ထာဝရဘုရားသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော ဇိအုန်သားတို့ကို ပြန်လာစေတော်မူသောအခါ ငါတို့သည် အိပ်မက်မက်နေသူကဲ့သို့ဖြစ်ကြ၏။
ဆာလံ 126:4 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောအကျွန်ုပ်တို့ကို နေဂေ့အရပ်မှချောင်းရေများကဲ့သို့ ပြန်လာစေတော်မူပါ။ Common Language Bible အို ထာဝရဘုရား၊ မိုးရေသည်ခြောက်သွေ့သည့်ချောင်းများကို ရေဖြင့်တစ်ဖန်ပြည့်စေသကဲ့သို့ ကျွန်တော်မျိုးတို့ကိုတစ်ဖန်ကြီးပွားတိုးတက် စေတော်မူပါ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ သိမ်း သွား ရာ ခံ ရ သော အ ကျွန်ုပ် တို့ ကို၊ တောင် မျက် နှာ ရှိ ချောင်း များ ကဲ့ သို့ ပြန် လာ စေ တော် မူ ပါ။ Judson Bible အိုထာဝရဘုရား၊ ဖမ်းသွားချုပ်ထားခြင်းကိုခံရသော အကျွန်ုပ်တို့ကို တောင်မျက်နှာချောင်းရေကဲ့သို့ တစ်ဖန် ပြန်လာစေတော်မူပါ။ |
ထာဝရဘုရားသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော ဇိအုန်သားတို့ကို ပြန်လာစေတော်မူသောအခါ ငါတို့သည် အိပ်မက်မက်နေသူကဲ့သို့ဖြစ်ကြ၏။
အကျွန်ုပ်တို့ကို ကယ်တင်တော်မူသောဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။ အကျွန်ုပ်တို့အပေါ်ထွက်တော်မူသော အမျက်ဒေါသကို ဖယ်ရှားတော်မူပါ။
ခြေမသန်သူတို့သည် သမင်ကဲ့သို့ခုန်ပေါက်ကြလိမ့်မည်။ ဆွံ့အသောလျှာသည် ရွှင်လန်းစွာသီချင်းဆိုလိမ့်မည်။ တောကန္တာရ၌ရေပန်းထွက်၍ သဲကန္တာရ၌စမ်းချောင်းစီးလိမ့်မည်။
ငါသည် တောင်ကတုံးပေါ်တွင် မြစ်ကိုလည်းကောင်း၊ ချိုင့်ဝှမ်းအလယ်တွင် စမ်းရေကိုလည်းကောင်း စီးဆင်းစေမည်။ တောကန္တာရကို ရေအိုင်ဖြစ်စေ၍ ခြောက်သွေ့သောအရပ်ကို စမ်းရေတွင်းဖြစ်စေမည်။
ကြည့်ရှုလော့။ အသစ်သောအရာကို ငါပြုမည်။ ယခု ထိုအရာ ဖြစ်လာပြီ။ သင်တို့ မသိကြသလော။ အကယ်စင်စစ် တောကန္တာရ၌ လမ်းကိုလည်းကောင်း၊ သဲကန္တာရ၌ မြစ်တို့ကိုလည်းကောင်း ငါဖြစ်စေမည်။
သင်တို့သည် ငါ့ကို တွေ့လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဖမ်းဆီးခေါ်ဆောင်သွားရာမှ သင်တို့ကို ငါပြန်ခေါ်လာမည်။ လူမျိုးတကာတို့ထံမှလည်းကောင်း၊ ငါနှင်ထုတ်၍ ရောက်လေရာအရပ်ရပ်မှလည်းကောင်း သင်တို့အား ပြန်စုဝေးစေမည်ဟုလည်း ထာဝရဘုရားမိန့်တော်မူ၏။ သင်တို့ကို ဖမ်းခေါ်သွား၍ သင်တို့ရောက်ရာအရပ်မှ သင်တို့ကိုပြန်ခေါ်လာမည်။
ထာဝရဘုရားမိန့်တော်မူသည်မှာ ‘ကြည့်ရှုလော့။ ဖမ်းခေါ်သွားခြင်းခံရသော ငါ့လူမျိုးတော်အစ္စရေးနှင့်ယုဒတို့ကို ငါပြန်လာစေသောနေ့ ရောက်လာပြီ။ ဘိုးဘေးတို့အား ငါပေးခဲ့သောပြည်သို့ သူတို့ကို ပြန်လာစေသဖြင့် ထိုပြည်ကို သူတို့ပြန်လည်ပိုင်ဆိုင်ရလိမ့်မည်’ဟူ၍ ဖြစ်၏”ဟု မိန့်တော်မူ၏။
ထိုအခါ ယုဒအမျိုးသားနှင့် အစ္စရေးအမျိုးသားတို့သည် အတူတကွစုရုံးလျက် ခေါင်းဆောင်တစ်ဦးကို ရွေးချယ်တင်မြှောက်ပြီး ထိုပြည်မှထွက်လာကြလိမ့်မည်။ ထိုနေ့သည် ယေဇရေလမြို့အဖို့ နေ့ထူးနေ့မြတ် ဖြစ်လိမ့်မည်။
အထက်မှစီးဆင်းလာသောရေသည် ရပ်၍ အလှမ်းဝေးသောဇာရတန်မြို့အနီးရှိအာဒံမြို့အထိ တစ်ဖက်တည်း၌စုပုံလျက် တန့်နေ၏။ အရာဗပင်လယ်ဟုခေါ်သော ဆားပင်လယ်တိုင်အောင် စီးဆင်းသောရေသည် လုံးလုံးပြတ်သွား၏။ လူတို့သည်လည်း တစ်ဖက်ကမ်းရှိ ဂျေရိခေါမြို့သို့ ကူးသွားကြ၏။