အို ထာဝရဘုရား၊ ဘုရင်မင်းကြီးကို ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့ခေါ်သောအခါ အကျွန်ုပ်တို့ကိုထူးတော်မူပါ။
ဆာလံ 118:25 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကယ်တင်တော်မူပါ။ အို ထာဝရဘုရား၊ အောင်မြင်ခွင့်ပေးတော်မူပါ။ Common Language Bible အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားအောင်မြင်ခွင့်ကိုပေးတော် မူပါ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ ကယ် တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ ချမ်း သာ စေ တော် မူ ပါ။ Judson Bible အို ထာဝရဘုရား၊ ကယ်တင်တော်မူပါဟု တောင်းပန်ပါ၏။ အို ထာဝရဘုရား၊ ကောင်းချီးမင်္ဂလာကို ပေးတော်မူပါဟု တောင်းပန်ပါ၏။ |
အို ထာဝရဘုရား၊ ဘုရင်မင်းကြီးကို ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့ခေါ်သောအခါ အကျွန်ုပ်တို့ကိုထူးတော်မူပါ။
အကျွန်ုပ်ကို ခြင်္သေ့၏ခံတွင်းမှလည်းကောင်း၊ နွားရိုင်းတို့၏ဦးချိုမှလည်းကောင်း ကယ်တင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူပြီ။
အို ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။ အကြောင်းမူကား ရေသည် အကျွန်ုပ်၏လည်မျိုတိုင်အောင် ရောက်လာပါပြီ။
အို ထာဝရဘုရား၊ အကျွန်ုပ်မူကား နှစ်သက်ဖွယ်သောအချိန်၌ ကိုယ်တော့်ထံ ဆုတောင်းပါ၏။ အို ဘုရားသခင်၊ ကိုယ်တော်၏ကြီးမားသောမေတ္တာကရုဏာနှင့်အညီ ကိုယ်တော်၏ကယ်တင်ခြင်းနှင့်ဆိုင်သော သမ္မာတရားဖြင့် အကျွန်ုပ်ကိုထူးတော်မူပါ။
အကျွန်ုပ်၏အရှင် ဘုရားသခင်၏ ကျေးဇူးပြုတော်မူခြင်းသည် အကျွန်ုပ်တို့အပေါ် သက်ရောက်ပါစေသော။ အကျွန်ုပ်တို့၏လက်ဖြင့်ပြုသောအမှုတို့ကို အကျွန်ုပ်တို့အတွက် မြဲမြံစေတော်မူပါ။ ဟုတ်ပါ၏။ အကျွန်ုပ်တို့၏လက်ဖြင့် ပြုသောအမှုတို့ကို မြဲမြံစေတော်မူပါ။