သို့သော် ငါ့နာမတော်တည်ရန် ဂျေရုဆလင်မြို့ကို ငါရွေးချယ်ခဲ့ပြီ။ ထိုနည်းတူ ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် ဒါဝိဒ်ကိုလည်း ငါရွေးချယ်ခဲ့ပြီ’ဟု မိန့်တော်မူခဲ့၏။
ဆာလံ 116:19 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏အိမ်တော်ဝင်း၌လည်းကောင်း၊ အို ဂျေရုဆလင်မြို့၊ သင်၏အလယ်၌လည်းကောင်း ငါပြည့်စုံစေမည်။ ဟာလေလုယ။ Garrad Bible လူ မျိုး တော် အ ပေါင်း တို့ ရှေ့၊ ထာ ဝ ရ ဘု ရား အား သ စ္စာ ဝတ် များ ကို ဖြေ ပါ မည်။ ဟာ လေ လု ယ။ Judson Bible အိုယေရုရှလင်မြို့၊ သင်၏အလယ်မှာ ထာဝရဘုရား၏ အိမ်တော်တံတိုင်းအတွင်းတွင်၊ ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေပါမည်။ ဟာလေလုယ။ |
သို့သော် ငါ့နာမတော်တည်ရန် ဂျေရုဆလင်မြို့ကို ငါရွေးချယ်ခဲ့ပြီ။ ထိုနည်းတူ ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် ဒါဝိဒ်ကိုလည်း ငါရွေးချယ်ခဲ့ပြီ’ဟု မိန့်တော်မူခဲ့၏။
ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ကိုယ်တော်၏တံခါးများထဲသို့လည်းကောင်း၊ ဂုဏ်တော်ချီးမွမ်းခြင်းဖြင့် ကိုယ်တော်၏အိမ်တော်ဝင်းထဲသို့လည်းကောင်း ဝင်ကြလော့။ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကို ကောင်းချီးထောမနာပြုကြလော့။
ထာဝရဘုရား၏အိမ်တော်၌လည်းကောင်း၊ ငါတို့ဘုရားသခင်၏အိမ်တော်တံတိုင်း၌လည်းကောင်း အမှုထမ်းကြသော ထာဝရဘုရား၏အစေအပါးတို့၊ ကိုယ်တော်ကိုချီးမွမ်းကြလော့။
ဟာလေလုယ။ သန့်ရှင်းရာဌာနတော်၌ ဘုရားသခင်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏တန်ခိုးတော်ထင်ရှားရာ မိုးမျက်နှာကြက်ပေါ်မှာ ကိုယ်တော်ကိုချီးမွမ်းကြလော့။
ထာဝရဘုရား၏နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု သိမှတ်ဝန်ခံကြလော့။ ပူဇော်သက္ကာကိုယူဆောင်လာ၍ ကိုယ်တော်၏တံတိုင်းတော်များအတွင်းသို့ ဝင်ကြလော့။