အို ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော့်အစေအပါးကိုထောက်ညှာ၍ ကိုယ်တော်အလိုရှိသည့်အတိုင်း ဤကြီးမြတ်သောအမှုအလုံးစုံတို့ကို ပြုပေးတော်မူပြီ။ ဤကြီးမြတ်သောအမှုအလုံးစုံတို့ကိုလည်း သိစေတော်မူပြီ။
ဆာလံ 116:16 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ အကယ်စင်စစ် အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါး၊ ကိုယ်တော့်ကျွန်မ၏သားဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ခံရသော အချည်အနှောင်များမှ ကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပြီ။ Common Language Bible အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အစေခံ ဖြစ်ပါ၏။ ကျွန်တော်မျိုး၏မိခင်နည်းတူကျွန်တော်မျိုး သည် ကိုယ်တော်ရှင်၏အစေကိုခံပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားသေ ဘေးမှ ကယ်တော်မူပါပြီ။ Garrad Bible ကိုယ် တော့် ကျွန် မ သား ဖြစ် သူ၊ ကျွန် တော် မျိုး ၏ အ ချည် အ နှောင် များ ကို ကိုယ် တော် ဖြည် တော် မူ ပါ ပြီ။ အို ထာ ဝ ရ ဘု ရား၊ Judson Bible အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်မှန်ပါ၏။ ကိုယ်တော်၏ကျွန်မတွင် မြင်သောသားလည်း မှန်ပါ၏။ အကျွန်ုပ်၌ အချည်အနှောင်ကို လွှတ်တော်မူပြီ။ |
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော့်အစေအပါးကိုထောက်ညှာ၍ ကိုယ်တော်အလိုရှိသည့်အတိုင်း ဤကြီးမြတ်သောအမှုအလုံးစုံတို့ကို ပြုပေးတော်မူပြီ။ ဤကြီးမြတ်သောအမှုအလုံးစုံတို့ကိုလည်း သိစေတော်မူပြီ။
အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပါ၏။ ကိုယ်တော်၏သက်သေခံချက်တို့ကို နားလည်နိုင်ရန် အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။
အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါး ဖြစ်သောကြောင့် ကိုယ်တော်၏မေတ္တာကရုဏာတော်အားဖြင့် အကျွန်ုပ်၏ရန်သူတို့ကို ဖယ်ရှားသုတ်သင်တော်မူပါ။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ရန်ဖက်ပြုသောသူအားလုံးကိုလည်း ဖျက်ဆီးတော်မူပါ။
အကျွန်ုပ်ဘက်သို့လှည့်၍ အကျွန်ုပ်ကိုသနားတော်မူပါ။ ကိုယ်တော်၏အစွမ်းသတ္တိကို ကိုယ်တော်၏အစေအပါးအား ပေး၍ ကိုယ်တော့်ကျွန်မ၏သားကို ကယ်တင်တော်မူပါ။
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။
မည်သူမဆို ငါ၏အမှုကိုဆောင်ရွက်မည်ဆိုလျှင် ထိုသူသည် ငါ့နောက်သို့လိုက်ရမည်။ ထိုအခါ ငါရှိရာအရပ်၌ ငါ၏အမှုဆောင်လည်းရှိလိမ့်မည်။ မည်သူမဆို ငါ၏အမှုကိုဆောင်ရွက်မည်ဆိုလျှင် ထိုသူကို ခမည်းတော်သည် ချီးမြှောက်တော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်ကိုပိုင်သတော်မူသည့် အကျွန်ုပ်ဝတ်ပြုသောဘုရားသခင်၏ကောင်းကင်တမန်သည် လွန်ခဲ့သောညက အကျွန်ုပ်အနီး၌ရပ်လျက်
သို့သော် ယခုအခါ သင်တို့သည် အပြစ်၏လက်မှလွတ်မြောက်ခွင့်ရ၍ ဘုရားသခင်၏ကျွန်ဖြစ်လာကြပြီး သန့်ရှင်းခြင်းသို့ရောက်စေသည့်အကျိုးကျေးဇူးကို ခံစားရကြ၏။ ၎င်း၏ရလဒ်မူကား ထာဝရအသက်ဖြစ်၏။
ဘုရားသခင်နှင့်သခင်ယေရှုခရစ်တော်၏ကျွန် ငါယာကုပ်သည် အရပ်ရပ်တို့၌ကွဲလွင့်ပျံ့နှံ့နေသော မျိုးနွယ်စုတစ်ဆယ့်နှစ်စုတို့အား နှုတ်ခွန်းဆက်သလိုက်ပါ၏။