Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 119:157 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

157 အကျွန်ုပ်​ကို လိုက်လံညှဉ်းဆဲ​သော​သူ​တို့​နှင့် အကျွန်ုပ်​၏​ရန်သူ​တို့​သည် များပြား​လှ​ပါ​၏​။ သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံ​တော်မူ​ချက်​တို့​မှ သွေဖည်​မ​သွား​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

157 ကွန်​တော်​မျိုး​အား​ရန်​ဘက်​ပြု​သူ​နှင့်​ဖိ​နှိပ်​ညှဉ်း​ဆဲ​သူ အ​မား​ပင်​ရှိ​ပါ​၏။ သို့​ရာ​တွင်​ကွန်​တော်​မျိုး​သည်​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​ရန်​မ​ပက်​ကွက်​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

157 ညှဉ်း ပန်း သူ နှင့် ရန် ဘက် ပြု သူ တို့ များ လှ သော် လည်း၊ သက် သေ ခံ တော် မူ ချက် များ မှ ကျွန်ုပ် မ လွှဲ မ တိမ်း ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

157 အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​နှင့် ရန်​ဘက်​ပြု​သော​သူ​တို့​သည် များ​ကြ​ပါ၏။ သို့​သော်​လည်း၊ အ​ကျွန်ုပ်​သည် သက်​သေ​ခံ​တော်​မူ​ချက်​တို့​မှ လွှဲ၍​မ​သွား​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 119:157
18 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်မတ်​သော​သူ​မူကား မိမိ​လမ်း​အတိုင်း တည်ကြည်​စွာ​လျှောက်လှမ်း​၍ လက်​စင်ကြယ်​သော​သူ​သည်​လည်း ပို၍​ပို၍​အားကြီး​လာ​လိမ့်မည်​။


ငါ​သည် ခြေတော်ရာ​အတိုင်း ထက်ကြပ်မကွာ​လိုက်​ပါ​၏​။ လမ်း​တော်​ကို​မ​လွှဲ​မ​ရှောင်​ဘဲ လိုက်လျှောက်​ပါ​၏​။


ဆိုးယုတ်​သော​သူ​တို့​သည် အကျွန်ုပ်​အတွက် ကျော့ကွင်း​ထောင်​ထား​ကြ​ပါ​၏​။ သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​များ​မှ လမ်းလွဲ​မ​သွား​ပါ​။


မာနထောင်လွှား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​လွန်စွာ​ပြက်ရယ်​ပြု​ကြ​သော်လည်း အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​မှ သွေဖည်​မ​သွား​ပါ​။


များစွာ​သော​နွားထီး​တို့​သည် အကျွန်ုပ်​ကို​ဝိုင်း​ထား​ကြ​ပြီး ဗာရှန်​နွားလား​တို့​သည် အကျွန်ုပ်​ကို​ဝိုင်းရံ​ထား​ကြ​ပါ​၏​။


အမှန်စင်စစ် ခွေး​များ​သည် အကျွန်ုပ်​ကို​ဝိုင်း​ထား​ကြ​ပြီး ဆိုးညစ်​သော​အမှု​ကို​ပြု​သော​လူတစ်စု​သည် အကျွန်ုပ်​ကို​ဝိုင်းရံ​ထား​ကြ​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​၏​ခြေ​နှင့်​အကျွန်ုပ်​၏​လက်​ကို ထိုးဖောက်​ကြ​ပါ​၏​။


အကျွန်ုပ်​၏​ရန်သူ​တို့​သည် မည်မျှ​များပြား​ကြ​သည်​ကို​လည်းကောင်း​၊ အကျွန်ုပ်​ကို မည်မျှ​ရက်စက်ကြမ်းကြုတ်​သော မုန်းတီးမှု​ဖြင့် မုန်းတီး​ကြ​သည်​ကို​လည်းကောင်း ကြည့်ရှု​တော်မူ​ပါ​။


ဤ​အရာ​အားလုံး အကျွန်ုပ်​တို့​အပေါ်​ကျရောက်​ခဲ့​သော်လည်း အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို​မ​မေ့လျော့​ခဲ့​ပါ​။ ကိုယ်တော်​၏​ပဋိညာဉ်​တော်​ကို​လည်း မ​ဖောက်ဖျက်​ခဲ့​ပါ​။


အကျွန်ုပ်​၏​ရန်သူ​တို့​သည် အကျွန်ုပ်​ကို တစ်နေ့လုံး​နင်းချေ​ကြ​ပါ​၏​။ အမှန်စင်စစ် များစွာ​သော​သူ​တို့​သည် ထောင်လွှား​သော​စိတ်​ဖြင့် အကျွန်ုပ်​ကို​တိုက်ခိုက်​ကြ​ပါ​၏​။


အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​ကို အကျွန်ုပ်​ခိုလှုံ​ပါ​၏​။ အကျွန်ုပ်​ကို​လိုက်လံညှဉ်းဆဲ​သော​သူ​အပေါင်း​တို့​၏​လက်​မှ အကျွန်ုပ်​ကို​ကယ်တင်​၍ အကျွန်ုပ်​ကို​လွတ်မြောက်​စေ​တော်မူ​ပါ​။


သူ​သည် အား​မ​လျော့​၊ စိတ်​မ​ပျက်​ဘဲ မြေကြီး​ပေါ်တွင် တရားမျှတမှု​ကို တည်​စေ​မည်​။ ကမ်းရိုးတန်းဒေသ​များ​သည် သူ​၏​တရားတော်​ကို မျှော်လင့်စောင့်စား​ကြ​လိမ့်မည်​။


ထို့နောက် လူ​တို့​သည် သင်​တို့​ကို​နှိပ်စက်​ရန် အပ်နှံ​၍ သင်​တို့​ကို သတ်ဖြတ်​ကြ​လိမ့်မည်။ သင်​တို့​သည် ငါ့​နာမ​ကြောင့် လူမျိုး​တကာ​တို့​၏​မုန်းတီး​ခြင်း​ကို ခံရ​ကြ​လိမ့်မည်။


ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သော​ယုဒ​သည် ရောက်လာ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​သက်ကြီးဝါကြီး​များ​က စေလွှတ်​လိုက်​သည့် များစွာ​သော​လူ​အစုအဝေး​တို့​သည်​လည်း တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် သူ​နှင့်အတူ​ပါ​လာ​၏။


အမှန်​ပင် ဟေရုဒ်​နှင့်​ပုန္တိ​ပိလတ်​တို့​သည် လူမျိုးခြား​မှစ၍ အစ္စရေး​လူမျိုး​တို့​နှင့်​ပေါင်းဖော်​ပြီး ကိုယ်တော်​ဘိသိက်​ပေး​တော်မူ​သည့် ကိုယ်တော်​၏​သန့်ရှင်း​သော​အမှုဆောင်​ယေရှု​ကို ဆန့်ကျင်​လျက် ဤ​မြို့​တွင်​စုဝေး​ကြ​ကာ


ထို့ကြောင့် ငါ​ချစ်​သော​ညီအစ်ကို​တို့၊ သခင်​ဘုရား​၌ သင်​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​သည် အချည်းနှီး​မ​ဖြစ်​ကြောင်း​သိမှတ်​၍ ခိုင်မြဲ​စွာ​ရပ်တည်​လျက် ဖောက်ပြန်​ရွေ့လျော​ခြင်း​မ​ရှိ​ဘဲ သခင်​ဘုရား​၏​အမှု​တော်​ကို အစဉ်အမြဲ စွမ်းစွမ်းတမံ​ဆောင်ရွက်​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ