ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍ ထိုတရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။
ဆာလံ 119:35 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်လမ်းကို နှစ်သက်သည်ဖြစ်၍ ထိုလမ်း၌ အကျွန်ုပ်ကို ဦးဆောင်လမ်းပြတော်မူပါ။ Common Language Bible ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ပညတ်တော်မားကိုနှစ်သက်သည်ဖြစ်၍ ပညတ်တော်မားကိုစောင့်ထိန်းနိုင်ရန် ကွန်တော်မျိုးအားကူမတော်မူပါ။ Garrad Bible အ ကျွန်ုပ် ကို သ ဘော ကျ သည့် အ လျောက်၊ ပ ညတ် တော် များ လမ်း ၌ လျှောက် သွား စေ တော် မူ ပါ။ Judson Bible ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ ထိုလမ်းကိုနှစ်သက်ပါ၏။ |
ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍ ထိုတရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။
ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့၌ မွေ့လျော်ပါမည်။ ကိုယ်တော်၏နှုတ်ကပတ်တော်ကိုလည်း မမေ့လျော့ပါ။
အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့ကို ရွေးချယ်ခဲ့သည်ဖြစ်၍ ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်ကိုကူညီမစရန် အဆင်သင့်ဖြစ်ပါစေသော။
ကိုယ်တော်၏ဥပဒေသလမ်းကို အကျွန်ုပ်အား နားလည်စေတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ဆင်ခြင်အောက်မေ့ပါမည်။
အကျွန်ုပ်၏စိတ်နှလုံးကို မတရားသောအကျိုးစီးပွားဘက်သို့မဟုတ်ဘဲ ကိုယ်တော်၏သက်သေခံချက်များဘက်သို့ တိမ်းညွတ်စေတော်မူပါ။
ငါ၏စိတ်ဝိညာဉ်ကိုလန်းဆန်းစေတော်မူ၏။ နာမတော်ကိုထောက်၍ ဖြောင့်မတ်ခြင်းလမ်းထဲ၌ ငါ့ကိုပို့ဆောင်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အားသိစေတော်မူပါ။ ကိုယ်တော်၏လမ်းစဉ်တို့ကို အကျွန်ုပ်အားသင်ကြားပေးတော်မူပါ။
ဉာဏ်ပညာ၏လမ်းများသည် နှစ်လိုဖွယ်သောလမ်းများဖြစ်ကြပြီး ၎င်း၏လမ်းခရီးရှိသမျှတို့သည် ငြိမ်းချမ်းကြ၏။
ငါသည် သင့်အား ဉာဏ်ပညာလမ်းကို သွန်သင်ပြသ၍ ဖြောင့်မှန်သောလမ်းများထဲ၌ သင့်ကိုဦးဆောင်လမ်းပြခဲ့ပြီ။
သို့သော် ဖြောင့်မတ်သောသူတို့၏လမ်းသည် မိုးစင်စင်လင်းသည့်တိုင်အောင် ပို၍ပို၍ထွန်းလင်းလာသည့် အရုဏ်ဦး၏အလင်းရောင်ကဲ့သို့ဖြစ်၏။
လူများစွာတို့သည်လာကြ၍ “လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်၏ဘုရားသခင့်အိမ်တော်သို့ တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိ၏နည်းလမ်းတော်တို့ကို ငါတို့အားသွန်သင်တော်မူ၍ ငါတို့သည် ကိုယ်တော်၏လမ်းတော်၌ လျှောက်လှမ်းကြမည်”ဟု ဆိုကြလိမ့်မည်။ ပညတ်တရားသည် ဇိအုန်တောင်မှ ထွက်ပေါ်လာလိမ့်မည်။ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှ ထွက်ပေါ်လာလိမ့်မည်။
အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၊ သင့်ကိုရွေးနုတ်သောထာဝရဘုရားက “ငါသည် သင့်အကျိုးအတွက် သွန်သင်ပေးသောအရှင်၊ သင်သွားသောလမ်းတွင် သင့်ကိုပို့ဆောင်ပေးသောအရှင်၊ သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
တစ်နည်းဆိုသော် ငါသည် အတွင်းဝိညာဉ်လူအားဖြင့် ဘုရားသခင်၏တရားတော်၌ နှစ်သက်ဝမ်းမြောက်လျက်ရှိသော်လည်း
အကြောင်းမူကား စေတနာတော်အတိုင်း ဆန္ဒရှိကြစေရန်နှင့် လုပ်ဆောင်ကြစေရန် သင်တို့အထဲ၌လုပ်ဆောင်တော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
ရှေ့တော်၌နှစ်သက်ဖွယ်သောအမှုကို ယေရှုခရစ်တော်အားဖြင့် ငါတို့တွင်ပြုတော်မူ၍ ကိုယ်တော်၏အလိုတော်ကို သင်တို့ဆောင်ရွက်နိုင်ရန် ကောင်းသောအမှုအမျိုးမျိုးတို့ဖြင့် သင်တို့ကိုပြည့်စုံစေတော်မူပါစေသော။ ထိုသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။
ဘုရားသခင်ကိုချစ်ခြင်းဆိုသည်မှာ ဘုရားသခင်၏ပညတ်တော်တို့ကို စောင့်ထိန်းခြင်းပင်ဖြစ်၏။ ဘုရားသခင်၏ပညတ်တော်တို့သည်လည်း စောင့်ထိန်းရန်ခဲယဉ်းသည်မဟုတ်။