အို ဂျေရုဆလင်မြို့၊ သင့်ကိုငါမေ့လျော့ခဲ့လျှင် ငါ၏လက်ယာလက်သည် မိမိ၏အတတ်ကိုမေ့လျော့ပါစေ။
အို ယေရုရှလင်မြို့၊သင့်ကိုငါမေ့လျော့ပါလျှင် ငါသည်စောင်းကိုနောက်တစ်ဖန်အဘယ်အခါ ၌မျှ မတီးနိုင်ဘဲနေပါစေသော။
အို ယေ ရု ရှ လင် မြို့၊ သင့် ကို ငါ သ တိ လစ် လျှင် ညာ လက် သည် ကျင် လည် ခြင်း ကို လစ် ပါ စေ။
အိုယေရုရှလင်မြို့၊ သင့်ကို ငါမေ့လျှင် ငါ့လက်ယာလက်သည် မိမိအတတ်ကိုမေ့ပါစေ။
အကယ်စင်စစ် ကိုယ်တော်၏တံတိုင်းတော်များအတွင်း၌ တစ်ရက်နေရခြင်းသည် အခြားသောအရပ်၌ ရက်တစ်ထောင်နေရခြင်းထက် ပို၍ကောင်းပါ၏။ ဆိုးယုတ်သောသူ၏တဲတွင်နေရခြင်းထက် အကျွန်ုပ်ဘုရားသခင်၏အိမ်တော်၌ တံခါးစောင့်ဖြစ်ရခြင်းကို အကျွန်ုပ်ပို၍နှစ်သက်ပါ၏။
ငါသည် ဇိအုန်မြို့အတွက် တိတ်တိတ်နေမည်မဟုတ်။ ဂျေရုဆလင်မြို့၏ဖြောင့်မတ်ခြင်းသည် တောက်ပသောအလင်းကဲ့သို့၊ ကယ်တင်ခြင်းသည် ထွန်းတောက်သောမီးရှူးတိုင်ကဲ့သို့ မထွက်ပေါ်မချင်း ငါသည် ငြိမ်နေမည်မဟုတ်။
ဓားဘေးမှ လွတ်မြောက်သောသူတို့၊ ထွက်သွားကြ။ ရပ်မနေကြနှင့်။ ထာဝရဘုရားကို အဝေးမှအောက်မေ့ကြ။ ဂျေရုဆလင်မြို့ကို သတိရကြ။
သိုးတို့ကိုပစ်ထားသည့် အသုံးမကျသောသိုးထိန်းသည် အမင်္ဂလာရှိ၏။ သူ၏လက်မောင်းနှင့် သူ၏ယာဘက်မျက်လုံးသည် ဓားထိုးခံရ၍ သူ့လက်မောင်းသည် အကြောသေပြီး ယာဘက်မျက်လုံးသည် ကွယ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။