ကိုယ်တော်သည် မိမိ၏သက်သေခံချက်တို့ကို ဖြောင့်မတ်ခြင်းနှင့်လည်းကောင်း၊ ကြီးမားသောသစ္စာနှင့်လည်းကောင်း ချမှတ်ထားတော်မူ၏။
ဆာလံ 119:160 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏နှုတ်ကပတ်တော်ရှိသမျှတို့သည် မှန်ကန်ပါ၏။ ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ထုံးဖွဲ့ချက် ရှိသမျှတို့သည်လည်း အစဉ်အမြဲတည်ပါ၏။ Common Language Bible ကိုယ်တော်ရှင့်တရားတော်၏အခက်အခာမှာ သစ္စာတရားပင်ဖြစ်ပါ၏။ ဖြောင့်မှန်သောစီရင်တော်မူခက်အပေါင်းတို့သည် ထာဝစဉ်တည်ပါ၏။ Garrad Bible နှုတ် က ပတ် တော်၏ အ ချုပ် အ ချာ ကား၊ သ စ္စာ ပေ တည်း။ ဖြောင့် မတ် သော ဆုံး ဖြတ် တော် မူ ချက် ရှိ သ မျှ လည်း၊ ကာ လ အ စဉ် တည် ပါ ၏။ Judson Bible နှုတ်ကပတ်တော်အလုံးစုံတို့သည် ဟုတ်မှန်ပါ၏။ တရားသဖြင့် စီရင်တော်မူချက်ရှိသမျှတို့သည် အစဉ်အမြဲ တည်ကြပါ၏။ |
ကိုယ်တော်သည် မိမိ၏သက်သေခံချက်တို့ကို ဖြောင့်မတ်ခြင်းနှင့်လည်းကောင်း၊ ကြီးမားသောသစ္စာနှင့်လည်းကောင်း ချမှတ်ထားတော်မူ၏။
ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် ထာဝရဖြောင့်မတ်ခြင်းဖြစ်ပါ၏။ ကိုယ်တော်၏တရားတော်သည်လည်း မှန်ကန်ပါ၏။
ကိုယ်တော်၏သက်သေခံချက်တို့သည် အစဉ်အမြဲဖြောင့်မတ်ကြပါ၏။ အကျွန်ုပ်အသက်ရှင်နိုင်ရန် အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။
ကိုယ်တော်သည် မိမိ၏သက်သေခံချက်တို့ကို အစဉ်အမြဲတည်စေတော်မူကြောင်း ထိုသက်သေခံချက်တို့အားဖြင့် ရှေးယခင်ကပင် အကျွန်ုပ်သိခဲ့ပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ဖြောင့်မတ်ကြောင်းကိုလည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို သစ္စာတော်နှင့်အညီ ဒုက္ခဝေဒနာခံစားစေတော်မူကြောင်းကိုလည်းကောင်း အကျွန်ုပ်သိပါ၏။
ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့သည် သစ္စာနှင့်ပြည့်စုံကြပါ၏။ ထိုသူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲကြသည်ဖြစ်၍ အကျွန်ုပ်ကို ကူညီမစတော်မူပါ။
ဘုရားသခင်၏မိန့်တော်မူချက်ရှိသမျှသည် ခိုင်လုံမှန်ကန်၏။ ကိုယ်တော်ကိုခိုလှုံသောသူတို့အတွက် ကိုယ်တော်သည် ဒိုင်းလွှားဖြစ်တော်မူ၏။
ဘုရားသခင်ပြုတော်မူသမျှအားလုံးသည် ထာဝရတည်ကြောင်းကိုလည်း ငါသိ၏။ ၎င်းအပေါ်၌ မည်သည့်အရာကိုမျှဖြည့်စွက်၍မရနိုင်သကဲ့သို့ ၎င်းအထဲမှ မည်သည့်အရာကိုမျှနုတ်ယူ၍မရနိုင်။ လူတို့သည် ရှေ့တော်၌ကြောက်ရွံ့ကြမည့်အကြောင်း ဘုရားသခင်သည် ထိုသို့ပြုတော်မူ၏။
သင်တို့အား ငါအမှန်ဆိုသည်ကား ကောင်းကင်နှင့်မြေကြီးမကွယ်ပျောက်မီတိုင်အောင်၊ အရာအားလုံးမပြည့်စုံမချင်း ပညတ်တရားကျမ်းထဲမှ အသေးဆုံးအက္ခရာ၊ သို့မဟုတ် ဗိန္ဒုတစ်လုံးမျှကွယ်ပျောက်လိမ့်မည်မဟုတ်။
ကျမ်းစာထဲ၌ရေးထားသမျှတို့သည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ဩဝါဒပေးခြင်းအတွက်လည်းကောင်း၊ အပြစ်ကိုဖော်ပြခြင်းအတွက်လည်းကောင်း၊ အမှားကိုပြုပြင်ခြင်းအတွက်လည်းကောင်း၊ ဖြောင့်မတ်ခြင်း၌ ဆုံးမပဲ့ပြင်ခြင်းအတွက်လည်းကောင်း အကျိုးကျေးဇူးရှိ၏။