ဆိုးညစ်သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ခွာကြလော့။ ငါသည် ငါ့ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာကျင့်သုံးမည်။
ဆာလံ 139:19 - မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားသခင်၊ ဆိုးယုတ်သောသူတို့ကို ကိုယ်တော် ကွပ်မျက်တော်မူလျှင် ကောင်းပေလိမ့်မည်။ သွေးဆာသောသူတို့၊ ငါ့ထံမှထွက်သွားကြလော့။ Common Language Bible အို ဘုရားသခင်၊ သူယုတ်မာတို့အားကိုယ်တော်ရှင် ကွပ်မျက်တော်မူပါစေသော။ အကြမ်းဖက်သမားတို့သည်ကျွန်တော်မျိုးထံမှ ထွက်သွားစေတော်မူပါ။ Garrad Bible အို ဘု ရား သ ခင်၊ လူ ဆိုး တို့ ကို ကွပ် မျက် တော် မူ ပါ စေ သော။ အ ချင်း လူ သတ် တို့၊ ငါ့ ထံ မှ ထွက် သွား ကြ လော့။ Judson Bible အိုဘုရားသခင်၊ ကိုယ်တော်သည် မတရားသောသူတို့ကို ကွပ်မျက်တော်မူပါစေသော။ လူအသက်ကို သတ်တတ်သောသူတို့၊ ငါ့ထံမှ ဖယ်သွားကြ။ |
ဆိုးညစ်သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ခွာကြလော့။ ငါသည် ငါ့ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာကျင့်သုံးမည်။
လိမ်လည်ပြောဆိုသောသူတို့ကိုဖျက်ဆီးတော်မူ၏။ ထာဝရဘုရားသည် လူအသက်ကိုသတ်သောသူနှင့် လိမ်လည်လှည့်ဖြားသောသူတို့ကို စက်ဆုပ်ရွံရှာတော်မူ၏။
သို့သော် အို ဘုရားသခင်၊ ကိုယ်တော်သည် ထိုသူတို့ကို ပုပ်ပျက်ရာတွင်းထဲသို့ဆင်းသွားစေတော်မူ၏။ သွေးဆာသောသူနှင့် လိမ်လည်လှည့်ဖြားသော သူတို့သည် မိမိတို့နေ့ရက်ကာလ၏ထက်ဝက်မျှပင် အသက်ရှင်ရမည်မဟုတ်။ အကျွန်ုပ်မူကား ကိုယ်တော်ကိုယုံကြည်ကိုးစားပါမည်။
အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့၊ ငါ့ထံမှထွက်သွားကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ငိုကြွေးသံကိုကြားတော်မူပြီ။
သို့သော် ဘုရားသခင်သည် သူတို့ကိုမြားနှင့်ပစ်တော်မူ၍ သူတို့သည် ရုတ်တရက် ဒဏ်ရာရကြလိမ့်မည်။
ဆိုးယုတ်သောသူတို့နှင့် ဘုရားသခင်ကိုမေ့လျော့သောလူမျိုးအပေါင်းတို့သည် မရဏာနိုင်ငံသို့လှည့်သွားကြရလိမ့်မည်။
သို့သော် နွမ်းပါးသောသူတို့သည် အစဉ်မေ့လျော့ခြင်းခံရမည်မဟုတ်။ အဖိနှိပ်ခံရသောသူတို့၏မျှော်လင့်ခြင်းသည်လည်း ထာဝစဉ်ပျက်စီးသွားမည်မဟုတ်။
ကိုယ်တော်သည် သူတို့၏အပြစ်ဒုစရိုက်အတွက် သူတို့ကိုလက်တုံ့ပြန်၍ သူတို့၏မကောင်းမှုအတွက် သူတို့ကိုဖယ်ရှားသုတ်သင်တော်မူလိမ့်မည်။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို ဖယ်ရှားသုတ်သင်တော်မူလိမ့်မည်။
ဆင်းရဲသောသူတို့ကို ဖြောင့်မတ်စွာတရားစီရင်မည်။ နိမ့်ကျသောမြေကြီးသားတို့အတွက် တရားမျှတစွာဆုံးဖြတ်မည်။ မြေကြီးကို သူ၏နှုတ်ကြိမ်လုံးဖြင့် ရိုက်နှက်၍ ဆိုးယုတ်သောသူတို့ကို နှုတ်ထွက်လေဖြင့် ကွပ်မျက်မည်။
ထို့နောက် မင်းကြီးသည် လက်ဝဲတော်ဘက်၌ရှိသောသူတို့အားလည်း ‘ကျိန်ဆဲခြင်းခံရသောသူတို့၊ ငါ့ထံမှထွက်ခွာ၍ မာရ်နတ်နှင့်သူ၏စေတမန်များအတွက်ပြင်ဆင်ထားသော ထာဝရမီးထဲသို့ သွားကြလော့။
ထိုအခါ ငါသည် သူတို့အား ‘သင်တို့ကို ငါလုံးဝမသိ။ တရားမဲ့သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့’ဟု အတိအလင်းပြောမည်။
“ထို့ကြောင့် ထိုသူတို့အထဲမှ ထွက်၍ သီးခြားနေကြလော့”ဟု ထာဝရဘုရားမိန့်တော်မူ၏။ “ညစ်ညူးသောအရာကို မတို့မထိနှင့်။ ထိုသို့ပြုလျှင် ငါသည် သင်တို့ကိုလက်ခံ၍