်။
အို လိမ်လည်လှည့်ဖြားသောလျှာ၊ သင်သည် ထိခိုက်နစ်နာစေသောစကားရှိသမျှတို့ကို နှစ်သက်၏။
အို အကျွန်ုပ်၏ဘုရားသခင်၊ ဆိုးယုတ်သောသူတို့၏လက်မှလည်းကောင်း၊ မတရားသောသူနှင့်ကြမ်းကြုတ်သောသူ၏လက်ထဲမှလည်းကောင်း အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။
ဆိုးယုတ်သောသူကိုမျက်နှာလိုက်ခြင်း၊ ဖြောင့်မတ်သောသူကို မတရားသဖြင့်စီရင်ခြင်းသည် မကောင်းပေ။