အကြီးအကဲတို့သည် အကျွန်ုပ်ကိုအကြောင်းမဲ့ လိုက်လံညှဉ်းဆဲကြပါ၏။ သို့သော် အကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို ကြောက်ရွံ့ပါ၏။
တန်ခိုးအာဏာရှိသူတို့သည်ကွန်တော်မျိုးအား မတရားနှိပ်စက်ညှဉ်းဆဲကြပါ၏။ သို့ရာတွင်ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ တရားတော်ကိုရိုသေလေးစားပါ၏။
မှူး မတ် တို့ သည် အ ကြောင်း မဲ့ ညှဉ်း ပန်း ကြ သော် လည်း၊ နှုတ် က ပတ် တော် ကြောင့် သာ အ ကျွန်ုပ် စိတ် ချောက် ခြား လျက် နေ ပါ၏။
အစိုးရသောသူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကိုညှဉ်းဆဲကြသော်လည်း၊ အကျွန်ုပ်စိတ်နှလုံးသည် စကားတော်ကို ကြောက်ရွံ့ပါ၏။
ဤအိမ်၌ အကျွန်ုပ်ထက်ကြီးမြတ်သောသူမရှိပါ။ သခင်မသည် အကျွန်ုပ်သခင်၏မယားဖြစ်သောကြောင့် အကျွန်ုပ်၏သခင်သည် သခင်မမှတစ်ပါး မည်သည့်အရာကိုမျှအကျွန်ုပ်အား မဟန့်တားပါ။ သို့ဖြစ်၍ အကျွန်ုပ်သည် ဤမျှလောက်ကြီးမားသောမကောင်းမှုကိုပြု၍ ဘုရားသခင်ကို ပြစ်မှားရပါမည်လော”ဟု ဆိုလေ၏။
သုံးရက်မြောက်သောနေ့၌ ယောသပ်က သူတို့အား “ငါသည် ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်၏။ သင်တို့သည် အသက်ချမ်းသာရာရမည့်အကြောင်း ဤသို့ပြုကြလော့။
ဤမြို့နှင့်မြို့သားတို့ကို ထိတ်လန့်စရာ၊ ကျိန်ဆဲစရာဖြစ်စေမည်ဟု ငါဆိုသည်ကို သင်ကြားရသောအခါ သင်သည် နှလုံးကြေကွဲလျက်၊ ကိုယ်ကိုနှိမ့်ချလျက်၊ ကိုယ့်အဝတ်ကို ဆုတ်လျက် ငါထာဝရဘုရားရှေ့တော်တွင် ငိုကြွေးသည်ကို ငါကြားပြီ။
ငါမတိုင်ခင် ဘုရင်ခံလုပ်သောသူတို့သည် ပြည်သူပြည်သားတို့အား ဝန်လေးအောင်ပြုခဲ့ကြ၏။ ငွေရှယ်ကယ်လေးဆယ်အပြင် မုန့်နှင့် စပျစ်ဝိုင်ကိုပါ ယူကြ၏။ သူတို့၏လက်အောက်ငယ်သားတို့သည်လည်း ပြည်သူပြည်သားတို့ကို နိုင်လိုမင်းထက်ပြုကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောကြောင့် ထိုသို့မပြု။
ဘုရားသခင်ထံမှလာမည့်ဘေးဒုက္ခကို ငါကြောက်၏။ ဘုန်းတော်ကြောင့် မည်သည့်အမှုကိုမျှ ငါမပြုဝံ့ပါ။
အကျွန်ုပ်ကို လိုက်လံညှဉ်းဆဲသောသူတို့နှင့် အကျွန်ုပ်၏ရန်သူတို့သည် များပြားလှပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံတော်မူချက်တို့မှ သွေဖည်မသွားပါ။
အကြီးအကဲတို့သည် ထိုင်၍ အကျွန်ုပ်ကိုဆန့်ကျင်ပြောဆိုကြသော်လည်း ကိုယ်တော်၏အစေအပါးသည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို ဆင်ခြင်အောက်မေ့လျက်နေပါမည်။
အမျက်ထွက်သော်လည်း အပြစ်မပြုကြနှင့်။ သင်တို့အိပ်ရာပေါ်တွင် သင်တို့စိတ်နှလုံး၌စဉ်းစားဆင်ခြင်လျက် တိတ်ဆိတ်စွာနေကြလော့။(စေလာ)
ထာဝရဘုရားက “အလုံးစုံကို ငါ့လက်ဖြင့်ဖန်ဆင်း၍ အလုံးစုံသည် ဖြစ်တည်လေပြီ။ စိတ်နှိမ့်ချသောသူ၊ နောင်တရသောသူ၊ ငါ့နှုတ်ထွက်စကားကြောင့် စိုးရိမ်ထိတ်လန့်သောသူကို ငါကြည့်ရှုမည်။
ဤသို့ဖြစ်ခြင်းမှာ သူတို့၏ပညတ်တရားကျမ်း၌ ‘ထိုသူတို့သည် အကြောင်းမဲ့ ငါ့ကိုမုန်းကြ၏’ဟု ရေးထားသောစကား ပြည့်စုံစေရန်ဖြစ်၏။
ဤသူကို ငါ့ရှေ့ခေါ်လာပြီး ရူးပြနေသည်မှာ အရူးကို ငါလိုအပ်နေ၍လော။ ဤသူသည် ငါ့နန်းတော်ထဲသို့ ဝင်သင့်ပါသလော”ဟု ဆိုလေ၏။
အကျွန်ုပ်၏သခင်၊ အဘယ်ကြောင့် သခင့်အစေအပါးနောက်သို့ လိုက်နေရပါသနည်း။ အကျွန်ုပ် မည်သို့ပြုမိပါသနည်း။ မည်သည့် အမှားပြုမိပါသနည်း။