ငါတို့ကို အရှင်လတ်လတ်ဝါးမျိုခဲ့ကြပေလိမ့်မည်။ သူတို့သည် ငါတို့အပေါ် အမျက်ထွက်စဉ်က
သူတို့သည်ဒေါသအမျက်ချောင်းချောင်းထွက်၍ ငါတို့အားအရှင်လတ်လတ်ဝါးမျိုလိုက်ကြ လိမ့်မည်။
ထို သို့ အ မျက် ထွက် ကြ သော်၊ ငါ တို့ သည် စား မျို ခြင်း ခံ ရ ကြ လေ ပြီ။
အမျက်ထွက်၍ ငါတို့ကို အသက်နှင့်တကွ မျိုကြပြီတကား။
မော်ဒကဲ၏လူမျိုးအကြောင်းကို ဟာမန်အား ပြောပြထားကြပြီးဖြစ်၏။ ဟာမန်သည် မော်ဒကဲတစ်ဦးတည်းကိုသာသုတ်သင်ပစ်လျှင် မတန်ဟု မြင်သဖြင့် အာရွှေရုမင်းကြီး၏နိုင်ငံတစ်ဝန်းလုံးရှိ မော်ဒကဲ၏လူမျိုးဖြစ်သည့် ဂျူးလူမျိုးအားလုံးကိုပါ ဖျက်ဆီးပစ်ရန် ကြံစည်လေ၏။
ငါ့ကိုရန်ဖက်ပြုသောသူများနှင့် ငါ၏ရန်သူများဖြစ်ကြသည့် ဆိုးညစ်သောအမှုကိုပြုသောသူတို့သည် ငါ့အသားကိုကိုက်စားရန် ငါ့ထံသို့ချဉ်းကပ်လာကြသောအခါ ခလုတ်တိုက်၍လဲကျကြလိမ့်မည်။
သူတို့သည် မိမိတို့စိတ်နှလုံးထဲ၌ “ဟားဟား၊ ငါတို့အလိုပြည့်စုံပြီ”ဟု အောက်မေ့ခွင့်မရကြပါစေနှင့်။ “သူ့ကို ငါတို့ဝါးမျိုပြီ”ဟု ပြောဆိုခွင့်မရကြပါစေနှင့်။
ကိုယ်တော်သည် ကောင်းကင်မှစေလွှတ်၍ ငါ့ကိုကယ်တင်တော်မူလိမ့်မည်။ ငါ့ကိုနင်းချေသောသူတို့ကို ပြစ်တင်ဆုံးမတော်မူလိမ့်မည်။(စေလာ) ဘုရားသခင်သည် မိမိ၏မေတ္တာကရုဏာတော်နှင့် သမ္မာတရားကို စေလွှတ်တော်မူလိမ့်မည်။
“သူတို့ကို အပြီးတိုင်ချေမှုန်းကြမည်”ဟု မိမိတို့စိတ်ထဲ၌ ဆိုကြပါ၏။ ပြည်တော်အတွင်းရှိ ဘုရားသခင်၏တွေ့ဆုံစည်းဝေးရာနေရာရှိသမျှတို့ကို မီးရှို့ကြပါ၏။
အကယ်စင်စစ် လူတို့၏အမျက်ဒေါသသည် ကိုယ်တော်ကိုချီးမွမ်းလိမ့်မည်။ ကိုယ်တော်သည် အမျက်ဒေါသအကြွင်းအကျန်များဖြင့် မိမိကိုယ်မိမိပတ်စည်းတော်မူလိမ့်မည်။
သူတို့က “လာကြ၊ အစ္စရေးဟူသောအမည်နာမကို နောက်တစ်ဖန် အောက်မေ့စရာအကြောင်းမရှိစေရန် သူတို့ကို လူမျိုးတစ်မျိုးအဖြစ်မှ ပယ်ဖျက်ကြကုန်စို့”ဟု ဆိုကြပါ၏။
အမှန်စင်စစ် သူတို့သည် စိတ်သဘောတညီတညွတ်တည်းဖြင့် လျှို့ဝှက်ကြံစည်ကြ၍ ကိုယ်တော်ကိုဆန့်ကျင်လျက် မဟာမိတ်ဖွဲ့ကြပါ၏။
မရဏာနိုင်ငံကဲ့သို့ သူတို့ကို အရှင်လတ်လတ်ဝါးမျိုလျက် သေတွင်းထဲသို့ တစ်ကိုယ်လုံးဆင်းသွားရသူများကဲ့သို့ ဖြစ်စေကြစို့။
“ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ငါ့ကို ကိုက်စားလေပြီ။ နင်းချေလေပြီ။ ငါ့ကို အိုးလွတ်ဖြစ်စေပြီ။ မြွေနဂါးကဲ့သို့ ငါ့ကို ဝါးမျိုလေပြီ။ ငါ၏စားကောင်းသောက်ဖွယ်တို့နှင့် သူ့ဝမ်းကိုပြည့်စေပြီ။ ပြီးမှ ငါ့ကို အန်ထုတ်လေပြီ။
ထိုအခါ နေဗုခဒ်နေဇာမင်းကြီးက ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့အား အမျက်ပြင်းစွာထွက်၍ မျက်စိမျက်နှာပျက်လေ၏။ ထို့ကြောင့် မီးပြင်းဖိုကို ပုံမှန်ထက်ခုနစ်ဆတိုး၍ပူစေရန် အမိန့်ပေးလေ၏။
ယောနကိုမျိုချရန် ငါးကြီးတစ်ကောင်ကို ထာဝရဘုရား ပြင်ဆင်ထားသဖြင့် ယောနသည် ငါးကြီးဝမ်းထဲတွင် သုံးရက်သုံးည နေရလေ၏။
ထို့နောက် ဟေရုဒ်မင်းကြီးသည် နက္ခတ်ပညာရှင်တို့၏မထီလေးစားပြုခြင်းကိုခံရကြောင်းသိလျှင် အမျက်ပြင်းထန်စွာထွက်၍ နက္ခတ်ပညာရှင်တို့ထံမှ သေချာစွာလေ့လာစိစစ်ထားသည့်အချိန်ကာလအရ ဗက်လင်မြို့နှင့် ၎င်းအရပ်ဒေသတစ်ဝိုက်တွင်ရှိသော အသက်နှစ်နှစ်နှင့် နှစ်နှစ်အောက်ယောက်ျားလေးအားလုံးတို့ကို သတ်စေ၏။
ဤတရားလမ်းသို့ လိုက်သောသူကိုတွေ့လျှင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ချည်နှောင်၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာနိုင်ရန် ဒမတ်စကပ်မြို့ရှိ ဝတ်ပြုစည်းဝေးကျောင်းများသို့ ပေးစာများကို သူ့ထံမှ တောင်းလေ၏။