ဆိုးယုတ်သောသူတို့ကို ရှင်သန်ခွင့်ပေးတော်မမူ။ အဖိနှိပ်ခံရသောသူတို့ကိုမူကား တရားမျှတစွာ စီရင်ပေးတော်မူ၏။
ဆာလံ 140:13 - မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်သောသူတို့သည် ကိုယ်တော်၏နာမတော်ကို အမှန်ပင်ချီးမွမ်းကြပါလိမ့်မည်။ ဖြောင့်မှန်သောသူတို့သည် ကိုယ်တော်၏ရှေ့တော်၌ နေထိုင်ရကြပါလိမ့်မည်။ Common Language Bible သူတော်ကောင်းတို့သည်ကိုယ်တော်ရှင်အား အမှန်ပင် ထောမနာပြုကြပါလိမ့်မည်။ သူတို့သည်ကိုယ်တော်ရှင်၏ရှေ့တော်မှောက်တွင် နေရကြပါလိမ့်မည်။ Garrad Bible သူ တော် ကောင်း တို့ သည် နာ မ တော် ကို ချီး မွမ်း ခွင့်၊ ဖြောင့် မတ် သူ တို့ သည် ရှေ့ တော်၌ နေ ထိုင် ခွင့် ရ ကြ လိမ့် မည်။ Judson Bible အကယ်စင်စစ်တရားသောသူတို့သည် နာမတော်ကို ချီးမွမ်းကြပါလိမ့်မည်။ သဘောဖြောင့်သောသူတို့သည် အထံတော်၌ နေရကြပါလိမ့်မည်။ |
ဆိုးယုတ်သောသူတို့ကို ရှင်သန်ခွင့်ပေးတော်မမူ။ အဖိနှိပ်ခံရသောသူတို့ကိုမူကား တရားမျှတစွာ စီရင်ပေးတော်မူ၏။
အကြောင်းမူကား ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကို နှစ်သက်တော်မူ၏။ ဖြောင့်မှန်သောသူသည် မျက်နှာတော်ကိုဖူးမြင်ရလိမ့်မည်။
ကိုယ်တော်သည် အကျွန်ုပ်အား အသက်ရှင်ခြင်းလမ်းကိုသိစေ၍ ရှေ့တော်၌ အကျွန်ုပ်ကို ဝမ်းမြောက်ခြင်းဖြင့် ပြည့်စုံကြွယ်ဝစေတော်မူလိမ့်မည်။ နှစ်လိုဖွယ်ကောင်းသောအရာသည် ကိုယ်တော်၏လက်ယာဘက်၌ အစဉ်ရှိပါ၏။
အကယ်စင်စစ် အကျွန်ုပ်အသက်ရှင်သမျှကာလပတ်လုံး ကောင်းမြတ်တော်မူခြင်းနှင့်မေတ္တာကရုဏာတော်သည် အကျွန်ုပ်နှင့်အတူလိုက်ပါလာလိမ့်မည်။ အကျွန်ုပ်သည်လည်း ထာဝရဘုရား၏အိမ်တော်၌ အစဉ်အမြဲနေရပါလိမ့်မည်။
ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရား၌ဝမ်းမြောက်၍ရွှင်လန်းကြလော့။ စိတ်နှလုံးဖြောင့်မှန်သောသူအပေါင်းတို့၊ ရွှင်လန်းစွာကြွေးကြော်ကြလော့။
အကျွန်ုပ်၏အရိုးရှိသမျှတို့က “အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်နှင့်တူပါသနည်း။ ကိုယ်တော်သည် အဖိနှိပ်ခံရသောသူကို သူ့ထက်အားကြီးသောသူ၏လက်မှ ကယ်နုတ်တော်မူ၏။ အကယ်စင်စစ် အဖိနှိပ်ခံရသောသူနှင့် နွမ်းပါးသောသူကို လုယူတတ်သောသူ၏လက်မှ ကယ်နုတ်တော်မူ၏”ဟု လျှောက်ကြလိမ့်မည်။
ကိုယ်တော်၏အကြံဉာဏ်အားဖြင့် အကျွန်ုပ်ကိုရှေ့ဆောင်လမ်းပြတော်မူပြီးနောက် ဘုန်းအသရေတော်ထဲသို့ ခေါ်ဆောင်တော်မူလိမ့်မည်။
ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရား၌ ဝမ်းမြောက်ကြလော့။ ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့။
အကြောင်းမူကား ထာဝရဘုရားသည် သူတို့၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေး၍ သူတို့ထံမှလုယူသောသူတို့၏အသက်ကို လုယူတော်မူလိမ့်မည်။
ဖြောင့်မတ်သောသူတို့သည် မိမိတို့လုပ်ဆောင်မှု၏အသီးအပွင့်ကိုစားရမည်ဖြစ်သောကြောင့် ကောင်းပေသည်ဟု သူတို့အား ပြောကြားလော့။
ထိုသို့သွား၍ သင်တို့အတွက်နေရာပြင်ဆင်ပြီးလျှင် ငါရှိရာအရပ်၌ သင်တို့လည်းရှိစေရန် တစ်ဖန်ပြန်လာ၍ သင်တို့ကို ငါ့ထံသို့ ခေါ်ယူသိမ်းဆည်းမည်။
အို အဖ၊ ကမ္ဘာမတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကိုချစ်တော်မူ၍ အကျွန်ုပ်အားပေးတော်မူသောအကျွန်ုပ်၏ဘုန်းအသရေကို အကျွန်ုပ်ထံကိုယ်တော်ပေးအပ်တော်မူသောသူတို့သည် ရှုမြင်ရကြရန် သူတို့ကို အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။
ထို့နောက် အသက်ရှင်လျက်ကျန်ရစ်သောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားနှင့်တွေ့ဆုံရန် ထိုသူတို့နှင့်အတူ မိုးတိမ်အားဖြင့် ချီဆောင်ခြင်းခံရကြလိမ့်မည်။ ဤသို့ဖြင့် ငါတို့သည် သခင်ဘုရားနှင့်အတူ အစဉ်အမြဲနေရကြလိမ့်မည်။