ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကိုလည်းပူဇော်၍ ရွှင်လန်းစွာကြွေးကြော်ခြင်းဖြင့် ကိုယ်တော်ပြုတော်မူသောအမှုတို့ကို ပြောကြားကြပါစေ။
ဆာလံ 118:17 - မြန်မာ့စံမီသမ္မာကျမ်း ငါမသေရသေးဘဲ အသက်ရှင်လျက် ထာဝရဘုရားပြုတော်မူသောအမှုတို့ကို ပြောကြားဦးမည်။ Common Language Bible ငါသည်မသေသေးဘဲအသက်ရှင်၍ထာဝရ ဘုရား ပြုတော်မူသောအမှုတော်ကိုဖော်ပြမည်။ Garrad Bible ငါ သည် မ သေ သေး ဘဲ အ သက် ရှင် လျက်၊ ထာ ဝ ရ ဘု ရား၏ အ မှု တော် များ ကို ကြော် ငြာ မည်။ Judson Bible ငါမသေရသေး။ အသက်ရှင်၍ ထာဝရဘုရား၏ အမှုတော်တို့ကို ကြားပြောရဦးမည်။ |
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကိုလည်းပူဇော်၍ ရွှင်လန်းစွာကြွေးကြော်ခြင်းဖြင့် ကိုယ်တော်ပြုတော်မူသောအမှုတို့ကို ပြောကြားကြပါစေ။
အကျွန်ုပ်၏နှုတ်ဖြင့် ကိုယ်တော်၏နှုတ်တော်ထွက် စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို ပြောကြားပါ၏။
မျိုးဆက်တစ်ဆက်သည် နောက်မျိုးဆက်တစ်ဆက်အား ကိုယ်တော်ပြုတော်မူသောအမှုတို့ကို ထောမနာပြုပြောဆိုပါလိမ့်မည်။ ကိုယ်တော်၏အစွမ်းတန်ခိုးတော်များ အကြောင်းကိုလည်း ပြောကြားပါလိမ့်မည်။
အကျွန်ုပ်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို အကျွန်ုပ်စိတ်နှလုံးထဲ၌ ဖုံးကွယ်မထားပါ။ ကိုယ်တော်၏သစ္စာတော်နှင့် ကိုယ်တော်၏ကယ်တင်ခြင်းအကြောင်းကို အကျွန်ုပ်ပြောကြားပါပြီ။ ကိုယ်တော်၏မေတ္တာကရုဏာနှင့် ကိုယ်တော်၏သမ္မာတရားကို လူအစုအဝေးကြီးအလယ်၌ အကျွန်ုပ်ထိမ်ဝှက်မထားပါ။
အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုတည်းဟူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများနှင့် အကျွန်ုပ်တို့အတွက် ကိုယ်တော်၏အကြံအစည်များသည် များပြားလှပါ၏။ ကိုယ်တော်နှင့်နှိုင်းယှဉ်ရမည့်သူမရှိပါ။ ထိုအမှုတို့ကို အကျွန်ုပ်ထုတ်ဖော်၍ပြောဆိုသောအခါ ရေတွက်မကုန်နိုင်အောင် များပြားလှပါ၏။
အကြောင်းမူကား သေလွန်သူတို့အလယ်တွင် ကိုယ်တော်ကိုအောက်မေ့ခြင်းမရှိပါ။ မရဏာနိုင်ငံတွင် ကိုယ်တော်ကိုမည်သူချီးမွမ်းပါမည်နည်း။
အကျွန်ုပ်အတွက်မူကား ဘုရားသခင်ထံတော်သို့ချဉ်းကပ်ခြင်းသည် ကောင်းမြတ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏အမှုတော်ရှိသမျှတို့ကို ပြောကြားရန် ဘုရားရှင်ထာဝရဘုရားကို အကျွန်ုပ်၏ခိုလှုံရာဖြစ်စေပါ၏။
ငါတို့ဖြောင့်မတ်ကြောင်း ထာဝရဘုရားပြသတော်မူပြီ။ လာကြ။ ငါတို့၏ဘုရားသခင်ထာဝရဘုရား ပြုတော်မူသောအမှုကို ဇိအုန်မြို့တွင် ပြောကြားကြစို့။
အို အကျွန်ုပ်၏သန့်ရှင်းသောဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ရှေးကာလကပင် တည်ရှိတော်မူသည် မဟုတ်လော။ အကျွန်ုပ်တို့ သေရမည်မဟုတ်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် ထိုသူတို့ကို တရားစီရင်ရန် ချမှတ်တော်မူပြီ။ အို ကျောက်ဆောင်၊ ကိုယ်တော်သည် သူတို့ကို ဆုံးမရန် စီရင်တော်မူပြီ။
ယေရှုသည် ထိုအကြောင်းကိုကြားလျှင်“ဤနာမကျန်းဖြစ်ခြင်းသည် သေခြင်းသို့ရောက်စေရန်အတွက်မဟုတ်ဘဲ ဘုရားသခင်၏ဘုန်းတော်အတွက်ဖြစ်ပြီး ဘုရားသခင်၏သားတော်သည် ထိုအခြင်းအရာအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိစေရန်အတွက်ဖြစ်၏”ဟု မိန့်တော်မူ၏။