ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ထိန်းပါမည်ဟု အကျွန်ုပ်ကျိန်ဆို၍ အတည်ပြုပါ၏။
ဆာလံ 119:57 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် အကျွန်ုပ်၏ဝေစုဖြစ်တော်မူ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်တို့ကို စောင့်ထိန်းပါမည်ဟု အကျွန်ုပ်ကတိပြုပါ၏။ Common Language Bible အို ထာဝရဘုရား" ကွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုသာလှင် တောင့်တပါ၏။ ကိုယ်တော်ရှင်၏ပညတ်တော်တို့ကို လိုက်နာရန်ကတိပြုပါ၏။ Garrad Bible ထာ ဝ ရ ဘု ရား သည်၊ အ ကျွန်ုပ် ဝေ ပုံ ဖြစ် တော် မူ သည့် အ လျောက်၊ နှုတ် က ပတ် တော် ကို စောင့် ရှောက် မည် ဟု က တိ ထား ပါ ပြီ။ Judson Bible အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏အဖို့ ဖြစ်တော်မူ၏။ နှုတ်ကပတ်စကားတော်တို့ကို နားထောင်ပါမည်ဟု အကျွန်ုပ်ပြောထားပါပြီ။ |
ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ထိန်းပါမည်ဟု အကျွန်ုပ်ကျိန်ဆို၍ အတည်ပြုပါ၏။
ဆိုးညစ်သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ခွာကြလော့။ ငါသည် ငါ့ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာကျင့်သုံးမည်။
ကိုယ်တော်၏သက်သေခံချက်တို့ကို လိုက်နာကျင့်သုံး၍ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာသောသူတို့သည် မင်္ဂလာရှိကြ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော့်ထံသို့အော်ဟစ်ပါ၏။ “ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပြီး အသက်ရှင်သောသူတို့၏ပြည်၌ အကျွန်ုပ်၏ဝေစုဖြစ်တော်မူ၏”ဟု အကျွန်ုပ်ပြောဆိုပါ၏။
ထာဝရဘုရားသည် ငါခွဲဝေရရှိထားသောငါ၏ဝေစု၊ ငါ၏ခွက်ဖလားဖြစ်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ရရှိမည့်အမွေဝေစုကို ထိန်းသိမ်းပေးထားတော်မူ၏။
၎င်းတို့သည် အကျွန်ုပ်ဆင်းရဲဒုက္ခထဲရောက်စဉ်က အကျွန်ုပ်၏နှုတ်ခမ်းကိုဖွင့်ဟ၍ အကျွန်ုပ်၏နှုတ်ဖြင့်မြွက်ဆိုခဲ့သည့် ကတိသစ္စာများဖြစ်ကြပါ၏။
အကျွန်ုပ်၏ကိုယ်ခန္ဓာနှင့်အကျွန်ုပ်၏စိတ်နှလုံးသည် အားအင်ကုန်ခန်းသော်လည်း ဘုရားသခင်သည် အစဉ်အမြဲ အကျွန်ုပ်စိတ်နှလုံး၏အစွမ်းသတ္တိ၊ အကျွန်ုပ်၏ဝေစုဖြစ်တော်မူ၏။
ယာကုပ်အမျိုး၏ဝေစုဖြစ်သောဘုရားသခင်သည် ထိုကဲ့သို့မဟုတ်။ အကြောင်းမူကား ကိုယ်တော်သည် အရာခပ်သိမ်းကို ပုံဖော်ဖန်ဆင်းသောအရှင်ဖြစ်၏။ အစ္စရေးလူမျိုးသည် ကိုယ်တော်၏အမွေတော်အမျိုးအနွယ်ဖြစ်၏။ ကိုယ်တော်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။
“ထာဝရဘုရားသည် ငါ၏ဝေစုဖြစ်တော်မူ၏”ဟု ငါ့စိတ်ထဲ၌ဆိုလျက် ကိုယ်တော်ကို မျှော်လင့်ကိုးစားပါမည်။
သူတို့သည် မိမိတို့၏အမျိုးသားချင်းတို့နှင့်အတူ အမွေမရကြ။ ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း ထာဝရဘုရားသည် သူတို့၏အမွေဖြစ်၏။
ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။
ထာဝရဘုရားသည် ဤပြည်၌နေထိုင်သောအာမောရိလူမျိုးအပါအဝင် လူမျိုးခြားအပေါင်းတို့ကို အကျွန်ုပ်တို့ရှေ့မှ နှင်ထုတ်ပေးတော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူသောကြောင့် ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ပြန်ဖြေကြ၏။
လူတို့ကလည်း ယောရှုအား “မဟုတ်ပါ။ ထာဝရဘုရားကိုသာ အကျွန်ုပ်တို့ ဝတ်ပြုပါမည်”ဟု ပြန်ပြောကြ၏။