ကိုယ်တော်၏အစေအပါးသည် အသက်ရှင်၍ ကိုယ်တော်၏နှုတ်ကပတ်တော်ကိုစောင့်ထိန်းနိုင်ရန် ကျေးဇူးပြုတော်မူပါ။
ဆာလံ 116:7 - မြန်မာ့စံမီသမ္မာကျမ်း အို ငါ၏စိတ်ဝိညာဉ်၊ သင်၏ငြိမ်ဝပ်ရာအရပ်သို့ပြန်လာလော့။ အကြောင်းမူကား ထာဝရဘုရားသည် သင့်ကိုကျေးဇူးပြုတော်မူပြီ။ Common Language Bible အို ငါ့စိတ်နှလုံး၊ထာဝရဘုရားသည် ငါ့အားကျေးဇူးပြုတော်မူပြီဖြစ်၍ ယုံကြည်စိတ်ချစွာနေလော့။ Garrad Bible အို ငါ့ အ သက် ဝိ ညာဉ်၊ ငြိမ်း ချမ်း ရာ သို့ ပြန် လော့။ ထာ ဝ ရ ဘု ရား သည် သင့် ကို ကြွယ် ဝ စွာ သ နား ၍၊ Judson Bible အိုငါ့ဝိညာဉ်၊ သင်၏ငြိမ်ဝပ်ရာသို့ ပြန်လော့။ ထာဝရဘုရားသည် သင်၌ကျေးဇူးပြုတော်မူပြီ။ |
ကိုယ်တော်၏အစေအပါးသည် အသက်ရှင်၍ ကိုယ်တော်၏နှုတ်ကပတ်တော်ကိုစောင့်ထိန်းနိုင်ရန် ကျေးဇူးပြုတော်မူပါ။
ထာဝရဘုရားသည် အကျွန်ုပ်ကို ကျေးဇူးပြုတော်မူသောကြောင့် အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ သီချင်းဆိုပါမည်။
ထို့ကြောင့် “သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု အမျက်တော်ဖြင့် ငါကျိန်ဆို၏။
ထာဝရဘုရားက “အို ငါ့အစေအပါးယာကုပ်၊ မကြောက်နှင့်။ အို အစ္စရေး၊ စိတ်မပျက်နှင့်။ သင့်ကို ဝေးသောအရပ်မှ၊ သင်၏အမျိုးအနွယ်ကို သုံ့ပန်းအဖြစ်နေရသောပြည်မှ ငါကယ်တင်မည်။ ယာကုပ်သည် ပြန်လာ၍ ခြိမ်းခြောက်မည့်သူမရှိဘဲ ငြိမ်းချမ်းသာယာစွာ နေရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “လမ်းများ၌ရပ်၍ ကြည့်ကြလော့။ ရှေးလမ်းဟောင်းကို ရှာဖွေလျက် ကောင်းသောလမ်းအဘယ်မှာရှိသနည်းဟု မေးမြန်း၍ ထိုလမ်းကိုလိုက်လျှင် သင်တို့၏စိတ်ဝိညာဉ် သက်သာရာရလိမ့်မည်။ သို့သော် သူတို့က ‘ထိုလမ်းသို့ ငါတို့မလိုက်’ဟု ဆိုကြ၏။
သူသည် သူ့ချစ်သူတို့နောက်သို့လိုက်သော်လည်း မီမည်မဟုတ်။ သူတို့ကိုရှာသော်လည်း တွေ့မည်မဟုတ်။ ထိုအခါ သူက ‘ယခင်ယောက်ျားထံ ပြန်သွားမည်၊ သူသည် အခြားသူတို့ထက် ပိုကောင်း၏’ဟု ဆိုလိမ့်မည်။