ရှေ့တော်တွင် မရဏာနိုင်ငံသည် ဟင်းလင်းဖြစ်ပါ၏။ ပျက်စီးခြင်းနိုင်ငံသည် အဖုံးအကွယ်မရှိပါ။
ဆာလံ 139:8 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် ကောင်းကင်သို့တက်လျှင် ထိုအရပ်၌ ကိုယ်တော်ရှိတော်မူ၏။ မရဏာနိုင်ငံ၌အိပ်ရာခင်းလျှင်လည်း ထိုအရပ်၌ ကိုယ်တော်ရှိတော်မူ၏။ Common Language Bible အကယ်၍ကျွန်တော်မျိုးသည် ကောင်းကင်သို့တက်လျှင်ထိုအရပ်တွင် ကိုယ်တော်ရှင်ရှိတော်မူပါ၏။ အကယ်၍ကျွန်တော်မျိုးသည်မရဏာ နိုင်ငံတွင် လဲလျောင်းလျှင် ထိုအရပ်တွင်ကိုယ်တော်ရှင်ရှိတော်မူပါ၏။ Garrad Bible အ ကယ်၍၊ ကောင်း ကင် သို့ တက် လျှင်၊ ကိုယ် တော် ရှိ ပါ၏။ မ ရ ဏာ့ နိုင်၌ အိပ် ရာ ကို ခင်း လျှင်၊ ရှိ တော် မူ ပါ သည် တ ကား။ Judson Bible ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏနိုင်ငံ၌ အိပ်ရာကိုခင်းလျှင် ကိုယ်တော်ရှိတော်မူ၏။ |
ရှေ့တော်တွင် မရဏာနိုင်ငံသည် ဟင်းလင်းဖြစ်ပါ၏။ ပျက်စီးခြင်းနိုင်ငံသည် အဖုံးအကွယ်မရှိပါ။
မရဏာနိုင်ငံနှင့် ပျက်စီးခြင်းနိုင်ငံသည် ထာဝရဘုရား၏ရှေ့တော်၌ ထင်ရှားလျက်ရှိ၏။ ထို့ထက်မက လူသားတို့၏စိတ်နှလုံးသည် ပို၍ပင်ထင်ရှားလျက်ရှိ၏။
“ငါမမြင်နိုင်အောင် ကွယ်ရာ၌ ပုန်းနိုင်သောသူ တစ်စုံတစ်ယောက်ရှိသလော”ဟု ထာဝရဘုရားမေးတော်မူ၏။ “ငါသည် ကောင်းကင်၊ မြေကြီးအနှံ့ ရှိသည်မဟုတ်လော”ဟု ထာဝရဘုရားမေးတော်မူ၏။
သင်သည် လင်းယုန်ကဲ့သို့အမြင့်၌နေ၍ ကြယ်များအလယ်တွင် အသိုက်ကို လုပ်သော်လည်း ထိုနေရာမှ သင့်ကို ငါဆွဲချမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
“အကျွန်ုပ်သည် ဆင်းရဲဒုက္ခထဲတွင် ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ကိုယ်တော်နားညောင်းတော်မူ၏။ မရဏာနိုင်ငံတွင်းနက်ထဲမှ အကျွန်ုပ်အကူအညီအော်ဟစ်တောင်းခံသောအခါ အကျွန်ုပ်အသံကို ကိုယ်တော်ကြားတော်မူပါ၏။