ကိုယ်တော်၏သက်သေခံချက်တို့ကို လိုက်နာကျင့်သုံး၍ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာသောသူတို့သည် မင်္ဂလာရှိကြ၏။
သွန်သင်တော်မူခက်တို့ကိုလိုက်နာ၍ ကိုယ်တော်၏စကားတော်ကိုစိတ်နှလုံး အကြွင်းမဲ့ ခံယူသူတို့သည်မင်္ဂလာရှိကြ၏။
သက် သေ ခံ တော် မူ ချက် များ ကို စောင့် ထိန်း လျက်၊ ကိုယ် တော် ကို စိတ် နှ လုံး အ ကြွင်း မဲ့ ရှာ ဖွေ သူ တို့ သည် မင်္ဂ လာ ရှိ ကြ၏။
သက်သေခံတော်မူချက်တို့ကို စောင့်၍၊ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာသောသူတို့သည် မင်္ဂလာရှိကြ၏။
သင်၏ဘုရားသခင်ထာဝရဘုရား ညွှန်ကြားသောအရာတို့ကို စောင့်ထိန်းလော့။ မောရှေ၏ပညတ်တရားကျမ်း၌ ရေးထားသည့် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်၊ ပညတ်ချက်၊ ပြဋ္ဌာန်းချက်၊ သက်သေခံချက်တို့ကို စောင့်ထိန်းပြီး တရားလမ်းအတိုင်း လိုက်လျှောက်လော့။ သို့ပြုလျှင် သင်ပြုလေရာရာ၊ သွားလေရာရာတို့၌ အောင်မြင်ခွင့်ရမည်။
ယခု သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်ပါလျက် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလော့။ ထ၍ ထာဝရဘုရားအဖို့သန့်ရှင်းရာဌာနကို တည်ဆောက်ကြလော့။ သို့မှ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်၊ ဘုရားသခင်အဖို့ သန့်ရှင်းသောအသုံးအဆောင်များကို ထာဝရဘုရား၏နာမတော်တည်ဖို့ဆောက်လုပ်ထားသောအိမ်တော်ထဲတွင် ထားရှိနိုင်မည်”ဟု မိန့်မှာလေ၏။
ဟေဇကိမင်းကြီးသည် ဘုရားသခင်၏အိမ်တော်အမှုကို ကြိုးစားဆောင်ရွက်ခဲ့၏။ တရားတော်များ၊ ပညတ်တော်များအားဖြင့် မိမိ၏ဘုရားသခင်ကို ရှာဖွေခဲ့၏။ ဘုရားအမှုကိုဆောင်လေရာရာ၌ စိတ်နှလုံးအကြွင်းမဲ့လုပ်ဆောင်ခဲ့သောကြောင့် အောင်မြင်မှု ရရှိလေ၏။
ဤသည်ကား သူတို့သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်း၍ တရားတော်တို့ကို လိုက်နာကျင့်သုံးကြမည့်အကြောင်းတည်း။ ဟာလေလုယ။
အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏။ အကျွန်ုပ်ကို ကိုယ်တော်၏ပညတ်တော်တို့မှ လမ်းလွဲစေတော်မမူပါနှင့်။
ကိုယ်တော်၏နှုတ်ကပတ်တော်ကို စောင့်ထိန်းနိုင်ရန် အကျွန်ုပ်၏ခြေကို မကောင်းသောလမ်းရှိသမျှတို့မှ ကင်းဝေးစေပါ၏။
ဆိုးညစ်သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ခွာကြလော့။ ငါသည် ငါ့ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာကျင့်သုံးမည်။
အကျွန်ုပ်သည် ကိုယ်တော်ကိုခေါ်ပါ၏။ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။ ကိုယ်တော်၏သက်သေခံချက်တို့ကို အကျွန်ုပ်စောင့်ထိန်းပါမည်။
ကိုယ်တော်၏အစေအပါးသည် အသက်ရှင်၍ ကိုယ်တော်၏နှုတ်ကပတ်တော်ကိုစောင့်ထိန်းနိုင်ရန် ကျေးဇူးပြုတော်မူပါ။
အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို လိုက်နာကျင့်သုံးသည်ဖြစ်၍ ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းကို အကျွန်ုပ်ထံမှဖယ်ရှားတော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်၏ပြဋ္ဌာန်းချက်လမ်းကို အကျွန်ုပ်အား သွန်သင်ပြသတော်မူပါ။ အကျွန်ုပ်သည် ၎င်းကို အဆုံးတိုင်အောင် လိုက်နာကျင့်သုံးပါမည်။
အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်ကို လိုက်နာကျင့်သုံးပါမည်။ ထိုအရာကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ထိန်းပါမည်။
ထာဝရဘုရားသည် အကျွန်ုပ်၏ဝေစုဖြစ်တော်မူ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်တို့ကို စောင့်ထိန်းပါမည်ဟု အကျွန်ုပ်ကတိပြုပါ၏။
မာနထောင်လွှားသောသူတို့သည် အကျွန်ုပ်ကိုမုသားဖြင့် ညစ်ပေစေကြသော်လည်း အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့ကို စိတ်နှလုံးအကြွင်းမဲ့လိုက်နာကျင့်သုံးပါ၏။
ကိုယ်တော်၏နှုတ်တော်ထွက်သက်သေခံချက်တို့ကို အကျွန်ုပ်စောင့်ထိန်းနိုင်ရန် ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
ထာဝရဘုရား၏လမ်းစဉ်ရှိသမျှတို့သည် ကိုယ်တော်၏ပဋိညာဉ်တော်နှင့်သက်သေခံချက်တို့ကို လိုက်နာကျင့်သုံးသောသူတို့အတွက် မေတ္တာကရုဏာနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။
ငါ့သား၊ သင်၏စိတ်နှလုံးကို ငါ့အားပေးလော့။ သင်၏မျက်စိသည်လည်း ငါ၏လမ်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ပါစေ။
သင်တို့သည် ငါ့ကို စိတ်နှလုံးအကြွင်းမဲ့ရှာသောအခါ ငါ့ကို ရှာတွေ့လိမ့်မည်ဟူ၍ မိန့်တော်မူ၏။
ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး၍ ငါ၏တရားလမ်းများသို့ လိုက်လျှောက်စေမည်။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာစောင့်ထိန်းစေမည်။
ယေရှုကလည်း“မည်သူမဆို ငါ့ကိုချစ်လျှင် ငါ့စကားကို လိုက်နာစောင့်ထိန်းလိမ့်မည်။ ငါ့ခမည်းတော်သည်လည်း ထိုသူကိုချစ်တော်မူသဖြင့် ငါတို့သည် သူ့ထံသို့လာ၍ သူနှင့်အတူနေထိုင်မည်။
သို့သော် ထိုအရပ်၌ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့်ရှာလျှင် တွေ့ရကြလိမ့်မည်။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားသည့် ပညတ်ချက်၊ သက်သေခံချက်၊ ပြဋ္ဌာန်းချက် တို့ကို ကြိုးစားစောင့်ထိန်းရမည်။
သင်၏ဘုရားသခင် ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှဖြင့် ချစ်ရမည်။
ငါတို့၏စိတ်နှလုံးသည် ငါတို့ကိုအပြစ်တင်ခဲ့လျှင်လည်း ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် ကြီးမြတ်တော်မူသည်ဖြစ်၍ အလုံးစုံတို့ကိုသိတော်မူ၏။