နံနက်တိုင်း ထာဝရဘုရား၏ကျေးဇူးတော်ချီးမွမ်းဖို့ ရှေ့တော်တွင် ရပ်နေရသကဲ့သို့ ညနေခင်းတွင်လည်း ထိုနည်းတူပြု၏။
ဆာလံ 135:2 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏အိမ်တော်၌လည်းကောင်း၊ ငါတို့ဘုရားသခင်၏အိမ်တော်တံတိုင်း၌လည်းကောင်း အမှုထမ်းကြသော ထာဝရဘုရား၏အစေအပါးတို့၊ ကိုယ်တော်ကိုချီးမွမ်းကြလော့။ Judson Bible ထာဝရဘုရား၏အိမ်တော်၊ ငါတို့ ဘုရားသခင်၏အိမ်တော်တံတိုင်းတွင် အမှုစောင့်သော ထာဝရဘုရား၏ကျွန်တော်တို့၊ ချီးမွမ်းခြင်းကို ပြုကြလော့။ |
နံနက်တိုင်း ထာဝရဘုရား၏ကျေးဇူးတော်ချီးမွမ်းဖို့ ရှေ့တော်တွင် ရပ်နေရသကဲ့သို့ ညနေခင်းတွင်လည်း ထိုနည်းတူပြု၏။
ဘိုးဘေးအိမ်ထောင်စုအလိုက် အုပ်စုခွဲထားသောညီအစ်ကိုချင်းပြည်သူပြည်သားများနှင့် ဘိုးဘေးအိမ်ထောင်စုအလိုက် အဖွဲ့ခွဲထားသောလေဝိအမျိုးသားတို့၊ သန့်ရှင်းရာဌာနတွင် နေရာယူကြလော့။
လေဝိအမျိုး ယေရွှာ၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က “မတ်တတ်ရပ်၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲကောင်းချီးထောမနာပြုကြလော့။ ဘုန်းကြီးသောနာမတော်ကို ကောင်းချီးထောမနာပြုကြလော့။ ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်းရှိသမျှတို့ထက် ချီးမြှောက်ကြလော့။
ထာဝရဘုရား၏အိမ်တော်ဝင်း၌လည်းကောင်း၊ အို ဂျေရုဆလင်မြို့၊ သင်၏အလယ်၌လည်းကောင်း ငါပြည့်စုံစေမည်။ ဟာလေလုယ။
ထာဝရဘုရား၏အိမ်တော်၌ ညစဉ်အမှုထမ်းကြသော ထာဝရဘုရား၏အစေအပါးအပေါင်းတို့၊ လာကြလော့။ ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။
ထာဝရဘုရား၏အိမ်တော်၌ စိုက်ပျိုးခြင်းခံရသောသူတို့သည် ငါတို့ဘုရားသခင်၏တံတိုင်းတော်များအတွင်း၌ ကြီးပွားကြလိမ့်မည်။
ထာဝရဘုရား၏နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု သိမှတ်ဝန်ခံကြလော့။ ပူဇော်သက္ကာကိုယူဆောင်လာ၍ ကိုယ်တော်၏တံတိုင်းတော်များအတွင်းသို့ ဝင်ကြလော့။
မုဆိုးမဖြစ်လျက် အသက်ရှစ်ဆယ့်လေးနှစ်ပင်ရှိပြီဖြစ်၏။ သူသည် ဗိမာန်တော်မှမခွာဘဲ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းတို့ဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြုလျက်နေ၏။