ဆာလံ 118:24 - မြန်မာ့စံမီသမ္မာကျမ်း24 ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူသောနေ့ရက်ဖြစ်၏။ ဤနေ့ရက်၌ ငါတို့ရွှင်လန်း၍ ဝမ်းမြောက်ကြကုန်စို့။ အခန်းကိုကြည့်ပါ။Common Language Bible24 ဤနေ့ရက်သည်ထာဝရဘုရားအောင်ပွဲ ခံတော်မူသောနေ့ရက်ဖြစ်၍ ငါတို့သည်ဝမ်းမြောက်ရွှင်လန်းစွာကျင်းပ ကြကုန်အံ့။ အခန်းကိုကြည့်ပါ။Garrad Bible24 ထာ ဝ ရ ဘု ရား စီ ရင် တော် မူ သော ဤ နေ့ ရက် တွင် ဝမ်း မြောက် ရွှင် လန်း ကြ မည်။ အခန်းကိုကြည့်ပါ။Judson Bible24 ဤနေ့ရက်သည် ထာဝရဘုရား စီရင်တော်မူသောနေ့ရက်ဖြစ်၍၊ ယနေ့ ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့။ အခန်းကိုကြည့်ပါ။ |
ထို့နောက် နေဟမိက လူတို့အား “ချိုမြိန်သောစားကောင်းသောက်ဖွယ်တို့ကို သွား၍ စားသောက်ကြလော့။ စားသောက်စရာမရှိသူတို့အား ဝေငှပေးလော့။ ယနေ့သည် ငါတို့အရှင်သခင်အဖို့ သန့်ရှင်းသောနေ့ဖြစ်၍ ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှ ဝမ်းမြောက်ခြင်းသည် သင်တို့အဖို့ ခွန်အားဖြစ်၏”ဟု ဆို၏။
ရှစ်ရက်မြောက်သောနေ့တွင် လူတို့ကို ပြန်လွှတ်လိုက်ရာ သူတို့သည်လည်း ရှင်ဘုရင်ကိုကောင်းချီးပေးပြီး ထာဝရဘုရားက မိမိအစေအပါးဒါဝိဒ်နှင့် မိမိလူမျိုးတော်အစ္စရေးတို့အဖို့ ပြုတော်မူသောကောင်းကျိုးချမ်းသာအလုံးစုံကြောင့် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် မိမိတို့နေရပ်သို့ပြန်သွားကြ၏။